ZawGyiဖြင့်ဖတ်ရန်





Source : 7day Daily


Credit:Duwun

Unicodeဖြင့်ဖတ်ရန်

သီတင်းကျွတ်လပြည့်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ ဖော်ကာတို့ စုံတွဲ

ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။
အဆိုတော် ဖော်ကာနဲ့ ချစ်သူကောင်မလေး ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)က ကျင်းပပြုလုပ်ခဲ့ပါတယ်။
မင်္ဂဠာလက်မှတ်တရေးပွဲကို ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖော်ကာနဲ့ ချစ်သူကောင်မလေးတို့ဟာ ၂၀၁၂ခုနှစ်ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ ချစ်သူသက်တမ်း လေးနှစ်ခွဲကြာမှာ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ချစ်သူကောင်မလေးက ဖော်ကာရဲ့ အပေါ်မှာ အရမ်းကို နားလည်ပေးသလို တစ်ယောက်နဲ့ တစ်ယောက် အလျှော့အတင်းလေးတွေနဲ့ သစ္စာရှိတဲ့ မိသားစုဖြစ်အောင် ကြိုးစားသွားမှာပါလို့လည်း ဖော်ကာက ပြောပါတယ်။

“သူက ကျွန်တော့်ကို အရမ်း နားလည်ပေးတယ်။ ကျွန်တော် လည်း သူ့ကို ပြန်နားလည်ပေးနိုင် တယ်။ တစ်ယောက်နဲ့ တစ် ယောက် အလျှော့အတင်းလေး လုပ်ပေးရတာပေါ့။ တစ်ခါတ လေရန်ဖြစ်တာမျိုးရှိတယ်။ ပြီးရင် ပြန်တည့်သွားတယ်။ အရမ်းထွေ ထွေထူးထူးကြီး မရှိပါဘူး။ သစ္စာ ရှိတဲ့ မိသားစုလေးဖြစ်အောင်ကြိုး စားမှာပါ။ အလုပ်တွေလည်း အ ရင်ကထက် ပိုလုပ်ဖြစ်မယ်။ ပိုက် ဆံပိုရှာဖြစ်မယ်’’လို့ ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုတော့ အောက်တိုဘာ(၈)ရက်နေ့ နံနက် Melia ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပထမဆုံးတစ်ကိုယ်တော်အခွေကို ကြီးကြီးကျယ်ကျယ်လေး ဖြစ်စေချင်တဲ့ နိုင်းဝမ်း: နိုင်ငံရေး မတည်ငြိမ်တာလေးတွေရှိသေးတယ်။
ပထမဆုံးတစ်ကိုယ်တော်အခွေကို ကြီးကြီးကျယ်ကျယ်လေး ဖြစ်စေချင်တဲ့ နိုင်းဝမ်း
နိုင်ငံရေး မတည်ငြိမ်တာလေးတွေရှိသေးတယ်။

Source : 7day Daily

Photo : ပွင့်ဖြူအောင် ဖေ့စ်ဘွတ်

Credit:Duwun