Nrox3fcrd9mvq350frvp

ZawGyi ျဖင့္ဖတ္ရန္

ကမၻာေက်ာ္ ေဘာလံုးသမားၾကီး ေဒးဗစ္ဘက္ခမ္းဟာ ေဘာလံုးေလာကကေန အနားယူသြားခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ၀င္ေငြအေကာင္းဆံုး ေဘာလံုးသမားစာရင္းထဲမွာ ပါ၀င္ေနဆဲျဖစ္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးေတြ စပြန္ဆာစာခ်ဳပ္ေတြနဲ႔ ရပ္တည္ေနခဲ့သူျဖစ္ျပီး ဇနီးသည္ ဗစ္တုိးရီးယားဘက္ခမ္းနဲ႔အတူ သာယာတဲ့ မိသားစုဘ၀ကို ပိုင္ဆုိင္ထားသူပါ။

ဒါေပမယ့္လဲသူဟာ ယခုႏွစ္ကေနစျပီး တစ္ႏွစ္၀င္ေငြ ေပါင္၅သန္း ဆံုးရွံဳးရေတာ့မွာပါ။ ဘက္ခမ္းဟာ အဂၤလန္နာမည္ၾကီး မီဒီယာတစ္ခုျဖစ္တဲ့ Skysport နဲ႔ ၄ႏွစ္စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုထားသူျဖစ္ျပီး တစ္ႏွစ္ေပါင္၅သန္း ပံုမွန္၀င္ေငြရေနတာ ျဖစ္ပါတယ္။

အဆုိပါစာခ်ဳပ္ဟာ မၾကာေသးခင္က ကုန္ဆံုးသြားခဲ့ျပီး Skysport ဘက္ကလည္း စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ေတာ့မွာ မဟုတ္ဘူးလို႔ ေၾကညာခဲ့တာေၾကာင့္ ေနရင္းထုိင္ရင္္း ေပါင္၅သန္း ဆံုးရွံဳးရေတာ့မွာပါ။

ေပါင္၅သန္းဆိုတဲ့ ၀င္ေငြပမာဏဟာ ဂ်ာဂ်င္ကေလာ့ပ္လို နည္းျပတစ္ဦးရဲ႔ တစ္ႏွစ္လစာေလာက္ ရွိတာေၾကာင့္ နည္းတဲ့ပိုက္ဆံေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လဲ အျခားေသာ စပြန္ဆာစာခ်ဳပ္ေတြ မ်ားစြာရွိေနေသးတဲ့ ဘက္ခမ္းအတြက္ကေတာ့ ၾကီးမားတဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။

Credit:ထက္ေအာင္(momolay)

Yxy9vtgyi3tzl5lqy6rn

Unicodeဖြင့်ဖတ်ရန်

တစ်နှစ်ပေါင်၅သန်းဆုံးရှုံးပြီး ဝင်ငွေလျော့တော့မယ့် ဒေးဗစ်ဘက်ခမ်း

ကမ္ဘာကျော် ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးလောကကနေ အနားယူသွားခဲ့ပေမယ့် လက်ရှိအချိန်အထိ ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးတွေ စပွန်ဆာစာချုပ်တွေနဲ့ ရပ်တည်နေခဲ့သူဖြစ်ပြီး ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းနဲ့အတူ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။

ဒါပေမယ့်လဲသူဟာ ယခုနှစ်ကနေစပြီး တစ်နှစ်ဝင်ငွေ ပေါင်၅သန်း ဆုံးရှုံးရတော့မှာပါ။ ဘက်ခမ်းဟာ အင်္ဂလန်နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ Skysport နဲ့ ၄နှစ်စပွန်ဆာစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး တစ်နှစ်ပေါင်၅သန်း ပုံမှန်ဝင်ငွေရနေတာ ဖြစ်ပါတယ်။

အဆိုပါစာချုပ်ဟာ မကြာသေးခင်က ကုန်ဆုံးသွားခဲ့ပြီး Skysport ဘက်ကလည်း စာချုပ်သစ် ထပ်ချုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာကြောင့် နေရင်းထိုင်ရင်း ပေါင်၅သန်း ဆုံးရှုံးရတော့မှာပါ။

ပေါင်၅သန်းဆိုတဲ့ ဝင်ငွေပမာဏဟာ ဂျာဂျင်ကလော့ပ်လို နည်းပြတစ်ဦးရဲ့ တစ်နှစ်လစာလောက် ရှိတာကြောင့် နည်းတဲ့ပိုက်ဆံတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အခြားသော စပွန်ဆာစာချုပ်တွေ များစွာရှိနေသေးတဲ့ ဘက်ခမ်းအတွက်ကတော့ ကြီးမားတဲ့ အနေအထားတော့ မဟုတ်ပါဘူး။

Credit:ထက်အောင်(momolay)