ZawGyi ျဖင့္ဖတ္ရန္

Fight ပြဲစဥ္အား ျပည္တြင္း႐ုပ္သံလိုင္းမွတိုက္႐ိုက္ထုတ္လႊင္႕ျပသမည္

ရန္ကုန္ၿမိဳ႕၌ ႏိုဝင္ဘာ ၃ ရက္တြင္က်င္းပမည့္ ေအာင္လအန္ဆန္ပါဝင္ေသာ One Championship ၿပိဳင္ပြဲကို ျပည္တြင္း ႐ုပ္သံလိုင္းမွ တိုက္႐ိုက္ထုတ္လႊင့္ ျပသမည္ျဖစ္ေၾကာင္း သိရသည္။ ယခုပြဲစဥ္တြင္ ေအာင္လအန္ဆန္သည္ Super Fight ပြဲစဥ္အျဖစ္ နီဂါလန္(ေဟာင္ေကာင္)ႏွင့္ ယွဥ္ၿပိဳင္ မည္ျဖစ္ၿပီး ငါးခ်ီစိန္ေခၚပြဲျဖစ္သည္။

ယင္းပြဲစဥ္ကို Skynet ႐ုပ္သံလိုင္းမွ ႏိုဝင္ဘာ ၃ ရက္ ည ၆ နာရီခြဲတြင္ စတင္ျပသမည္ျဖစ္သည္။ ေအာင္လအန္ဆန္ႏွင့္ယွဥ္ၿပိဳင္မည့္ ကစားသမား နီဂါလန္မွာ ေမြထိုင္း ကမၻာ့ခ်န္ပီယံျဖစ္ၿပီး ၎သည္ ကင္မရြန္း ႏိုင္ငံ၌ ေမြးဖြားခဲ့သူျဖစ္သည္။ နီဂါလန္သည္ ကရာေတးဒိုႏွင့္ ဂ်ဴဂ်စ္ဆု အပါအဝင္ ကိုယ္ခံပညာ ငါးမ်ဳိးခန္႔ တတ္ေျမာက္ထားၿပီး ကမၻာ့ေမြထိုင္း ခ်န္ပီယံဘြဲ႕ကို ေလးႀကိမ္တိတိ ရယူထားႏိုင္သူျဖစ္သည္။ MMA ၿပိဳင္ပြဲတြင္ စုစုေပါင္း ငါးပြဲယွဥ္ၿပိဳင္ထားကာ သံုးပြဲႏိုင္ၿပီး ႏွစ္ပြဲ႐ႈံးနိမ့္ထားေၾကာင္း သိရသည္။

credit myawaddy

Unicodeဖြင့်ဖတ်ရန်

Fight ပွဲစဉ်အား ပြည်တွင်းရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြသမည်

ရန်ကုန်မြို့၌ နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည့် အောင်လအန်ဆန်ပါဝင်သော One Championship ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ ယခုပွဲစဉ်တွင် အောင်လအန်ဆန်သည် Super Fight ပွဲစဉ်အဖြစ် နီဂါလန်(ဟောင်ကောင်)နှင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး ငါးချီစိန်ခေါ်ပွဲဖြစ်သည်။

ယင်းပွဲစဉ်ကို Skynet ရုပ်သံလိုင်းမှ နိုဝင်ဘာ ၃ ရက် ည ၆ နာရီခွဲတွင် စတင်ပြသမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်မည့် ကစားသမား နီဂါလန်မှာ မွေထိုင်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ၎င်းသည် ကင်မရွန်း နိုင်ငံ၌ မွေးဖွားခဲ့သူဖြစ်သည်။ နီဂါလန်သည် ကရာတေးဒိုနှင့် ဂျူဂျစ်ဆု အပါအဝင် ကိုယ်ခံပညာ ငါးမျိုးခန့် တတ်မြောက်ထားပြီး ကမ္ဘာ့မွေထိုင်း ချန်ပီယံဘွဲ့ကို လေးကြိမ်တိတိ ရယူထားနိုင်သူဖြစ်သည်။ MMA ပြိုင်ပွဲတွင် စုစုပေါင်း ငါးပွဲယှဉ်ပြိုင်ထားကာ သုံးပွဲနိုင်ပြီး နှစ်ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

credit myawaddy