အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ အာဏာရ အမ်အဒါမီပါတီ (AAP) မှ လွှတ်တော် အမတ်တစ်ဦး အိမ်တွင်း အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဆွမ်နတ်သ်ဘာတီသည် တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ထံသို့ သွားရောက် အဖမ်းခံခဲ့ပြီး ၄င်းအား အင်္ဂါနေ့တွင် တရားဝင် ဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်း ဒေလီ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇနီးဖြစ်သူ လီပီကာ မီထြာကဘာတီသည် ၄င်းအားသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။
ယမန်နှစ်တွင် ဘာတီသည် အိမ်တစ်အိမ်သို့ လူတစ်စုကို ဦးဆောင်ပြီး စီးနင်းမှု ပြုလုပ်ခဲ့သည်။ ဒေလီဒေသဆိုင်ရာ အစိုးရအဖွဲ့တွင် ယင်းအချိန်က ဥပဒေ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဘာတီကယင်းအိမ်တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။
ဘာတီသည် ရဲတပ်ဖွဲ့အား ၄င်းအိမ်ကို ၀င်ရောက် စီးနင်းရန် ညွှန်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ၀ရမ်းမရသောကြောင့် မလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ယင်းနောက်တွင် ဘာတီသည် လူအုပ်ကြီးကို ဦးဆောင်ပြီး ၄င်းအိမ်တွင်း ၀င်ရောက်ကာ နေထိုင်သူများအား ချုပ်နှောင်ခဲ့သည်။ တရားလွှတ်တော်ချုပ်က ဘာတီ၏ အာမခံပေးရန် အသနားခံမှုကို ပယ်ချခဲ့ပြီးနောက် ၄င်းသည် ရဲတပ်ဖွဲ့ထံသို့ သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
ဒေလီလွှတ်တော် အမတ်တစ်ဦး ဖြစ်သည့် ဘာတီအား လူသတ်ရန် ကြိုးပမ်းမှု၊ လိမ်လည် သစ္စာမဲ့မှု၊ ယုံကြည်မှု ဖောက်ဖျက်မှု၊ အမျိုးသမီး၏ ခွင့်ပြုချက်မရဘဲ ကိုယ်ဝန် ပျက်ကျစေမှု၊ နာကျင်စေရန် တမင်လုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ခြိမ်းခြောက်မှုများဖြင့် တရားစွဲဆိုထားကောင်း ရဲအရာရှိ ဒီပန်ဒရာ ပတ်သက်က ပြောဆိုခဲ့သည်။
BBC

မှတ်ချက်များ