ZawGyiျဖင့္ဖတ္ရန္

ရခိုင္ျပည္နယ္တြင္ လူနည္းစု တိုင္းရင္းသားမ်ားအေပၚ အၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ပြားေနပါက IS ကဲ့သို႔ေသာ အၾကမ္းဖက္အဖြဲ႕မ်ား အေနျဖင့္ အေရွ႕ေတာင္အာရွတြင္ ေျခကုပ္စခန္း ရရွိသြားႏုိင္သည္ဟု ၾသစေၾတးလ် ႏုိင္ငံျခားေရး၀န္ႀကီး ဂ်ဴလီဘစ္ေရွာ့က ေအာက္တိုဘာ ၁ ရက္တြင္ သတိေပးခဲ့သည္။

ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေသာ အၾကမ္းဖက္မႈမ်ားေၾကာင့္ ဘဂၤါလီ မြတ္စလင္ ၅၀၀,၀၀၀ ခန္႔သည္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ေျပးၿပီး ျဖစ္သည္ဟု ယူဆရသည္။

(မြတ္စလင္လူနည္းစု တိုင္းရင္းသား ျဖစ္သည္ဟု အခ်ဳိ႕က ယူဆေသာ္လည္း ႏုိင္ငံမဲ့အျဖစ္ သတ္မွတ္ခံရကာ ကူးေျပာင္းရာ ႏုိင္ငံမ်ား၌ ထိန္းသိမ္းခံရသည့္) ျမန္မာႏုိင္ငံမွ ဘဂၤါလီမြတ္စလင္ ဒုကၡသည္မ်ား အေရးသည္  စိတ္ပ်က္ဖြယ္ အေနအထား၌ ရွိေနသည္ဟု ဆိုသည္။

ယင္းအေနအထားက နယ္စပ္မွေန၍ တဖြဲဖြဲ ၀င္ေရာက္လာေသာ ဒုကၡသည္မ်ားကို လက္ခံထားသည့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံ၌ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းတစ္ရပ္ ျဖစ္ေစခဲ့သည္။

မစၥဘစ္ေရွာ့က ျမန္မာတပ္မေတာ္၏ စစ္ဆင္ေရး တစ္ရပ္ေၾကာင့္ ျဖစ္ပြားဆဲ ျဖစ္သည္ဟု ယူဆေသာ အၾကမ္းဖက္မႈမ်ားသည္ ပိုမိုက်ယ္ျပန္႔ေသာ ျပႆနာရပ္မ်ားဆီသို႔ ျမင့္တက္သြားႏုိင္သည္ဟု အခိုင္အမာ ေျပာၾကားခဲ့သည္။

“ဘဂၤါလီ (မူရင္း၌ ႐ိုဟင္ဂ်ာဟုေဖာ္ျပ) မြတ္စလင္ အုပ္စုတစ္စုအေပၚ ႏွိပ္ကြပ္မႈကို ISIS အဖြဲ႕နဲ႔ တျခားအၾကမ္းဖက္ အုပ္စုေတြက လက္နက္ကိုင္ဖို႔နဲ႔ အေနာက္တိုင္းကို တိုက္ခိုက္ဖို႔ သူတို႔ရဲ႕ဇာတ္လမ္း တစ္စိတ္တစ္ေဒသအျဖစ္ အသံုးျပဳသြားပါလိမ့္မယ္” ဟု ဂ်ဴလီဘစ္ေရွာ့က Insiders ႐ုပ္သံအစီအစဥ္သို႔ ေျပာၾကားခဲ့သည္။

“ဒါဟာ ဘာေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ အေနအထားကို ေျဖရွင္းရမယ္ ဆိုတာပါပဲ” ဟုလည္း ၎က ေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံ၏ အရပ္သား အစုိးရအဖြဲ႕ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္သည္ တစ္ခ်ိန္က ႏုိင္ငံေရး တက္ၾကြလႈပ္ရွားသူအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳမႈ ခံရေသာ္လည္း ယခုအေနအထားကို ကိုင္တြယ္ပံုႏွင့္ ပတ္သက္၍ ထိေရာက္စြာ ေဆာင္ရြက္မႈ အားနည္းေသာေၾကာင့္ ျပင္းထန္ေသာ ေ၀ဖန္မႈမ်ားကို ရင္ဆိုင္ခဲ့ရသည္။

