တကယ့်ပြိုင်ပွဲဝင်တွေကို ယှဉ်နိုင်မယ့် Yamaha စက်ရုပ်ဆိုင်ကယ်
နှစ်ဘီးတပ်ယာဉ်တွေကို အမြန်ဆုံးမောင်းနှင်နိုင်တာ လူတွေပါပဲ။ ဒါပေမဲ့ Yamaha ကနေ Motobot လို့ခေါ်တဲ့ စက်ရုပ်ဆိုင်ကယ်ကို ထွင်လိုက်တဲ့ အခါ လူတွေက အမြန်ဆုံးမောင်းနှင်နိုင်သူတွေ မဖြစ်တော့ပါဘူး။
Motobot တွေကို ပြိုင်ကွင်းပြေးလမ်း ပေါ်မှာ အမြန်နှုန်းမြင့်မြင့်နဲ့ သွားစေနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာပါ။ ဒီစက်ရုပ်တီထွင်မှုက ဆိုင်ကယ်ပြိုင်မောင်းသူတွေရဲ့ လုံခြုံရေးကို တိုးတက်လာစေမယ်လို့ Yamaha ကုမ္ပဏီက ပြောပါတယ်။ ဒီ့အပြင် ဒီနည်းပညာနဲ့ စီးပွားရေးလုပ်ငန်းသစ်တွေရဲ့ ရှေ့ဆာင်ဖြစ်လာနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒီစက်ရုပ်ရဲ့ အကြောင်း အသေးစိတ် အများကြီး ထုတ်ပြဖို့ကိုတော့ Yamaha က ငြင်းဆန်ခဲ့ပါတယ်။ ဒီစက်ရုပ်စနစ်က လူလုံးဝမလိုဘဲနဲ့ သူ့ဟာသူ အစအဆုံး မောင်းနှင်နိုင်ပါတယ်။ ဒရုန်းတွေလိုမျိုး ထိန်းချုပ်စရာတောင် မလိုဘူးလို့ ပြောတာပါ။
“မော်တော်ဆိုင်ကယ်တစ်စီး အမြန်နှုန်းနဲ့မောင်းနေတဲ့အချိန် ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ဆိုတာ ထိန်းချုပ်မှုစနစ် အမျိုးမျိုး လိုအပ်ပါတယ်။ တိကျမှု အဆင့် အရမ်းမြင့်တဲ့ လုပ်ဆောင်ချက်ပြုလုပ်ရမယ်။” လို့ Yamaha ကပြောပါတယ်။
Jack - သစ်ထူးလွင်
Ref: Daily Mail

မှတ်ချက်များ