ရာဇဝတ်မှုတွေထူပြောနေတဲ့မြန်မာပြည်


အခုနောက်ပိုင်း အပြင်ကို တစ်ယောက်တည်း သိပ် မထွက်ရဲတော့ဘူး။ လုနေရင်းနဲ့ လူသတ်မိသွား တဲ့မှုခင်းမျိုးတွေ ခဏခဏဖြစ်နေတယ်။ ခေတ်ကြီးကပဲ ဆိုး လာလို့လား။ ဒုစရိုက်သမားတွေပဲ ပေါလာလို့လားတော့ မသိ ဘူး။ လုံခြုံမှုမရှိတော့ဘူး''ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဒေါ်သိန်းတင်က စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက် သည်။

ဒေါ်သိန်းတင်ကဲ့သို့ပင် ပြည်သူအများစုမှာလည်း လုံ ခြုံရေးအပြည့်အဝမရှိသည့် ဝေဒနာကို ခံစားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် လတ်တလောကြုံတွေ့နေရသည့် အဖြစ်အပျက်များအရ ရန်ကုန်၊ မန္တလေးကဲ့သို့သော လူစည် ကားသည့် တိုင်းဒေသကြီးများအတွင်းမှာပင် နေ့လယ်ခင်း အချိန်မျိုး၌ပင် ပေါ်ပေါ်ထင်ထင်ရိုက်နှက်မှု၊ လုယက်မှု၊ ခိုး ယူမှု၊ လူသတ်မှုများရှိနေသည်ကို မြင်တွေ့ကြားသိနေရသည်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ရန်ကုန်မြို့တွင် လူသတ် မှု ၁၆ မှုအပါအဝင် အမှုကြီးပေါင်း ၂၃ မှုအထိဖြစ်ပွားခဲ့ပါ သည်။ အဲဒီတစ်လတည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှုပေါင်း ၃ဝဝဝ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ပါသည်။

ယင်းဖြစ်စဉ်များမှာလည်း ယခင်ကထက် တိုးပွားလာ ခြင်းဖြစ်ကာ ပျမ်းမျှအနေနှင့် နှစ်ရက်လျှင်တစ်ကြိမ် လူသတ် မှုများဖြစ်ပွားနေသည်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။ ညဘက်ပိုင်းကာလများတွင်လည်း လုယက် မှုများ တိုးပွားလာသဖြင့် လူပြတ်သည့်လမ်းတချို့၌ သတိပြု သွားလာရန် မြို့နယ်တချို့၌ သတိပေးဆိုင်းဘုတ်များ တပ် ဆင်ထားသည်။

မြောက်ဥက္ကလာပမြို့နယ်တွင်း နေထိုင်သူ ဒေါ်ဟေ မာန်နှင်းကလည်း ''လက်ကိုင်ဖုန်းတွေ၊ ရွှေတွေပါရင် သတိ ထားပြီး သွားရတယ်။ ဆိုင်ကယ်ပေါ်ကနေလုသွားတာ၊ ဓား ထောက်လုတာ အမျိုးကို စုံနေတာပဲ။ လူသတ်မှုတွေကလဲ မကြားချင်မှအဆုံး။ ဘယ်နေရာမှာ သေသွားပြန်ပြီ။ ဘယ် နေရာမှာ သတ်လိုက်ပြန်ပြီ။ ဘယ်နေရာမှာ အမည်မသိအ လောင်း။ လုံခြုံမှုကိုမရှိတော့ဘူး။ ယောက်ျားလေးတွေဆိုရင် ပြန်ကာကွယ်နိုင်ပေမယ့် အားနည်းတဲ့ မိန်းကလေးတွေအ တွက်တော့ အန္တရာယ်တွေ တဖြည်းဖြည်းများလာတယ်''ဟု ပြောဆိုပြန်သည်။

ယင်းကဲ့သို့ လုယက်ယူခံရသူအများစုမှာ လမ်းသွားလမ်း လာများနှင့် မှောင်ရိပ်ကျသည့်နေရာများ၌ ချိန်းတွေ့သည့် စုံတွဲများဖြစ်ကြောင်းနှင့် လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာ ကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည်တို့၌ အဖြစ်များသည်ဟု ကမာရွတ်မြို့ နယ်မှူး ရဲမှူးဦးဇော်ဝင်းက ပြောပြသည်။

