ZawGiျဖင့္ဖတ္ရန္

ျမန္မာေငြ ၁ သိန္းခဲြေက်ာ္ ေစ်းနဲ ့ေရာင္းသြားမယ္လို ့ဆိုပါတယ္။
ငွက္ဖ်ားအပါအဝင္ ျခင္ေၾကာင့္ ျဖစ္တဲ့ ေရာဂါဘယေတြကေန ကာကြယ္ႏိုင္မယ့္ ျခင္ေျပးနည္းပညာပါ ကမၻာ့ပထမဆံုးစမတ္ဖုန္းတစ္မ်ိဳးကို LG က စတင္မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။

ဒီအပတ္ထဲ အိႏိၵယမွာ က်င္းပခဲ့တဲ့ Mobile Congress ပဲြမွာ LG ကုမၸဏီကေန ျခင္ေတြကို ႏွင္ထုတ္ႏိုင္တဲ့ နည္းပညာတစ္ခါတည္း ထည့္ထားတဲ့ LG K7i စမတ္ဖုန္းသစ္ကို ျပသခဲ့ပါတယ္။ LG K7i ဟာ Ultrasonic လိႈင္းမ်ားသံုးျပီး ဖုန္းေက်ာဘက္မွာ ျခင္ေျပးနည္းပညာ ထည့္သြင္းထားတာ ျဖစ္ျပီး အဲဒီအသံလိႈင္းေတြကေန ျခင္ေတြကို ေမာင္းထုတ္သြားမွာပါ။ ဒီနည္းပညာဟာ သံုးစဲြသူ လူမ်ား ၾကားရမွာ မဟုတ္သလို သံုးစဲြရာမွာလည္း လံုးဝေဘးကင္းျပီး စိတ္ခ်ရတယ္လို ့လည္း ဆိုပါတယ္။

ဒီနည္းပညာဟာ LG K7i ရဲ့ စိတ္ဝင္စားဖို ့အေကာင္းဆံုးအပုိင္းျဖစ္ျပီး က်န္တာေတြကေတာ့ ရိုးရိုး ဖုန္းတစ္လံုးအတိုင္းပဲ ထြက္လာတာပါ။ မ်က္ႏွာျပင္အရြယ္အစားအေနနဲ ့၅ လက္မရိွျပီး resolution အေနနဲ ့လည္း ဒီဖုန္းဟာ သာမန္တန္ဖိုးနည္း ဖုန္းတစ္လံုးေလာက္ပဲ ရုပ္ထြက္ပါရိွပါတယ္။ အထူးသျဖင့္ processor ကလည္း အနိမ့္စား 1.1 GHz quad core prcessor ျဖစ္ျပီး RAM 2GB/storage 16 GB ပဲ ပါရိွတာပါ။ storage ကိုေတာ့ SD card နဲ ့ထပ္ျပီး တိုးႏိုင္မွာ ျဖစ္ပါတယ္။

အန္းဒရိုက္ဗားရွင္းအေနနဲ ့လည္း ဒိတ္ေအာက္ေနျပီလို ့ဆိုရမယ့္ Android 6.0 Marshmallow သံုးထားတာ ျဖစ္ျပီး ေနာက္ထပ္ ေဆာ့ဖ္ဝဲလ္ update အေနနဲ ့လည္း Nougat တို ့Oreo တို ့ထိ ထပ္ျပီး ျမွင့္သြားဖို ့ရိွမယ္ မထင္ပါဘူး။ ေက်ာဘက္မွာေတာ့ LED flash ပါ 8MP ကင္မရာ နဲ ့အတူ fingerprint ေလးပါ ထည့္ေပးထားတာေတာ့ မဆိုးဘူးလို ့ဆုိရမွာပါ။ ဘက္ထရီကေတာ့ 2500 mAh နဲ ့ေရွ ့ကင္မရာကေတာ့ 5MP ကင္မရာ ျဖစ္ပါတယ္။

တစ္ခုအၾကိဳက္ေတြ ့စရာက ေစ်းႏႈန္းမွာ အိႏိၵယမွာ ဒီဖုန္းကို ၇၉၉၀ ရူပီး (ျမန္မာေငြ ၁ သိန္းခဲြေက်ာ္)ေစ်းနဲ ့ေရာင္းသြားမွာ ျဖစ္လို ့ေစ်းႏႈန္းအေနနဲ ့မဆိုးဘူးလို ့လည္း ဆိုႏိုင္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ နည္းပညာအသစ္အဆန္းပါလာတဲ့ ဒီဖုန္းကလည္း ေစ်းကြက္မွာ လူၾကိဳက္မ်ားဖို ့ရိွေနပါတယ္။

