စံချိန်တင် လေလံဈေးဖြင့် လက်ဝတ်ရတနာ ရောင်းချ


ဟောင်ကောင်တွင် Sotheby’s လေလံကုမ္ပဏီက သဘာဝ မီးခိုးရောင် ပုလဲကုံးနှင့် ကတ်ရှ်မီးယားနီလာ လက်စွပ်တို့ကို စံချိန်တင် လေလံဈေးဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ရှားပါး သဘာဝ မီးခိုးရောင် ပုလဲလုံးများဖြင့် သီကုံးထားသော ပုလဲလည်ဆွဲကို ဟောင်ကောင် ဒေါ်လာ(၄၁)သန်း (ဒေါ်လာ ၅ ဒသမ ၃သန်း) ဖြင့် လေလံတင် ရောင်းချခဲ့ရသည်။ ကောင်ဒရီ ပုလဲလည်ဆွဲဟု လူသိများသည်။ ထိုပုလဲလည်ဆွဲကို ဗြိတိသျှ မှူးမတ်မျိုးနွယ် တစ်ဦးဖြစ်သော ကောင်ဒရီ မြို့စားကတော် လေဒီပီယာဆန်က ပိုင်ဆိုင်ခြင်း ဖြစ်သည်။ လေဒီပီယာဆန်သည် ရှားပါး အနုပညာလက်ရာ၊ ပရိဘောဂနှင့် လက်ဝတ်ရတနာ စုဆောင်းသူအဖြစ် နာမည်ကျော်သည်။

(၂၇ ဒသမ ၆၈) ကာရက် ရှိသော ကတ်ရှ်မီးယား နီလာကျောက်ကို စီန်စီထားသော လက်စွပ်ကို ဟောင်ကောင် ဒေါ်လာ(၅၂ ဒသမ ၂၈)သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ ကတ်ရှ်မီးယား၏ ရတနာဟု ထိုလက်စွပ်ကို နာမည်ပေးထားသည်။

ထိုရတနာပစ္စည်း နှစ်မျိုးစလုံးကို ဟောင်ကောင်မှ ရှားပါး လက်ဝတ်ရတနာ စုဆောင်းသူများက ၀ယ်ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။ ယခု ကောင်ဒရီ ပုလဲလည်ဆွဲကို လန်ဒန်တွင် ၂၀၁၂ ခုနှစ်က လေလံတင် ရောင်းချခဲ့ဖူးရာ ထိုစဉ်က ဒေါ်လာ (၃ ဒသမ ၃၅)သန်း ရရှိခဲ့သည်။ ထိုကောင်ဒရီ ပုလဲလည်ဆွဲကို ၁၉၃၇ ခုနှစ်က စတင်ပြီး အကြိမ်ကြိမ် လေလံပစ် ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

BBC

မှတ်ချက်များ