ယခုသီတင္းပတ္ အေစာပိုင္းတြင္ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕က ေရယာဥ္တိမ္းေမွာက္မႈေၾကာင့္ ျမန္မာႏိုင္ငံမွ ဘဂၤါလီမြတ္စလင္ ဒုကၡသည္ ၅၀ ေက်ာ္ ေပ်ာက္ဆံုးေနၿပီး ဒါဇင္ႏွင့္ခ်ီလ်က္ ေသဆံုးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ၾသစေၾတးလ်က ျမန္မာႏုိင္ငံအား လက္နက္တင္သြင္းခြင့္ ပိတ္ပင္မႈကို ဆက္လက္ထိန္းသိမ္းမည္

ဂ်ဴလီဘစ္ေရွာ့က Insiders သို႔ ေျပာၾကားရာတြင္ ကုလသမဂၢက ဦးေဆာင္သည့္ စံုစမ္းစစ္ေဆးမႈကို ေထာက္ခံခဲ့သည္ဟု ဆိုသည္။

“ကုလသမဂၢက ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးမႈအျဖစ္ ျဖစ္ပြားတဲ့ေနရာက အခ်က္အလက္ေတြကို အတည္ျပဳႏုိင္ဖို႔ လြတ္လပ္တဲ့ စံုစစ္ေဆးမႈတစ္ရပ္ကို ၾသစေၾတးလ်က ေထာက္ခံထားပါတယ္” ဟု ဂ်ဴလီဘစ္ေရွာ့က ေျပာၾကားခဲ့သည္။

“ႏုိင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေဆာင္ဆန္းစုၾကည္က သူဟာ ဒီတနလၤာေန႔မွာ ရခိုင္ျပည္နယ္ထဲကို ၀င္ၾကည့္ဖို႔ ကုလသမဂၢ ကိုယ္စားလွယ္ေတြနဲ႔ အျပည္ျပည္ဆိုင္ရာ သံတမန္ေတြကို ဖိတ္ေခၚပါမယ္လို႔ အတည္ျပဳပါတယ္။ အဲဒီခရီးစဥ္မွာ ျမန္မာႏုိင္ငံဆိုင္ရာ ၾသစေၾတးလ် သံအမတ္ႀကီးလည္း လိုက္ပါပါမယ္” ဟုလည္း ၎က ေျပာၾကားခဲ့သည္။

ယခုသီတင္းပတ္ အေစာပိုင္းတြင္ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး နစ္ကီဟာေလးက ဘဂၤါလီ မြတ္စလင္မ်ားအေပၚ အၾကမ္းဖက္မႈႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံအား လက္နက္ေထာက္ပံ့ေပးျခင္းကို ရပ္ဆိုင္းထားၾကရန္ ႏုိင္ငံမ်ားကို ေတာင္းဆိုခဲ့ သည္။

“ျဖစ္ပြားေနဆဲပဋိပကၡ၊ လက္နက္ျပန္႔ပြားမႈနဲ႔ လူ႔အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္တာေၾကာင့္ ၾသစေၾတးလ်ႏုိင္ငံ အေနနဲ႔ ျမန္မာႏုိင္ငံကို လက္နက္တင္သြင္းခြင့္ ပိတ္ပင္ထားမႈကို ဆက္ၿပီး ထိန္းသိမ္းထားပါတယ္” ဟု ကုန္သြယ္ေရးႏွင့္ ႏုိင္ငံျခားေရးရာဌာနမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ABC သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

“ဒါက လက္နက္နဲ႔ ဆက္စပ္ပစၥည္းေတြ၊ သက္ဆုိင္ရာ ၀န္ေဆာင္မႈေတြကို ျမန္မာႏိုင္ငံကို တင္ပို႔ဖို႔ တားျမစ္ထားပါတယ္” ဟုလည္း ၎က ေျပာၾကားခဲ့သည္။

Ref : ABC

Credit:Eleven

Unicodeဖြင့်ဖတ်ရန်

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက IS အဖွဲ့အနေဖြင့် အရှေ့တောင်အာရှတွင် ခြေကုပ်စခန်း ရရှိသွားနိုင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်တွင် လူနည်းစု တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက IS ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ အနေဖြင့် အရှေ့တောင်အာရှတွင် ခြေကုပ်စခန်း ရရှိသွားနိုင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က အောက်တိုဘာ ၁ ရက်တွင် သတိပေးခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီ မွတ်စလင် ၅၀၀,၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီး ဖြစ်သည်ဟု ယူဆရသည်။

