ZawGyiဖြင့်ဖတ်ရန်



Share From:LyhealthCare

Unicodeဖြင့်ဖတ်ရန်

မိသားစုအတွက်တော့ သူရဲကောင်းဖြစ်ခဲ့တယ် ဆိုတဲ့ ဇာဇာထက်

Photo Model ဇာဇာထက်ဟာ Sexy Post တွေနဲ့ လူသိများထင်ရှားလာသူပါ ။
သူမဟာ မိသားစုကိစ္စနဲ့ ပါတ်သတ်ပြီး ဖွင့်ဟပြောလေ့သိပ်မရှိပေမယ့် သီတင်းကျွတ်လပြည့်နေ့ မောင်လေးဖြစ်သူတို့စုံတွဲ လာကန်တော့စဉ်မှာတော့
ဝမ်းနည်းသွားဟန်ရှိပြီး … သူမရဲ့ခံစားချက်ကို အောက်ပါအတိုင်း ဖွင့်ဟလိုက်ပါတယ် ။
” သီတင်းကျွတ်လပြည့်နေ့မှာမောင်လေးကအမေ🙏မရှိ😔တဲ့နောက်ပိုင်းအမကြီးအမိအရာဆိုတော့အမေ့
အစားကျွန်မကိုလာကန်တော့တာအမေ့ကိုသတိရသွားပြီး
ငိုချင်တရ်,ကျွန်မငိုလိုက်ရင်မောင်လေးစိတ်မကောင်းမှာစိုးလို့
မချိပြုံးလေးပြုံးပြခဲ့ပါတရ်,ကျွန်မဘယ်လောက်ပဲစိတ်ဓာတ်မာ
ကျောတရ်ပြောပြောဒါမျိုးလာကန်တော့တော့လဲအသည်းမမာနိုင်ပါဘူး,ဆယ်စုနှစ်တခုစာမကအဖေနဲ့အမေကွဲ/အမေမသေခင်အမေလေဖြတ်ပြီးထဲကမိသားစု
တာဝန်ကိုပခုံးပြောင်းလွှဲယူပြီးမနိုင်ဝန်ထမ်းမိသားစုညီအကို
မောင်နှမကွယ်ရာမျက်ရည်ကျခဲ့ရတဲ့ရက်တွေအများကြီးပါ
ဒါပေမဲ့ကျွန်မပျိုးထောင်ပြုစုခဲ့တဲ့မောင်လေးကအရွယ်ရောက်
လာလို့သူ့အလုပ်အကိုင်နဲ့သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေတဲ့အချိန်မှာကျွန်မ
ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ဝမ်းသာမိပါတရ်,အမေမသေ
ခင်အမေ့ကိုလူတန်းစေ့ထားနိုင်ခဲ့တဲ့အတွက်လည်းကျွန်မ
ပင်ပန်းရကျိုးနပ်ခဲ့တရ်,ကျွန်မမိသားစုအတွက်ကျွန်မက
အားလုံးနားခိုလို့ရမဲ့သစ်ပင်ကြီးတစ်ပင်ပဲအမြဲဖြစ်ချင်ခဲ့တာပါ
ကျွန်မတိုင်းပြည်အတွက်သူရဲကောင်းမဟုတ်ခဲ့ပေမဲ့ကျွန်မ
မိသားစုအတွက်တော့ကျွန်မသူရဲကောင်းတစ်ယောက်ပါ😭 ” တဲ့ …
မိသားစုအတွက် ပင်ပင်ပန်းပန်း အလုပ်ကြိုးစား ရုန်းကန်ခဲ့တဲ့ ဇာဇာထက်အတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိတ်သတ်ကြီးရေ …
သတင်းအရင်းမြစ် : Zar Zar Htet