တရုတ်ပြည် တောင်ပေါ်ဖန်သားလျှောက်လမ်း အက်ကွဲမှုမှ ကမ္ဘာလှည့် ခရီးသည်များ လွတ်မြောက်
မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့တဲ့ ပေ ၃၅၄၀ အမြင့်ရှိကျောက်ဆောင်ထက်မှ ဖန်သားလျှောက်လမ်းပေါ်မှာ ခရီးသည်တစ်ခုရှိ ကော်ဖီမတ်ခွက် ပြုတ်ကျအက်ကွဲခဲ့တဲ့ အတွက် လာရောက်လည်ပတ်သူတွေ မြေကြီးပေါ်သို့ အပြေးအလွှားဆင်းပြေးခဲ့ကြရပါသတဲ့။
Henan စီရင်စုရှိ Yuntai တောင်ပေါ်လျှောက်လှမ်းကို စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပေမယ့် တနင်္လာနေ့က လာရောက်လည်ပတ်သူ ခရီးသည်ရဲ့ စတီးမတ်ခွက် ပြုတ်ကျခဲ့တာကြောင့် လျှောက်လမ်းပေါ်ရှိ ဖန်သားအလွှာသုံးလွှာမှာ တစ်လွှာထိခိုက်ပျက်စီးခဲ့ကာ ပြန်လည်ပြုပြင်ဖို့အတွက် အခု ပိတ်ထားလိုက်ပြီဖြစ်ကြောင့် Yuntai Mountain Scenic Spot က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လူမှုကွန်ယက်ဖြစ်တဲ့ Weibo မှ မျက်မြင်တွေ့ရှိသူတွေ အဆိုအရ ပျက်စီးမှုက တရားဝင်ဖော်ပြတာထက် ပိုမိုပြင်းထန်တယ်လို့ဆိုပါတယ်။ ဖန်သားအလွှာတစ်ခုလုံးနီးပါး အက်ကွဲခဲ့တာပါတဲ့။
ဖန်ကွဲစတွေကြောင့် ခရီးသည်တွေဟာ လျှောက်လမ်းပေါ်က လွတ်မြောက်အောင် အော်ဟစ်ပြေးလွှားခဲ့ကြပေမယ့် မတော်တဆမှုကြောင့် ဧည့်သည်တွေ ထိခိုက်မှုမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ကျန်ရှိတဲ့ ဖန်သား၂ လွှာဟာ ဧည့်သည်တွေရဲ့အလေးချိန်ကို ခံနိုင်ရည်အပြည့်ရှိတယ်လို့ သူတို့ကဆိုထားပါသေးတယ်။
Michelle - သစ်ထူးလွင်
Ref : UPI

မှတ်ချက်များ