Credit: Duwun

UniCodeဖြင့်ဖတ်ရန်

ခြင်ပြေးမယ့် နည်းပညာတစ်ခါတည်းပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်လာ

မြန်မာငွေ ၁ သိန်းခွဲကျော် ဈေးနဲ့ရောင်းသွားမယ်လို့ဆိုပါတယ်။
ငှက်ဖျားအပါအဝင် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါဘယတွေကနေ ကာကွယ်နိုင်မယ့် ခြင်ပြေးနည်းပညာပါ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းတစ်မျိုးကို LG က စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ဒီအပတ်ထဲ အိန္ဒိယမှာ ကျင်းပခဲ့တဲ့ Mobile Congress ပွဲမှာ LG ကုမ္ပဏီကနေ ခြင်တွေကို နှင်ထုတ်နိုင်တဲ့ နည်းပညာတစ်ခါတည်း ထည့်ထားတဲ့ LG K7i စမတ်ဖုန်းသစ်ကို ပြသခဲ့ပါတယ်။ LG K7i ဟာ Ultrasonic လှိုင်းများသုံးပြီး ဖုန်းကျောဘက်မှာ ခြင်ပြေးနည်းပညာ ထည့်သွင်းထားတာ ဖြစ်ပြီး အဲဒီအသံလှိုင်းတွေကနေ ခြင်တွေကို မောင်းထုတ်သွားမှာပါ။ ဒီနည်းပညာဟာ သုံးစွဲသူ လူများ ကြားရမှာ မဟုတ်သလို သုံးစွဲရာမှာလည်း လုံးဝဘေးကင်းပြီး စိတ်ချရတယ်လို့လည်း ဆိုပါတယ်။
ဒီနည်းပညာဟာ LG K7i ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းဖြစ်ပြီး ကျန်တာတွေကတော့ ရိုးရိုး ဖုန်းတစ်လုံးအတိုင်းပဲ ထွက်လာတာပါ။ မျက်နှာပြင်အရွယ်အစားအနေနဲ့၅ လက်မရှိပြီး resolution အနေနဲ့လည်း ဒီဖုန်းဟာ သာမန်တန်ဖိုးနည်း ဖုန်းတစ်လုံးလောက်ပဲ ရုပ်ထွက်ပါရှိပါတယ်။ အထူးသဖြင့် processor ကလည်း အနိမ့်စား 1.1 GHz quad core prcessor ဖြစ်ပြီး RAM 2GB/storage 16 GB ပဲ ပါရှိတာပါ။ storage ကိုတော့ SD card နဲ့ထပ်ပြီး တိုးနိုင်မှာ ဖြစ်ပါတယ်။
အန်းဒရိုက်ဗားရှင်းအနေနဲ့လည်း ဒိတ်အောက်နေပြီလို့ဆိုရမယ့် Android 6.0 Marshmallow သုံးထားတာ ဖြစ်ပြီး နောက်ထပ် ဆော့ဖ်ဝဲလ် update အနေနဲ့လည်း Nougat တို့Oreo တို့ထိ ထပ်ပြီး မြှင့်သွားဖို့ရှိမယ် မထင်ပါဘူး။ ကျောဘက်မှာတော့ LED flash ပါ 8MP ကင်မရာ နဲ့အတူ fingerprint လေးပါ ထည့်ပေးထားတာတော့ မဆိုးဘူးလို့ဆိုရမှာပါ။ ဘက်ထရီကတော့ 2500 mAh နဲ့ရှေ့ကင်မရာကတော့ 5MP ကင်မရာ ဖြစ်ပါတယ်။
တစ်ခုအကြိုက်တွေ့စရာက ဈေးနှုန်းမှာ အိန္ဒိယမှာ ဒီဖုန်းကို ၇၉၉၀ ရူပီး (မြန်မာငွေ ၁ သိန်းခွဲကျော်)ဈေးနဲ့ရောင်းသွားမှာ ဖြစ်လို့ဈေးနှုန်းအနေနဲ့မဆိုးဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် နည်းပညာအသစ်အဆန်းပါလာတဲ့ ဒီဖုန်းကလည်း ဈေးကွက်မှာ လူကြိုက်များဖို့ရှိနေပါတယ်။

Credit: Duwun