ဦးဇော်ဝင်းက ''ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်မောင်း ပြီး လမ်းလျှောက်လာတဲ့သူရဲ့ လက်ကိုင်အိတ်တွေ၊ ဆွဲကြိုး တွေ၊ ဟန်းဖုန်းတွေကို လုယူတာပါ၊ လုယူမှုတွေက တဖြည်း ဖြည်း တိုးပွားလာပါတယ်''ဟု ဆိုသည်။
လုယူမှုသည် တစ်လလျှင် အနည်းဆုံး လေးမှုခန့်ရှိပြီး အသက်၂ဝ ဝန်းကျင်ခန့် လူရွယ်များမှ ပြုလုပ်နေကြခြင်းဖြစ် သည်။

''ကျွန်မဆို ကိုယ်တွေ့ပါ။ ဖြစ်တာက ည ၈နာရီလောက် အဝေးပြေးအထွက် လမ်းမကြီးပေါ်မှာ လမ်းလျှောက်လာ တာ။ ရှေ့ကလာတဲ့ဆိုင်ကယ်က လမ်းပြောင်းပြန်မောင်းလာ ပြီး ကျွန်မအနားရောက်တော့ လည်ပင်းက ဆွဲကြိုးကိုဆွဲပြီး မောင်းပြေးတာပါပဲ''ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေါ်နှင်း ခိုင်က ယင်းကြုံတွေ့ခဲ့ရပုံကို သတိပြုဖွယ်ပြောဆိုသည်။

ပြည်သူ ၁၃၇၅ ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်နှုန်းဖြင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေရခြင်းဖြစ်ရာ မှုခင်းဖြစ် စဉ်တိုင်းအား အပြည့်အဝမထိန်းချုပ်နိုင်ခြင်းမှာလည်း အချက် တစ်ချက်အဖြစ် ပါဝင်လျက်ရှိသည်။ လက်ရှိအနေအထား အရ ရဲတပ်ရင်းများ၌သာ ရဲတပ်ဖွဲ့ဝင်များပြားနေပြီး စခန်း များ၌ ရဲတပ်ဖွဲ့ဝင်ဦးရေ နည်းပါးမှုများရှိနေသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအနှံ့ ရဲတပ်ရင်း ၃၁ခုရှိပြီး ဖွဲ့စည်းပုံအရ ၄၈ခုရှိရမည်ဟု ဥပဒေနှင့် တရားရေးရာကျွမ်းကျင်သူများ က ထောက်ပြသည်။

တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ''အခုက သူ တို့ နေပြည်တော်နေရာမျိုးမှာတောင် မထိန်းသိမ်းနိုင်ဘူး။ နေပြည်တော်မှာ ရဲစခန်းပေါင်းကို နည်းတာမဟုတ်ဘူး။ အ များကြီးပဲ။ ကျန်တဲ့နေရာမှာ ဘယ်လိုလုပ်မလဲ။ ပြီးတော့ သူ တို့ဆီမှာ အလင်းရောင်အပြည့်ရှိတယ်လေ။ ကျန်တဲ့နေရာ တွေမှာ အလင်းရောင် သူတို့လောက် ရတာလဲမဟုတ်ဘူး။ အပြည့်ရှိတဲ့ နေရာမျိုးမှာတောင်မှ ပြစ်မှုကျူးလွန်တာ ဖြစ် သွားတယ်ဆိုရင် ကျန်တဲ့မှောင်နေတဲ့နေရာမျိုးမှာ ပိုဆိုးတာ ပေါ့''ဟုဝေဖန်သည်။

အစိုးရသစ်လက်ထက် တပ်ဖွဲ့အင်အားတိုးချဲ့ရန် ကြိုး ပမ်းခဲ့သော်လည်း ရရှိသည့်လစာနည်းပါးခြင်း၊ ဘဝအာမခံ ချက်မရှိခြင်းနှင့် မျှတမှုမရှိသည့် ရဲစည်းကမ်းထိန်းသိမ်းခြင်း ဥပဒေများကြောင့် ရဲတပ်ဖွဲ့သို့ ဝင်ရောက်လိုသူမရှိသလောက် နည်းပါးခဲ့သည်။

လုယက်မှုများ၊ မသမာမှုများ တိုးလာသည့်အတွက် လျော့ကျသွားစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ရာတွင် ရန် ကုန်မြို့တွင်း၌ ညဘက်ပိုင်း လှည့်ကင်းများ၊ ပတ်ကင်းများ ချမှတ်ထားကာ လူစည်ကားရာနေရာများတွင်ပါ လုံခြုံရေး တိုးမြှင့်ချမှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ဒုတိယတိုင်းရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

