တယ်လီနောငွေဖြည့်ကတ်များကို အငှားယာဉ်များတွင် ၀ယ်ယူနိုင်မည်


တယ်လီနောဖုန်းများအတွက် ဖုန်းငွေဖြည့်ခြင်း ကို အငှားယာဉ်များပေါ်တွင် e-load ဘောက်ချာ များဖြင့် ငွေဖြည့်နိုင်ရန် တယ်လီနောက အောက်တိုဘာ ၈ ရက်မှ စတင်ဆောင်ရွက်ထားပြီး ဆက်လက်၍ ယာဉ်အစီး လေးထောင်အထိတိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ဖြန့်ချိရေးကွန်ရက်က အလျင် အမြန်ကြီးထွားနေပြီး အခုဆိုရင် ဖြန့်ချိသူ ၁၁၄ ဦး ရှိပါတယ်။ အရောင်းဆိုင်နေရာတွေကတော့ ၅ဝဝဝဝ ကျော်နေပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး မှာ သွက်လက်လှုပ်ရှားနေတဲ့ မြို့ပြလူနေမှုပုံစံကို ပြည့်စုံစေမယ့် ရွေ့လျားအရောင်းဆိုင်တွေဖြစ် သွားအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်''ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

ဤမော်တော်ယာဉ်များတွင် အငှားယာဉ်များ၊ လိုက်ထရပ်များ၊ သုံးဘီးဆိုင်ကယ်(တုတ်တုတ်)များ ပါဝင်ပြီး ယင်းယာဉ်များတွင် မိုဘိုင်းဖုန်းများအတွက် e-load ဘောက်ချာများဖြင့် ငွေဖြည့်ပေးနိုင်ရန် တပ်ဆင်ပေးထားမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် အခြားနိုင်ငံတစ်ဝန်းတွင် စတင်မည်ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစွာဖြင့် နေရာတိုင်းတွင် ငွေဖြည့်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံ တစ်ဝန်းရှိ တယ်လီနော၏ လက်ရှိအရောင်းဆိုင် ၅ဝဝဝဝ ကျော်အပြင် မော်တော်ယာဉ်အရောင်းဆိုင်များကိုပါ ထပ်မံတိုးချဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ပထမအဆင့်အနေဖြင့် ရန်ကုန်တွင် တက္ကစီ ၃ဝဝ ဖြင့် စတင်မည်ဖြစ်ပြီး အဆိုပါအငှားယာဉ် များပေါ်တွင် ငွေဖြည့်နိုင်မည်ဖြစ်ကြောင်း၊ နောက် ပိုင်းတွင် ယာဉ်အစီးရေ ၄ဝဝဝ အထိ တိုးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

သွန်းဝဿန်
Myanmaalinn

မှတ်ချက်များ