တရုတ်နိုင်ငံက အသက်ပြင်းတဲ့ငါး
တရုတ်နိုင်ငံ Yuexiu ဒေသရှိစားသောက်ဆိုင်တစ်ဆိုင်မှာ ငါး တစ်ကောင်ကြောင့် လာရောက်စားသုံး တဲ့သူတွေအထိတ်တလန့်ဖြစ်စေခဲ့ရတယ် လို့ သိရပါတယ်။ အဲဒါကတော့ ချက်ပြုတ် ခဲ့ပြီးသားငါးတစ်ကောင်က အသက်ပြန် လည်ရှင်လာခဲ့လို့ပဲဖြစ်ပါတယ်။
အဆိုပါငါးကို စားသောက်ဆိုင် ရဲ့စားဖိုမှူးက ချက်ပြုတ်ခဲ့ပြီး အရန်သင့် စားသုံးရန် စားသုံးသူ(customer)တွေရဲ့ ရှေ့မှာလာရောက်ချပေးခဲ့ပြီးမှာတော့ ငါး ရဲ့အသက်ပြန်ရှင်နေတာကိုတွေ့ခဲ့ရတာ ပဲဖြစ်ပါတယ်။ ငါးဟာ ခုတ်ထစ်ချက်ပြုတ် ခံထားရလို့ ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ် တော့ပေမယ့် ခေါင်းနဲ့အမြီးပိုင်းတွေဟာ လှုပ်ရှားနေပါတယ်။
ဒါဟာ အတော်လေးအံ့သြစရာ ကောင်းပါတယ်လို့ လာရောက်စားသုံး သူတွေက ပြောဆိုခဲ့ကြပါတယ်။ ယခုလို ချက်ပြုတ်ပြီးသားငါးက အသက်ပြန်ရှင် တာဟာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း ဒါမျိုးဖြစ်ရပ်ဖြစ်ဖူးတယ် လို့ သိရပါတယ်။ ယင်းချက်ပြုတ်ပြီးသားငါး ရဲ့လှုပ်ရှားအသက်ဝင်နေတာကို ဗီဒီယို ရိုက်ကူးမှတ်တမ်းတင်ခဲ့တယ်လို့ သိရပါ တယ်။
Yangon Media Group


မှတ်ချက်များ