ရဲတပ်ဖွဲ့ဝင် အင်အားနည်းပါးနေခြင်းကြောင့် လုံခြုံရေး ဆောင်ရွက်မှုတိုင်းတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်စေလို သည်ဟု ဦးဇော်ဝင်းက ဆိုသည်။

''အထူးသဖြင့် မှုခင်းဖြစ်ပွားရင် တရားခံရဲ့ ပုံသဏ္ဌာန် မှတ်ထားပေးတာတို့၊ ဆိုင်တွေအိမ်တွေမှာ စီစီတီဗွီကင်မရာ တပ်ထားပေးတာတို့၊ စစ်ဆေးရာမှာလဲ ကြည်ကြည်ဖြူဖြူ လက်ခံပေးတာတို့ ဒီလိုမျိုးတွေမှာ ပူးပေါင်းပါဝင်စေလိုတာ ပါ''ဟု ရှင်းပြသည်။

ပိုမိုဆိုးရွားလာသည်မှာ ခိုးဆိုးလုယက်၊ လူသတ်မှုများ အား လိုက်လံစုံစမ်းဖမ်းဆီးမှုများပြုလုပ်သည့် တာဝန်ရှိရဲ တပ်ဖွဲ့ဝင်များပင် အသတ်ခံရမှုများရှိလာခြင်းဖြစ်သည်။

မကြာသေးခင်က သန်လျင်မြို့နယ်တွင် တရားခံပြေး တစ်ဦးအား တည်းခိုခန်းအတွင်းသို့ ဝင်ရောက်ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး တိုက်ခိုက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ရဲတပ် ဖွဲ့ဝင်များတွင် ဝင်ရောက်ဖမ်းဆီးချိန်က လေးခွနှင့် နံပါတ် တုတ်သာ ပါရှိခဲ့သောကြောင့်သာ ဖြစ်သည့်အတွက် ထိုဖြစ် စဉ်အရ ရဲတပ်ဖွဲ့လိုအပ်ချက်များ ရှိနေသည်ဟု ထောက်ပြ ပြောဆိုကြသည်။

''ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာ အရင်ကတည်းက ရှိတယ်။ မသိကြတာ။ အထက်က ဖြေရှင်းပေးမှု အားနည်း တာ။ အခုမှ ထိထိရောက်ရောက် ဖြေရှင်းပေးတာ။ အရင် တုန်းက ရဲကိုကြိုးတုပ်ပြီးနှိပ်စက်တာ။ ဓားနဲ့ထိုးတာ။ ဖမ်း ဆီးတာတွေရှိခဲ့တယ်''ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ မန္တလေးတွင်လည်း မောင်းနှင်သည့် ဆိုင် ကယ်အား ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦးက စစ်ဆေးရာမှ လိုင်စင်မပါခြင်းမှအစပြုကာ ဆရာဝန်တစ်ဦးမှ ယင်းအား ဓားဖြင့်ထိုးသတ်မှုလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်ထိန်းရဲ အသတ်ခံရပြီးနောက် ယခင်က အမျိုးသမီးယာဉ်ထိန်းရဲမေများကိုသာ ကိုင်ဆောင်ခွင့်ပြုခဲ့ သည့် လက်ကိုင်ကျဉ်စက်များအား စက်တင်ဘာ ၂၅ ရက်မှ စတင်၍ တစ်နိုင်ငံလုံးနီးပါးရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ပါ ကိုင်ဆောင်ခွင့်ပြုခဲ့သည်။

''ရဲတွေကို ကျဉ်စက်သုံးခိုင်းတယ်ဆိုတာက ကျဉ်စက် သည် ဓာတုဗေဒလက်နက်၊ ဒီလက်နက်သည် ရဲလက်စွဲမှာ Police ဆိုတဲ့နေရာမှာ အသုံးပြုခွင့်ပေးထားသလား ပြန် ကြည့်ရမယ်။ ဓာတုဗေဒလက်နက်က အရင်တုန်းက ပြဋ္ဌာန်း ခဲ့တဲ့ Police ခေါ်ရဲလက်စွဲမှာ မပါဘူး။ နံပါတ်တုတ်ပဲ ပါ တာ။ နံပါတ်တုတ်တောင် ဘယ်လိုသုံးစွဲရမလဲဆိုတဲ့ ပြဋ္ဌာန်း ချက် ရှိတယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ရှင်းပြသည်။

