![]() |
| သေဆုံးသူ ဦးကံဆက်။ ဓါတ်ပုံ - The Voice of Shan-Ni |
![]() |
| သေဆုံးသူ ဦးထွန်းလွင်။ ဓါတ်ပုံ - The Voice of Shan-Ni |
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်က ဦးထွန်းလွင်၏ နေအိမ် အပေါ်ထပ်၌ ၎င်းနှင့်အတူ ညီဝမ်းကွဲတော်စပ်သူ သန့်ဇင်ဦး(၂၂ နှစ်) နှင့် ဖားကန့်မြို့နယ် မော်လကင်းကျေးရွာနေ ကိုမောင်ငယ်(ခ) သန်းလင်းထိုက် (၃၂ နှစ်)တို့သည် ကျောက် အရောင်း အဝယ် ကိစ္စ စကားပြောနေစဉ် အသက် (၂၃ နှစ်)အရွယ်ခန့်ရှိ အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိ လာကာ တစ်ဦးက နေအိမ်ပေါ်သို့တက်လာပြီးနောက် ၁ဝ မိနစ်ခန့်အကြာတွင် အိမ်ပေါ်တက်လာသူ အမျိုးသားက အသင့်ပါလာသည့် သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဦးထွန်းလွင် ဒဏ်ရာများ ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။
အလားတူ အောက်တိုဘာ ၆ ရက် ည ၉ နာရီ ၄၅ မိနစ်က ကချင်ပြည်နယ် ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ သေနတ်ဒဏ်ရာဖြင့် အလောင်းတစ်လောင်း ရောက်ရှိလာသဖြင့် ဖားကန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာ ဖားကန့် မြို့နယ် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ရပ်ကွက်(၂)နေ ဦးကံဆက် (၄၆ နှစ်)သည် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ဦးကံဆက်နှင့် ဇနီးဖြစ်သူ ဒေါ်ဆိုင်းဘူ(၄ဝ နှစ်)တို့ နှစ်ဦးသည် ယင်းနေ့ညနေ ၆ နာရီ ၁ဝ မိနစ်က ယာဉ်အမှတ် 5E/---- SURF အနက်ရောင် ယာဉ်ဖြင့် နေအိမ်မှ ဖားကန့်မြို့နယ် ဂျာကန်ကျေးရွာရှိ မဏိရတနာသိဒ္ဓိ ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ဘုန်းကြီးကျောင်း အနီးသို့ အရောက် ဆိုင်ကယ်(စိစစ်ဆဲ)တစ်စီးနှင့် (၂၅ နှစ်)အရွယ်ခန့်ရှိ အမျိုးသားနှစ်ဦးက ၄င်းတို့၏ ယာဉ်ကိုရပ်တန့်စေပြီး အသင့်ပါလာသည့် ပစ္စတိုသေနတ်ဖြင့် ဦးကံဆက်အား တစ်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖားကန့် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိ ရသည်။ (သတင်းစဉ်)
Myanmaalinn


မှတ်ချက်များ