ZawGyiဖြင့်ဖတ်ရန်
သဘာဝမင်းသားလို့ တင်စားခေါ်ဆိုထားခံရသူ မင်းသားချောနေမင်းက သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဓါးတစ်လက်ရဲ့အသုံးဝင်ပုံကို အနုပညာသမားများရဲ့ နှိုင်းယှဉ်ရေးသား ဖော်ပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Unicodeဖြင့်ဖတ်ရန်
နေမင်းပြောပြခဲ့တဲ့ ဓားတစ်လက်ရဲ့ အသုံးဝင်ပုံ
သဘာဝမင်းသားလို့ တင်စားခေါ်ဆိုထားခံရသူ မင်းသားချောနေမင်းက သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဓါးတစ်လက်ရဲ့အသုံးဝင်ပုံကို အနုပညာသမားများရဲ့ နှုှိင်းယှဉ်ရေးသား ဖော်ပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လူတစ်ယောက်ကို သေစေနိုင်သော လက်နက်အဖြင့် အသုံးပြုခွင့်ရှိတယ်။ အဟာရအတွက် ချက်ပြုတ်ရန် အသုံးပြုခွင့်လည်း ရှိပြန်တယ်။ သွားလိုရာကိုသွားဖို့ ခုတ်ထွင်ရှင်းလင်းခြင်းကိုလည်း ပေးစွမ်းနိုင်တယ်။
လိုအပ်လာရင် ကျန်းမားရေးအတွက် ခွဲစိတ်ခြင်းကိုလည်း ပြုနိုင်တယ်။ ခင်ဗျားမှာ အနုပညာစွမ်းအား အရမ်းမြင့်မားနေပြန်ရင် ဓားခြစ် ပန်းချီကဲ့သို့သော အနုပညာပုံဖော် အကူသုံးပစ္စည်းအဖြင့် အသုံးပြုခွင့်လည်း ရှိပြန်တယ်။ ဆိုလိုတာကတော့ဗျာ။
ဓားဆိုတာ အရာရာကို ပေးနိုင်စွမ်းတယ်။ တစ်ခုတော့ရှိတယ်မိတ်ဆွေ ခင်ဗျားဒီဓား ကို ဘာအတွက်များ ကိုင်လိုက်တာလဲတော့ သိချင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့ ဓားကိုင် စွမ်းရည်ဟာ ခင်ဗျားဘဝရဲ့ အဖြေ ဖြစ်နေတယ်။
မိတ်ဆွေ ခင်ဗျားက ဒီဓားကို ဆော့ကစားဖို့သတ်သတ် ကိုင်တတ်ခဲ့မယ်ဆိုရင် မကြာခင် မိတ်ဆွေရဲ့ရင်ခွင် မြဲမြန်ထိုးဝင် ပြန်နုတ်ရန်ပင် ခတ်ခဲသောအရာသည် ဓားပင်ဖြစ်သည်။ မိတ်ဆွေ အနုပညာလုပ်သား = ဓားဟု ဆိုလိုခြင်းဖြစ်သည် ”
Photo Credit : Nay Min Facebook
Credit:STH ( HtooDaily.com )