Zipline စီးနင်းသည့် တရုတ်အမျိုးသမီး ပြုတ်ကျသေဆုံး


ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်လည်ပတ်သည့် တရုတ်ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတဦး သစ်ပင်ထိပ် ဖျားများကို ကြိုးဖြင့် ကူးသန်းသည့် တောတွင်းစွန့်စားခဏ်း အစီအစဉ်၌ စီးနင်းနေစဉ် ပြုတ်ကျသေဆုံးကြောင်း Bangkok Post သတင်းတွင်ဖော်ပြထားသည်။

အသက် ၃၂နှစ်အရွယ်ရှိ Wang Qi ဆိုသူ အမျိုးသမီးသည် မယ့်ရင်းခရိုင် Pong Khrai ကျေးရွာ၌ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် ပျံသန်းနေသည့် ရှည့်များ၏ တောတွင်းစွန့်စားခဏ်း ဆိုသည် Zipline အစီအစဉ်တွင် ပြုတ်ကျသေဆုံးခြင်းဖြစ်သည်။

အဆိုပါ စခန်းတာဝန်ခံက နှလုံးရပ်ကာ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း ဆိုသော်လည်း ချင်းမိုင် နခွန်ပင်းဆေးရုံမှ စစ်ဆေးချက်အရ လည်ပင်းနှင့် ပခုံးရိုးများကျိုးနေကြောင်းရေးသားထားသည်။

တရုတ်ကမ္ဘာလှည့်ခရီးသွားများက တရုတ်ကောင်စစ်ဝန်ရုံးသို့ အကြောင်းကြားကာ သေဆုံးမှု အကြောင်းအရင်း မှန်ကို ဖော်ထုတ်ပေးရန်တောင်းဆိုခဲ့သည်။

မျက်မြင်သက်သေတဦး အဆိုအရ အမျိုးသမီးမှာ စီးနင်းရန် ရောက်ရှိလာခဲ့ပြီး အပေါ်တွင် စောင့်ဆိုင်းနေသည့် ၀န်ထမ်း ၂ဦးက အဆင်သင့်ဖြစ်ပြီဟု ယူဆခဲ့ကြောင်း၊ ထိုနောက် အမျိုးသမီးမှာ အောက်သို့ ပြုတ်ကျကာ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းမိုင်ခရိုင်တွင် ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်သည့် ကောင်းကင်စွန့်စားခန်းစခန်းများ ၃၂ ခုရှိပြီး၊ ရေကူး၊ တောင်တက် စက်ဘီးစီးနင်းခြင်း၊ အမြင့်မှ ခြေစုံကန်လျောဆင်းခြင်း၊ စကိတ်စီးခြင်းများရှိသော်လည်း ယင်း ကြိုးဖြင့်စီးရသည့် ကောင်းကင်စွန့်စားခန်းမှာ လူကြိုက်များသည်။

Zipline ကဲ့သို့ အစီအစဉ်များအပြင် မျောက်လွှဲကျော်ကဲ့သို့ ကူးသန်းရသည့် Flight Gibboon ဆိုသည့် အစီအစဉ် များလည်းရှိသည်။

ဧရာဝတီ

မှတ်ချက်များ