ဓာတ္ပုံ - E4

ZawGyiျဖင့္ဖတ္ရန္

ဒီမဂၤလာပြဲဟာ စိတ္ကူးယဥ္အိပ္မက္ထဲက မဂၤလာပြဲတခုလို ျဖစ္ေနမွာပါ။

ဘာလို႔လဲဆိုေတာ့ သတို႔သမီးျဖစ္တဲ့ ယက္စ္မင္ဟာ ငယ္ငယ္တည္းက စိတ္ကူးယဥ္ခဲ့ရဖူးတဲ့ သူ႔ရဲ႕ မဂၤလာပြဲအခမ္းအနားကို ထင္မွတ္မထားတဲ့ ပံုစံနဲ႔ ဆင္ႏႊဲခဲ့ရလို႔ပါပဲ။

သူတို႔ရဲ႕မဂၤလာပြဲဟာ နာမည္ႀကီး ဒစၥေနး႐ုပ္ရွင္ Beauty and The Beast ရဲ႕ ဇာတ္ဝင္ခန္းထဲကအတိုင္း စီစဥ္က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။

သတို႔သားျဖစ္တဲ့ ရီယန္နစၥ ဗယန္နာကစ္စ္ဟာ ထူးျခားတဲ့ နာမည္ႀကီး မဂၤလာပြဲစီစဥ္သူတဦးျဖစ္ၿပီး သူ႔ရဲ႕မဂၤလာပြဲကိုလည္း အံ့အားသင့္ဖြယ္ျဖစ္ေအာင္ ကိုယ္တိုင္စီစဥ္ခဲ့တာပါ။

“ဒီမဂၤလာပြဲဟာ မိန္းကေလးတိုင္းလိုခ်င္တဲ့ ပံုစံမ်ိဳးပါပဲ။ ပံုျပင္ဆန္တဲ့ မဂၤလာပြဲကေန အရာအားလံုးဟာ ေမွ်ာ္လင့္ထားတဲ့အတိုင္းခ်ည္းပဲ မဟုတ္ဘူးဆိုတာ ျပခ်င္တာဗ်။”

သူဟာ ခုလိုဆင္ႏႊဲႏိုင္ဖို႔ ႐ုပ္ရွင္ဇာတ္ဝင္ခန္းထဲကအတိုင္း ဝတ္စံုေတြ၊ ရဲတိုက္ အေဆာက္အအံု ပါဝင္တဲ့ ေတာအုပ္နဲ႔ စိတ္ဆိုးေဒါသထြက္ေနၾကတဲ့ လူအုပ္စုႀကီးေတြကိုပါ ငွားရမ္း စီစဥ္ခဲ့ရတာလို႔ ဆိုပါတယ္။

ရဲတိုက္အေဆာက္အအံုပါတဲ့ ေတာအုပ္ကေတာ့ ငွားရမ္းခေငြ ေပါင္ ၁၀၀၀ ကုန္က်ခဲ့ၿပီး သတို႔သမီးအရံ ၃ ေယာက္အတြက္ ဝတ္စံုေတြကေတာ့ ေပါင္ ၁၅၀ ကုန္က်ခဲ့တယ္လို႔ ဆိုပါတယ္။

ႀကိဳတင္စီစဥ္ထားခဲ့ေပမယ့္ မဂၤလာပြဲ မတိုင္ခင္ တရက္အလိုမွာ သတို႔သမီးဝတ္စံု အဝါေရာင္ေတာက္ေတာက္ႀကီးအတြက္ မိခင္၊ ညီမျဖစ္သူနဲ႔ သူငယ္ခ်င္းေတြက မႏွစ္ၿမိဳ႕ခဲ့ၾကပါဘူး။

“ေနာက္တေန႔အတြက္ တကယ့္ကုိ ထိတ္လန္႔ေနၿပီး စိတ္ဖိစီးမႈ မ်ားခဲ့ရတယ္” လို႔ သတို႔သမီးျဖစ္သူ ယက္စ္မင္က ေျပာပါတယ္။

သတို႔သမီးရဲ႕ ညီမျဖစ္သူကေတာ့ “သူ႔မွာ မ်က္ရည္ေတြနဲ႔။ ထိတ္လန္႔စရာပါပဲ။ တကယ္လို႔မ်ား ဝတ္စံုအျဖဴေရာင္ဆိုရင္ ပိုေကာင္းမလားလို႔” ဆိုၿပီး ေျပာခဲ့ပါတယ္။

တကယ့္ အခမ္းအနားက်င္းပခ်ိန္မွာေတာ့ ပရိသတ္ေတြေရာ သတုိ႔သမီးကိုပါ အံ့အားသင့္ေစခဲ့ၿပီး ေတာအုပ္ထဲက Beauty and The Beast ႐ုပ္ရွင္ဆန္တဲ့ မဂၤလာပြဲဟာ အထေျမာက္ခဲ့ရပါတယ္။

ယက္စ္မင္က “က်မဘယ္သူဆိုတာကို သူသိတယ္။ က်မ ဘာကိုႏွစ္သက္သလဲ ဆိုတာလည္း သူက သိပါတယ္။ ဒါေၾကာင့္ ခုလိုမ်ိဳး ေရြးခ်ယ္ခဲ့တာေပါ့” လို႔ ငို႐ႈိက္သံတဝက္နဲ႔ ေျပာလိုက္ပါတယ္။