ယခု ကျဉ်စက်အသုံးပြုစေခြင်းမှာ မိမိကိုယ်ကာကွယ် မှုအတွက်သာဖြစ်ပြီး အကယ်၍ ပြစ်မှုကျူးလွန်သူကို လိုအပ် သည်ထက် ပိုမိုအသုံးပြုမိပါက ဆိုးကျိုးများရှိလာနိုင်သဖြင့် နည်းလမ်းတကျ အသုံးပြုတတ်အောင် သင်ကြားပေးသင့် ကြောင်း ယင်းက အကြံပြုသည်။

''လျှပ်စစ်ဆိုတော့ မျက်စိလိုနေရာမျိုးသွားထိရင် ဘယ် လိုလုပ်မလဲ။ သူက နံပါတ်တုတ်ထက် ပိုပြီးတော့ အန္တရာယ် များတယ်။ လျှပ်စစ်နဲ့ထိမိခိုက်မိတဲ့နေရာသည် ဦးခေါင်းပိုင်း ဆိုရင် ဘယ်လိုဖြစ်မလဲ။ ပြီးတော့ အသည်းနှလုံးလိုနေရာ မျိုးကိုထိမိမယ်ဆိုရင် Side Effect တွေက အများကြီးရှိတယ်။ ကောင်းတဲ့ Side Effect မဟုတ်ဘူး''ဟု ဦးလှမျိုးမြင့်က ဆို သည်။

တာဝန်ထမ်းဆောင်နေစဉ် တစ်ဖက်လူမှ နှောင့်ယှက် ရန်ပြုမှုများပြုလုပ်လာချိန်မှ ကျဉ်စက်အား အသုံးပြုရမည် ဖြစ်ပြီး ကြွက်သားရှိသည့်နေရာများအပေါ်တွင်သာ အသုံး ပြုရမည်ဖြစ်သည်။ လက်ရှိတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အားအသုံးပြုခွင့်ပေးထားသည့် ကျဉ်စက်မှာ ကျဉ်စက်နှင့် လက်နှိပ်ဓာတ်မီး နှစ်မျိုးအသုံးပြုနိုင်သည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောဆိုထားသည်။

ဆိုးသွမ်းသူများသည် ညဘက်ပိုင်း ယာဉ်မောင်းများ၊ ယာဉ်စီးခရီးသည်များအား ရိုက်နှက်လုယက်ခြင်းများရှိကာ တချို့မှာ လူသတ်မှုမြောက်သည့်အဆင့်အထိပင် ရဲတင်းလာ ကြောင်း တက္ကစီယာဉ်မောင်းများက ပြောသည်။

''ညဘက်ပိုင်း တက္ကစီစီးရင် တော်တော်သတိထားရပါ တယ်။ မအိပ်သေးတဲ့ အသိမိတ်ဆွေ ဒါမှမဟုတ် မိသားစုကို ဖုန်းဆက်ပြီး ဘယ်ရောက်နေပြီ။ ကားက ဘာအရောင် နံ ပါတ်က ဘာဆိုပြီး ဖုန်းမကြာမကြာဆက်ပြီး ပြောရတယ်''ဟု ခရီးသွားတစ်ဦးဖြစ်သူ ဒေါ်သူဇာဝင်းကပြောသည်။

ခိုးဆိုးလုယက်လူသတ်မှုများမှာ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ဝရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် တစ် နိုင်ငံလုံးရှိ အကျဉ်းသား ၆၉ဝဝ ကျော်အား လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွှတ်ပေးပြီးနောက်ပိုင်း ပိုမိုတိုးပွားလာသည်ဟု ထင်မြင်မှုများရှိနေသည်။

''လွတ်ငြိမ်းချမ်းသာခွင့်လွှတ်တာနဲ့ ရာဇဝတ်မှုထူပြော တာနဲ့ ဒါကအပေါ်ယံပဲရှိနေတော့ ကောက်ချက်ဆွဲလို့ မရ ဘူးလေ။ သောင်းပေါင်းချီတဲ့ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တဲ့လူနဲ့ တစ်နိုင်ငံလုံးပြန်ပြီးကျူးလွန်တယ်ဆိုတာ ကြည့် လိုက်ရင် သာမန်အရေအတွက် ရာနှုန်းဘယ်လောက်ဆိုတာ အတိအကျ ဘယ်သူက ပြောနိုင်မလဲ''ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သုံး သပ်ပြောဆိုသည်။

