ချက်ရီပတ်ဘလစ်နိုင်ငံက ကမ္ဘာ့ချန်ပီယံ အလေးမသမားတဦးဟာ ကိုယ်ခန္ဓာကို ခုံတန်းရှည်ပေါ်လှဲ၊ ခြေထောက်နှစ်ဖက် ကြမ်းပြင်ပေါ်ချကာ အလေးမတဲ့နည်းကို အလေးအစား အမျိုးသမီး ၂ ဦး အသုံးပြုပြီး ဟန်ချက်ညီညီ မ ပြတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

တဦးကို ခန္ဓာကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်လေးတဲ့ အမျိုးသမီး ၂ ဦးကို တပြိုင်နက်တည်း မ ပြရတာဟာ အလေးမသက်တမ်း ၁၁ နှစ်ရှိ ဂျန်မစ်ချာလော့ဗ်အတွက် ဘာပြဿနာမှ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီရုပ်သံကို အသက် ၂၇ နှစ်အရွယ် အလေးမချန်ပီယံ ဂျန်မစ်ချာလော့ဗ်ကိုယ်တိုင် ရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာ အင်စတာဂရမ်ပေါ် တင်ခဲ့တာပါ။

ဂျန်မစ်ချာလော့ဗ်ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ အာဟာရဓာတ်၊ အလေးမခြင်းနဲ့ ကိုယ်လုံးတီးနေရန် မလိုအပ်ခြင်း စတဲ့အကြောင်းအရာတွေ တင်ထားပြီး သူ့စာမျက်နှာကို ကြိုက်နှစ်သက်သူပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Credit:DVB