အစားသောက်တွေရဲ့ ကယ်လိုရီ ပါဝင်မှုပမာဏ ဖော်ပြပေးမယ့် app


Calorific လို့ခေါ်တဲ့ app တစ်ခုက သင့်ကို သင်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေမှာ ကယ်လိုရီးဘယ်လောက်ပါလဲ အဖြေထုတ်ပေးသွားမှာဖြစ်ပြီး ၄င်းမှ ထုတ်ပေးတဲ့ ရလာဒ်အဖြေတွေက သင့်ကို အံ့အားသင့်သွားပါလိမ့်မယ်။အဆိုပါ app က မတူညီတဲ့ အစားအသောက်တွေနဲ့ ဖျော်ရည် ၁၄၄ မျိုးတို့ရဲ့ ပုံတွေ ဖော်ပြပေးထားပါတယ်။

မြေပဲထောပတ် (၁) ဇွန်း၊ ပန်းသီးသေးသေးလေး (၁) စိတ်၊ Cadbury Mini Eggs (၄၁) ဂရမ်၊ စားမြိန်ရည် ဆော့ (၁) ဇွန်းနဲ့ ထောပတ်သီး (၁) ခြမ်း စတဲ့စားသောက်ဖွယ်ရာ အားလုံးတို့မှာ တူညီတဲ့ ကယ်လိုရီပမာဏ ၂၀၀ စီပါဝင်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်စားမယ့် အစားအသောက်တွေမှာ ကယ်လိုရီးဘယ်လောက်ပါဝင်လဲဆိုတာ လွယ်ကူစွာ သိနိုင်အောင်လို့ ဖြစ်ပါတယ်။

ကယ်လိုရီးပမာဏ ၂၀၀ ဆိုတာ အရွယ်ရောက်ပြီးသူတစ်ဦးအဖို့ အကြံပြုထားတဲ့ ကယ်လိုရီးစားသုံးမှုပမာဏရဲ့ ဆယ်ပုံ တစ်ပုံ (အကြမ်းဖင်းခန့်မှန်းချက်အရ) ရှိပါတယ်။ အစားအသောက် အမျိုးအစားအားလုံး လေးချိန်တိုင်းတာပြီး ရုပ်ထွက်ကောင်းမွန်စွာ ဓာတ်ပုံ ရိုက်ကူးထားကာ သုတေသနပြုလုပ်ခဲ့ပါတယ်။ နာမည်၊ အလေးချိန် သို့မဟုတ် အစားအသောက်အမျိုးအစားအလိုက် ခွဲထားပြီး ၄င်းမှရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး အသီးသီးကိုလည်း နှိုင်းယှဉ်ပြထားပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