ဆက်လက်၍ ဦးသိန်းညွန့်က ''လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ နိုင်ငံရေးအကျဉ်းသမားတွေထက် မှားယွင်းတဲ့ တရား စီရင်ရေးစနစ်အောက်မှာ ပြစ်ဒဏ်ခံနေကြတဲ့ နိုင်ငံသားတော် တော်များများ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ၊ အမျိုးသားပြန်လည်သင့်မြတ် ရေးက မူအရတော့ လိုအပ်ပါတယ်။ သို့သော်လဲ ပြတင်း ပေါက်တစ်ခုဖွင့်လိုက်တဲ့အခါမှာ လေကောင်းလေသန့်တွေ ရသလို ခြင်တွေ၊ ယင်တွေလဲ ဝင်လာတာရှိမှာပေါ့''ဟု ပြော သည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာ သူများကို ရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိနေ သည်။ ပြစ်ဒဏ်သက်တမ်းစေ့ခြင်းမရှိဘဲ လွှတ်ပေးသည့် အ ကျဉ်းသားများအနေဖြင့် ပြင်ပတွင် ကောင်းမွန်စွာနေထိုင်မည် ဆိုသည့်အကြောင်းနှင့် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ကျန် ရှိသည့် ပြစ်ဒဏ်ပါ ပြန်လည်ကျခံရမည်ဆိုသည်ကို မလွတ် မြောက်မီ လက်မှတ်ထိုးထားရကြောင်း သိရသည်။

ဦးလှမျိုးမြင့်က ''အဓိကကတော့ ဆိုးသွမ်းတဲ့သူတွေကို ထောင်ကနေ လွှတ်လိုက်တယ်။ ရဲမှတ်တမ်းမှာ အရင်တုန်း က ဆိုးသွမ်းသူတွေရဲ့ History ဆိုတာထားရတယ်။ ရဲစခန်း တွေမှာ ပြစ်မှုကျူးလွန်သူရဲ့အကြောင်း ပြစ်ဒဏ်ကျဖူးတယ် ဆိုတဲ့အကြောင်းတွေကို မှတ်တမ်းထားရတယ်။ မှတ်တမ်း ထားခဲ့လို့ရှိရင် ဒီလူတွေက ဘယ်နေရာမှာနေတယ်၊ နေတတ် တဲ့နေရာတွေကို သိရတယ်။ သူတို့ကို အမြဲတမ်း နယ်ထိန်း တွေက စောင့်ကြည့်ရမယ်။ ဒီလိုသာလျှင် ထိန်းချုပ်လို့ရမယ်။ အခုက အဲဒီလို အကြမ်းသတ်မှတ်ထားတာ မရှိတော့တဲ့အ တွက် ဘယ်သူဟာ ဘယ်နေရာမှာနေပြီးတော့ ဘယ်လိုရာဇ ဝတ်မှု ကျူးလွန်တယ်ဆိုတာကိုမသိကြတော့ဘူး''ဟု ဝေဖန် ထားသည်။

မည်သို့ပင်ဆိုစေကာမူ ရာဇဝတ်မှုများ ထူပြောလာရ ခြင်းမှာ စီးပွားရေး၊ လူမှုရေး၊ စသည်ဖြင့် မည်သည့်အချက် ကြောင့်ဖြစ်သည်ကို လေ့လာသိရှိနိုင်ရန် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စား လှယ်များက သုံးသပ်ပြောဆိုသည်။

''ရာဇဝတ်မှုထူပြောတာတွေကို သေသေချာချာ လေ့ လာစုံစမ်းတဲ့ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ လူမှုရေး သမားများပါတဲ့ ကော်မရှင်ဖွဲ့စည်းဖို့ ကျွန်တော်လွှတ်တော် မှာ ကြယ်ပွင့်ပြမေးခွန်း မေးခဲ့တာပဲ။ အဲဒီလိုလုပ်မှသာလျှင် အခုဖြစ်ပျက်နေတဲ့ ရာဇဝတ်မှု ထူပြောနေတယ်ဆိုတာ ဘာ ကြောင့်လဲ သိရမှာပေါ့။ အပေါ်ယံ တစ်ကြောင်းဆွဲစွပ်စွဲချက် တွေနဲ့ အချက်အလက်အပေါ်မှာအခြေမခံဘဲ ပြောခြင်းအား ဖြင့် အကျိုးမရှိဘူးလို့ထင်တယ်။ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးနိုင်ရင် အကောင်းဆုံးပါပဲ''ဟု ဦးသိန်းညွန့်က ထောက် ပြထားသည်။

