ZawGyiဖြင့်ဖတ်ရန်




Credit :Sunday Journal

Unicodeဖြင့်ဖတ်ရန်

မီဒီယာတွေကို တလေးတစား တောင်းပန်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ယနေ့ကျင်းပခဲ့တဲ့ Full Mon Night Show ပွဲမှာ မီဒီယာတွေရဲ့အင်တာဗျူ းတွေကိုမဖြေဖြစ်တာနဲ့ပတ်သက်ပြီး အဆိုတော်”စိုင်းစိုင်းခမ်းလှိုင်”က”ဆရာ/ဆရာမများကို လေးစားအားနာစွာတောင်းပန်ပါရစေ။

ကျနော်ဟာ သီချင်းဆိုပွဲတွေမှာ အလွန်အမင်းစိတ်နှစ်ပြီး ဖျော်ဖြေတတ်သူဖြစ်ပါသောကြောင့်ပွဲမဆိုခင် နာရီပိုင်းမှာ စိတ်လှုပ်ရှားတာမျိုး အေးဆေးတည်ငြိမ်ဖို့ ကြိုးစားနေတာမျိုးကြောင့်အင်တာဗျူးဖြေဖို့ အခက်အခဲရှိတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်

ပွဲဆိုပြီးတဲ့အချိန်မျိုးမှာလည်း အသားကုန်ခုန်ပေါက် ဖျော်ဖြေထားတာကြောင့် ပင်ပန်းနွမ်းနယ်နေတာမျိုးကိုလည်း နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်”လို့၎င်းကဆိုပါတယ်။

Credit :Sunday Journal