ပိန်စေဖို့ အစာအိမ်ခွဲစိတ်သူများ သေကြောင်းကြံစည်မှု အန္တရာယ်ပိုများနေ
Gastric bypass လို့ခေါ်တဲ့ အစာအိမ်ခွဲစိတ်မှု ပြုခဲ့တဲ့ လူနာတွေဟာ ခွဲစိတ်မှုပြုပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ် အနာတရဖြစ်စေတဲ့ အန္တရာယ်ပိုများလာတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ Gastric bypass ဆိုတာကတော့ အစာအိမ်နဲ့ အူတွေရဲ့ ၀င်ဆံ့မှုပမာဏကိုချုံ့ပြီး အစာအိမ်ကိုသေးစေတာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေက ဒီလိုခွဲစိတ်မှုမျိုးကို ပြုလုပ်ကြပါတယ်။
ပေါမောက္ခ Junaid Bhatti ဦးဆောင်တဲ့ သုတေသီတွေဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ Sunnybrook သုတေသနတက္ကသိုလ်ကနေ အမျိုးသမီးဦးရေပေါင်း ၈၈၁၄ ပါဝင်တဲ့ အုပ်စုတစ်စုကို လေ့လာမှုတွေပြုခဲ့ပါတယ်။ အစာအိမ်ခွဲစိတ်မှုပြုခဲ့တဲ့ ၄င်းအမျိုးသမီးလူနာတွေဟာ ခွဲစိတ်မှုပြုပြီး ၃ ဒဿမ ၆၃နှစ်ကြာမြင့်တဲ့အခါမှာ လူနာတစ်ထောင်လျှင် ကိုယ့်ကိုကိုယ်အနာတရဖြစ်စေသူပမာဏဟာ ၂ ဒဿမ ၃၃ရာခိုင်နှုန်းမြင့်တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။
ခွဲစိတ်မှုပြုပြီးနောက် ကိုယ့်ကိုကိုယ်အနာတရဖြစ်စေခဲ့သူတွေထဲမှာ ကျေးလက်နေ၊ ၀င်ငွေနည်းတဲ့ အသက် ၃၅နှစ်ကျော် အမျိုးသမီးတွေလူနာတွေက အများဆုံးတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Gastric bypass ခွဲစိတ်မှုပြုခဲ့သူတွေဟာ သာမန်လူထုနဲ့ယှဉ်ရင် သေကြောင်းကြံစည်မှုနှုန်း ၄ဆကျော်မြင့်တက်နေတာပါ။ ဒါကြောင့် ဒီလူနာတွေကို အနီးကပ်စောင့်ကြည့်စစ်ဆေးမှုတွေပြုစေဖို့ တွန်းအားဖြစ်စေခဲ့တာပါလို့ မီချီဂန်တက္ကသိုလ်မှ ပါမောက္ခ Carol Lindsay-Westphal ကပြောပါတယ်။ ပိန်စေဖို့အတွက် အစာအိမ်ခွဲစိတ်မှုဟာ သာမန်မဟုတ်တော့တာတော့ သေချာပါတယ်။ တတ်နိုင်သလောက် ကုသဖို့ကိုလည်း ပေါမောက္ခဆရာဝန်တွေက ကြိုးစားဆောင်ရွက်နေပါတယ်။
ခွဲစိတ်မှုပြုပြီးတဲ့ကာလမှာ ဘာလို့များ ကိုယ့်ကိုကိုယ် အနာတရဖြစ်စေတဲ့ အပြုအမူတွေများလာလဲဆိုတာကို နားလည်ဖို့အတွက် ပိုအားထုတ်ဖို့လိုလာပြီဆိုတာ ဒီရှာဖွေတွေ့ရှိမှုတွေက ဖော်ပြနေပါတယ်။ ဒီအန္တရာယ်တွေကို ဘယ်လိုတားဆီးနိုင်မယ်ဆိုတာကိုလည်း နားလည်အောင်လုပ်ရမှာပါ လို့ သုတေသီတွေက နိဂုံးချုပ်ပြောသွားပါတယ်။
Skyler - သစ်ထူးလွင်
Ref:MEDPAGE TODAY

မှတ်ချက်များ