ယခုခေတ် နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ အရင်း ရှင်စီးပွားရေးစနစ်ဆန်ဆန် ဖြစ်လျက်ရှိရာ အရင်းရှင်များသာ လျှင် ချမ်းသာပြည့်စုံမှုရှိပြီး အခြေခံလူတန်းစားများအတွက် မူ ဆင်းရဲတွင်း ပိုမိုနက်လာခြင်းမှာလည်း ရာဇဝတ်မှုများ အတွက် အထောက်အပံ့တစ်ရပ်လိုဖြစ်နေသည်ဟု ဦးလှမျိုး မြင့်က သုံးသပ်ပြန်သည်။

ယင်းက ''ဆင်းရဲချမ်းသာကွာဟမှု ကြီးမားသွားတဲ့အ တွက်ကြောင့်ဖြစ်တာလို့ ပြောလို့ရတယ်။ လက်လုပ်လက် စားပြည်သူတွေမှာ အမြဲတမ်း ငတ်နေတယ်။ ပိုပြီး ဆင်းရဲ သွားတယ်။ ဒီလိုဆင်းရဲသွားတဲ့အတွက်ကြောင့် ပြည်သူတွေ ဟာ မိမိတို့ရဲ့ စားဝတ်နေရေးအတွက်ကို နေ့ရော၊ ညရော မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ လုပ်ရတဲ့အချိန်မှာ အမျိုးသမီးလေးတွေ၊ အထူးသဖြင့် လူငယ်လေးတွေရဲ့ဘဝ လုံခြုံမှုဟာ နည်းသွားတယ်။ အဲဒါကို မသမာတဲ့သူတွေက အခွင့်ကောင်းယူပြီးတော့ ဒီအပေါ်မှာ လုယက်မှုတို့၊ အဓမ္မ ပြုကျင့်မှုတို့၊ သတ်မှုတို့ အများကြီးဖြစ်ပွားလာတယ်။ အဲဒါက အခြေခံပဲ''ဟု ပြောကြားသည်။

အချုပ်အားဖြင့်ဆိုရသော် အစိုးရမှ ဖွဲ့စည်းထားသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံ ရေးအင်အား အပြည့်အဝပေးမထားနိုင်သဖြင့် မိမိတို့တာဝန် ယူရသော သက်ဆိုင်ရာမြို့နယ်တစ်ခုလုံးကို ကာကွယ်စောင့် ရှောက်နိုင်သည့် အင်အားမရှိသောကြောင့် ပြည်သူများ၏ဘဝ ဘေးကင်းလုံခြုံရေးကို ပြည်သူများကိုယ်တိုင် ဆောင် ရွက်ရမည့် အနေအထားဖြစ်နေသည်။

''ကိုယ့်လုံခြုံရေး ကိုယ်ယူရသလို ဖြစ်နေတယ်။ ကိုယ့် လမ်းထဲမှာ ကိုယ့်ရပ်ကွက်မှာ ဘယ်သူဆိုးသွမ်းသလဲ။ ဘယ် သူက ဘယ်လိုရှိတယ်ဆိုတာ ကိုယ်တိုင်သိရမယ်။ ပြီးရင် အဲဒီ လူရဲ့အခြေအနေကို စောင့်ကြည့်ရမယ်။ ပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့အစည်းတွေကိုချည်းပဲ အားမကိုးဘဲနဲ့ Civil Society ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ ထွန်းကားလာအောင်လုပ်နိုင်မှ ရာဇဝတ်မှုတွေ လျော့နည်း သွားနိုင်မယ်။ လူကြီးတွေကနေပြီးတော့ Guide Line လုပ် မယ်၊ လူငယ်တွေဖွဲ့မယ်၊ ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ မောင် နှမ သားသမီး၊ သမီးပျိုတွေ၊ ကလေးတွေ ဘယ်လိုကာကွယ် မယ်။ အဲဒါမျိုးတွေကို ကာကွယ်ဖို့အတွက်ကို ကိုယ့်မိသားစု ကို ကိုယ်ကာကွယ်ပါ။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ကို ကာကွယ် ပါ။ ပြီးတော့ ကိုယ့်မြို့နယ်ကို ကာကွယ်ပါ။ အဲဒီလိုမှ နိုင်ငံ တစ်ခုလုံးကို ကာကွယ်နိုင်ပါမယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က တိုက်တွန်းပြောကြားသည်။

အာကာထက် ၊ ဖြူသစ်လွင် / Yangon Media Group

မှတ်ချက်များ