(မွတ်စလင်လူနည်းစု တိုင်းရင်းသား ဖြစ်သည်ဟု အချို့က ယူဆသော်လည်း နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရကာ ကူးပြောင်းရာ နိုင်ငံများ၌ ထိန်းသိမ်းခံရသည့်) မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ အရေးသည်  စိတ်ပျက်ဖွယ် အနေအထား၌ ရှိနေသည်ဟု ဆိုသည်။

ယင်းအနေအထားက နယ်စပ်မှနေ၍ တဖွဲဖွဲ ဝင်ရောက်လာသော ဒုက္ခသည်များကို လက်ခံထားသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့သည်။

မစ္စဘစ်ရှော့က မြန်မာတပ်မတော်၏ စစ်ဆင်ရေး တစ်ရပ်ကြောင့် ဖြစ်ပွားဆဲ ဖြစ်သည်ဟု ယူဆသော အကြမ်းဖက်မှုများသည် ပိုမိုကျယ်ပြန့်သော ပြဿနာရပ်များဆီသို့ မြင့်တက်သွားနိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

“ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် အုပ်စုတစ်စုအပေါ် နှိပ်ကွပ်မှုကို ISIS အဖွဲ့နဲ့ တခြားအကြမ်းဖက် အုပ်စုတွေက လက်နက်ကိုင်ဖို့နဲ့ အနောက်တိုင်းကို တိုက်ခိုက်ဖို့ သူတို့ရဲ့ဇာတ်လမ်း တစ်စိတ်တစ်ဒေသအဖြစ် အသုံးပြုသွားပါလိမ့်မယ်” ဟု ဂျူလီဘစ်ရှော့က Insiders ရုပ်သံအစီအစဉ်သို့ ပြောကြားခဲ့သည်။

“ဒါဟာ ဘာကြောင့် မြန်မာနိုင်ငံရဲ့ အနေအထားကို ဖြေရှင်းရမယ် ဆိုတာပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် ချီးကျူးဂုဏ်ပြုမှု ခံရသော်လည်း ယခုအနေအထားကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်မှု အားနည်းသောကြောင့် ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ရေယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ၅၀ ကျော် ပျောက်ဆုံးနေပြီး ဒါဇင်နှင့်ချီလျက် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျက မြန်မာနိုင်ငံအား လက်နက်တင်သွင်းခွင့် ပိတ်ပင်မှုကို ဆက်လက်ထိန်းသိမ်းမည်

ဂျူလီဘစ်ရှော့က Insiders သို့ ပြောကြားရာတွင် ကုလသမဂ္ဂက ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုကို ထောက်ခံခဲ့သည်ဟု ဆိုသည်။

“ကုလသမဂ္ဂက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုအဖြစ် ဖြစ်ပွားတဲ့နေရာက အချက်အလက်တွေကို အတည်ပြုနိုင်ဖို့ လွတ်လပ်တဲ့ စုံစစ်ဆေးမှုတစ်ရပ်ကို သြစတြေးလျက ထောက်ခံထားပါတယ်” ဟု ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။

“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က သူဟာ ဒီတနင်္လာနေ့မှာ ရခိုင်ပြည်နယ်ထဲကို ဝင်ကြည့်ဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ သံတမန်တွေကို ဖိတ်ခေါ်ပါမယ်လို့ အတည်ပြုပါတယ်။ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးလည်း လိုက်ပါပါမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေးက ဘင်္ဂါလီ မွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအား လက်နက်ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းထားကြရန် နိုင်ငံများကို တောင်းဆိုခဲ့ သည်။

“ဖြစ်ပွားနေဆဲပဋိပက္ခ၊ လက်နက်ပြန့်ပွားမှုနဲ့ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တာကြောင့် သြစတြေးလျနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်တင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဆက်ပြီး ထိန်းသိမ်းထားပါတယ်” ဟု ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒါက လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ သက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံကို တင်ပို့ဖို့ တားမြစ်ထားပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref : ABC

Credit:Eleven