Credit:DVB

Unicodeဖြင့်ဖတ်ရန်

နာမည်ကြီးဒစ္စနေးရုပ်ရှင် လှယမင်းနှင့် လူကြမ်းကြီးအသွင် ဆင်နွှဲခဲ့သည့် အံ့ဖွယ်မင်္ဂလာပွဲ

ဒီမင်္ဂလာပွဲဟာ စိတ်ကူးယဉ်အိပ်မက်ထဲက မင်္ဂလာပွဲတခုလို ဖြစ်နေမှာပါ။

ဘာလို့လဲဆိုတော့ သတို့သမီးဖြစ်တဲ့ ယက်စ်မင်ဟာ ငယ်ငယ်တည်းက စိတ်ကူးယဉ်ခဲ့ရဖူးတဲ့ သူ့ရဲ့ မင်္ဂလာပွဲအခမ်းအနားကို ထင်မှတ်မထားတဲ့ ပုံစံနဲ့ ဆင်နွှဲခဲ့ရလို့ပါပဲ။

သူတို့ရဲ့မင်္ဂလာပွဲဟာ နာမည်ကြီး ဒစ္စနေးရုပ်ရှင် Beauty and The Beast ရဲ့ ဇာတ်ဝင်ခန်းထဲကအတိုင်း စီစဉ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

သတို့သားဖြစ်တဲ့ ရီယန်နစ္စ ဗယန်နာကစ်စ်ဟာ ထူးခြားတဲ့ နာမည်ကြီး မင်္ဂလာပွဲစီစဉ်သူတဦးဖြစ်ပြီး သူ့ရဲ့မင်္ဂလာပွဲကိုလည်း အံ့အားသင့်ဖွယ်ဖြစ်အောင် ကိုယ်တိုင်စီစဉ်ခဲ့တာပါ။

“ဒီမင်္ဂလာပွဲဟာ မိန်းကလေးတိုင်းလိုချင်တဲ့ ပုံစံမျိုးပါပဲ။ ပုံပြင်ဆန်တဲ့ မင်္ဂလာပွဲကနေ အရာအားလုံးဟာ မျှော်လင့်ထားတဲ့အတိုင်းချည်းပဲ မဟုတ်ဘူးဆိုတာ ပြချင်တာဗျ။”

သူဟာ ခုလိုဆင်နွှဲနိုင်ဖို့ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲကအတိုင်း ဝတ်စုံတွေ၊ ရဲတိုက် အဆောက်အအုံ ပါဝင်တဲ့ တောအုပ်နဲ့ စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးတွေကိုပါ ငှားရမ်း စီစဉ်ခဲ့ရတာလို့ ဆိုပါတယ်။

ရဲတိုက်အဆောက်အအုံပါတဲ့ တောအုပ်ကတော့ ငှားရမ်းခငွေ ပေါင် ၁၀၀၀ ကုန်ကျခဲ့ပြီး သတို့သမီးအရံ ၃ ယောက်အတွက် ဝတ်စုံတွေကတော့ ပေါင် ၁၅၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

ကြိုတင်စီစဉ်ထားခဲ့ပေမယ့် မင်္ဂလာပွဲမတိုင်ခင် တရက်အလိုမှာ သတို့သမီးဝတ်စုံ အဝါရောင်တောက်တောက်ကြီးအတွက် မိခင်၊ ညီမဖြစ်သူနဲ့ သူငယ်ချင်းတွေက မနှစ်မြို့ခဲ့ကြပါဘူး။

“နောက်တနေ့အတွက် တကယ့်ကို ထိတ်လန့်နေပြီး စိတ်ဖိစီးမှု များခဲ့ရတယ်” လို့ သတို့သမီးဖြစ်သူ ယက်စ်မင်က ပြောပါတယ်။

သတို့သမီးရဲ့ ညီမဖြစ်သူကတော့ “သူ့မှာ မျက်ရည်တွေနဲ့။ ထိတ်လန့်စရာပါပဲ။ တကယ်လို့များ ဝတ်စုံအဖြူရောင်ဆိုရင် ပိုကောင်းမလားလို့” ဆိုပြီး ပြောခဲ့ပါတယ်။

တကယ့် အခမ်းအနားကျင်းပချိန်မှာတော့ ပရိသတ်တွေရော သတို့သမီးကိုပါ အံ့အားသင့်စေခဲ့ပြီး တောအုပ်ထဲက Beauty and The Beast ရုပ်ရှင်ဆန်တဲ့ မင်္ဂလာပွဲဟာ အထမြောက်ခဲ့ရပါတယ်။

ယက်စ်မင်က “ကျမဘယ်သူဆိုတာကို သူသိတယ်။ ကျမ ဘာကိုနှစ်သက်သလဲ ဆိုတာလည်း သူက သိပါတယ်။ ဒါကြောင့် ခုလိုမျိုး ရွေးချယ်ခဲ့တာပေါ့” လို့ ငိုရှိုက်သံတဝက်နဲ့ ပြောလိုက်ပါတယ်။

Credit:DVB