ဖိလစ်ပိုင်တွင် ထောင်မီးလောင်၊ အကျဉ်းသား ၁၀ ဦးသေ (ရုပ်သံ)


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း လေးတေခရိုင်က ပီနယ် ကိုလိုနီ အကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၁၀ ဦး သေဆုံးတယ်လို့ အရာရှိတွေက အောက်တိုဘာ ၉ ရက်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူအကြပ်ဆုံးထောင်တခုဖြစ်တဲ့ ဒီထောင်မီးလောင်မှုဟာ ဖိလစ်ပိုင်ရဲ့ ယိုယွင်းနေတဲ့ ထောင်စနစ်ကို မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံတကာ ထောင်လေ့လာရေး ဌာနက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ လျှပ်စစ်ဝါယာလျှော့ကနေတဆင့် လောင်ကျွမ်းတာလို့ မီးသတ်အရာရှိ အဲရစ်ဘာဆယ်လိုကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

တခြား ထောင်သား ၁၂ ဦးနဲ့အတူနေထိုင်တဲ့ အကျဉ်းသားတွေနေတဲ့ အခန်းထဲမှာ သေဆုံးသူ ၅ ဦးကို တွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

၂ နာရီကျော် မီးလောင်အပြီးမှာတော့ မီးကို ထိန်းချုပ်နိုင်ပြီလို့ မီးသတ်သမားတွေက ကြေညာပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံရတဲ့ အကျဉ်းသား ၁၂၀၀ ယာယီ ခိုလှုံဖို့အတွက် နေရာကို တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။

DVB


မှတ်ချက်များ