ပြင်သစ်လက်လီအရောင်းကုမ္ပဏီကိုတရားစွဲတဲ့ ဘီယွန်စေးမောင်နှံ
အမေရိကန်အဆို တော် သီချင်းရေးစပ်သူနဲ့ ရုပ်ရှင်မင်းသမီး ဘီယွန်စေးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ဂျေဇက် ဟာ သူတို့ရဲ့နာမည်၊ သီချင်းတွေနဲ့ မျက် နှာပုံတွေကိုခွင့်ပြုချက်မတောင်းဘဲ အသုံး ပြုခဲ့တဲ့ပြင်သစ်လက်လီအရောင်းကုမ္ပဏီ 'Eleven Paris' ကို တရားစွဲဆိုလိုက်ပါ တယ်။
အနုပညာအင်အားကြီးသူတို့ ဇနီးမောင်နှံဟာ တခြားဂီတမီဂါစတားတွေ ဖြစ်တဲ့ ကိန်းဝက်စ်၊ ဖာရယ်ဝီလျံနဲ့ ရီဟန်း နားတို့နဲ့အတူ အုပ်စုတစ်စုဖွဲ့ပြီး ရှပ်အင်္ကျီ၊ ဦးထုပ်နဲ့ ဖုန်းအိတ်တွေရောင်းချနေတဲ့ ဖက်ရှင်ကုမ္ပဏီကို တရားဝင်ကန့်ကွက်စာ တင်အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ဂီတအုပ် စုဟာ သူတို့ရဲ့ကြိုတင်သတိပေးမှုကိုမ လိုက်နာခဲ့တဲ့အမေရိကန်နိုင်ငံ၊ မန်ဟက် တန်၊ ဆိုဟိုမြို့နယ်မှာ စတိုးဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားတဲ့ 'Eleven Paris' ကုမ္ပဏီ ကို နယူးယောက်ပြည်ထောင်စုတရားရုံး မှာ အောက်တိုဘာ၅ရက် အင်္ဂါနေ့က အမှုဖွင့်ခဲ့ပါတယ်။
အသက်၃၄နှစ်အရွယ် ဘီယွန် စေးရဲ့နာမည်ရင်းက ဘီယွန်စေးဂစ်ဆယ် လီနိုးကာတာဖြစ်ပြီး သူဟာ ရက်ပါအဆို တော်ဂျေဇက်နဲ့ ၂ဝဝ၈ခုနှစ်က လက်ထပ် ခဲ့ပြီး ဘလူး၊ အိုင်ဗီနဲ့ ကာတာဆိုတဲ့ရင် သွေးသုံးဦးရရှိထားပါတယ်။
Yangon Media Group

မှတ်ချက်များ