![]() |
| ဓာတ်ပုံ – Myanmar Football Federation |
မြန်မာက ၄-၂-၃-၁ ပုံစံ ကစားကွက်အတိုင်း ပွဲထွက်လာပြီး ပွဲအစ ၂ မိနစ်မှာ လာအိုက မထင်မှတ်ဘဲ ဦးဆောင်ဂိုး သွင်းယူပါတယ်။ မြန်မာအတွက် ချေပဂိုးကို ၁၃ မိနစ်မှာ ဆမ်လန်မန်က လာအိုနောက်တန်းသမားတွေကြားထဲကနေ အနိမ့်ဘော ကန်သွင်းယူပါတယ်။
ချေပဂိုး ရပြီးနောက်ပိုင်း ကစားပုံ ကောင်းလာတဲ့ မြန်မာအသင်းဟာ လာအိုအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒုတိယဂိုးကို ၃၂ မိနစ်မှာ ကျော်ကိုကို၊ တတိယဂိုးကို အောင်သူက သွင်းယူပြီး အနိုင်ရ သွားပါတယ်။
မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပထမဆုံး အနိုင်ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မြန်မာအသင်း ကစားပုံက ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ သိသိသာသာ ကောင်းလာပေမယ့် အဆုံးသတ် သေချာဖို့ လိုနေသေးတယ်လို့ နည်းပြ အဗာရာမိုဗစ်ခ်ျက ပြောပါတယ်။
လောလောဆယ် မြန်မာအသင်းက အုပ်စု (ဂျီ)မှာ ၅ ပွဲကစား ၁ ပွဲနိုင်၊၁ ပွဲ သရေ၊ ၃ ပွဲရှုံး ရမှတ် ၄မှတ်နဲ့ အဆင့် ၄မှာ ရပ်တည်နေပါတယ်။
DVB





မှတ်ချက်များ