ZawGyiျဖင့္ဖတ္ရန္

ခ်စ္သူသက္တမ္း ေလး ႏွစ္ေက်ာ္ၿပီျဖစ္ေသာ္လည္း အႏု ပညာအလုပ္မ်ား ဆက္လက္လုပ္ ကိုင္လိုေသာေၾကာင့္ အိမ္ေထာင္ ေရးကို မစဥ္းစားေသးေၾကာင္း သ႐ုပ္ေဆာင္၊အဆိုေတာ္ ခ်စ္စႏိုး ဦးက ေျပာသည္။
‘‘မဂၤလာသတင္းကေတာ့ လိုပါေသးတယ္။ စႏိုးအလုပ္ေတြ လုပ္ခ်င္ပါေသးတယ္။ ငယ္ငယ္ က ကိုယ္မွန္းခဲ့တာက ၂၈၊ ၂၉၊ ၃၀ ေလာက္ေပါ့။ ဒါေပမဲ့ ဖူးစာ လည္းလိုေသးတာေပ့ါ။ အခုေတာ့ ၃၀ ေက်ာ္ၿပီ။ ကိုယ္မွန္းထားတဲ့အ တုိင္းလည္း ျဖစ္မလာတဲ့အတြက္ Target လည္း မထားေတာ့ဘူး။ ဖူးစာပါတဲ့အခ်ိန္၊ ကံပါတဲ့အခ်ိန္ ယူျဖစ္မွာပဲ။ အဲဒါႀကီးကို စိတ္ထဲ ထည့္မထားဘူး။ အခ်ိန္တန္ရင္ ေတာ့ ယူၾကမွာပါ။ သူလည္း သူ လုပ္စရာရွိတာ သူလုပ္ေပါ့။ အ ခ်ိန္တန္ရင္ေတာ့၊ အခ်ိန္တစ္ခု ေရာက္ရင္ေတာ့ ယူၾကမယ္ဆုိၿပီး သတ္မွတ္ထားပါတယ္’’ဟု ၎ က ေျပာသည္။

ဝါကြၽတ္ခါနီးေသာေၾကာင့္ မဂၤလာေဆာင္ႏွင့္ပတ္သက္သည့္ ႐ိႈးပြဲမ်ား၊ ဓာတ္ပံုမ်ား အ႐ိုက္မ်ား ေနၿပီး လွလွပပဝတ္ကာ ႐ိႈး ေလွ်ာက္ရျခင္းကို ႏွစ္သက္သည့္ ခ်စ္စႏိုးဦးက ငယ္ငယ္ကတည္း က စိတ္ကူးယဥ္ခဲ့သည့္ မဂၤလာပြဲ အခမ္းအနားအေၾကာင္း ယခုလို ေျပာသည္။

‘‘တခ်ိဳ႕ဆို ငါမဂၤလာေဆာင္ ရင္ ဘယ္လိုေလးဝတ္မယ္၊ ဆင္ မယ္ဆုိၿပီး စိတ္ကူးရွိတယ္။ ကိုယ္ ကေတာ့ ငယ္ငယ္ေလးကတည္း က အဲဒီလို စိတ္ကူးမရွိဘူး။ ငယ္ ငယ္ေလးကတည္းက စိတ္ကူးက ႀကီးလာရင္ ကိုယ့္ဟာကိုယ္ ႐ံုး တက္လက္မွတ္ထုိးတာပဲျဖစ္ျဖစ္၊ ဘုန္းႀကီးေက်ာင္းမွာပဲျဖစ္ျဖစ္ လုပ္ၿပီးသြားရင္ ကုန္က်စရိတ္ အားလံုးကို လွဴခ်င္တယ္။ အဲဒါ ငယ္ငယ္ေလးကတည္းက အိပ္ မက္ပါ’’ဟု ဆုိသည္။

၎၏ ဖခင္က်န္းမာေရး အေျခအေနေၾကာင့္ အႏုပညာအ လုပ္မ်ားႏွင့္ ၂ ႏွစ္ခန္႔ အဆက္အ သြယ္ျပတ္ခဲ့ရေသာေၾကာင့္ လက္ ရွိတြင္ အႏုပညာအလုပ္မ်ား အတိုးခ်၍ ျပန္လည္လုပ္ကိုင္ေန သည္။

‘‘မၾကည္လဲ့လဲ့ဦးတုိ႔ စီစဥ္တဲ့ နာရီဝက္စာ ဇာတ္လမ္းတိုေလး မွာ အစ္မျပန္႐ိုက္ေနတယ္။ ႐ုပ္ ရွင္ကား၊ ဗီဒီယိုကားအေနနဲ႔သာ အစ္မမ႐ိုက္ျဖစ္တာပါ။ ဗီဒီယိုနဲ႔ ႐ုပ္ရွင္မ႐ိုက္တာ ၾကားထဲမွာ ၂ ႏွစ္ေက်ာ္ေလာက္ေပါ့။ ကား႐ိုက္ က အစ္မနားလိုက္တဲ့အတြက္ တခ်ိဳ႕က မလုပ္ဘူးလို႔ထင္ၾက တယ္။ သ႐ုပ္ေဆာင္ဘက္နဲ႔ နည္း နည္းအဆက္အသြယ္ျပတ္သြား တာေပါ့။ သိတဲ့သူေတြကေတာ့ လာေခၚၾကပါတယ္’’ဟု ခ်စ္စႏိုးဦးက ေျပာသည္။

Credit:7Daydaily

Unicodeဖြင့်ဖတ်ရန်

အိမ်ထောင်ပြုဖို့ မစဉ်းစားသေးတဲ့ ချစ်စနိုးဦး

ချစ်သူသက်တမ်း လေး နှစ်ကျော်ပြီဖြစ်သော်လည်း အနု ပညာအလုပ်များ ဆက်လက်လုပ် ကိုင်လိုသောကြောင့် အိမ်ထောင် ရေးကို မစဉ်းစားသေးကြောင်း သရုပ်ဆောင်၊အဆိုတော် ချစ်စနိုး ဦးက ပြောသည်။
‘‘မင်္ဂလာသတင်းကတော့ လိုပါသေးတယ်။ စနိုးအလုပ်တွေ လုပ်ချင်ပါသေးတယ်။ ငယ်ငယ် က ကိုယ်မှန်းခဲ့တာက ၂၈၊ ၂၉၊ ၃၀ လောက်ပေါ့။ ဒါပေမဲ့ ဖူးစာ လည်းလိုသေးတာပေ့ါ။ အခုတော့ ၃၀ ကျော်ပြီ။ ကိုယ်မှန်းထားတဲ့အ တိုင်းလည်း ဖြစ်မလာတဲ့အတွက် Target လည်း မထားတော့ဘူး။ ဖူးစာပါတဲ့အချိန်၊ ကံပါတဲ့အချိန် ယူဖြစ်မှာပဲ။ အဲဒါကြီးကို စိတ်ထဲ ထည့်မထားဘူး။ အချိန်တန်ရင် တော့ ယူကြမှာပါ။ သူလည်း သူ လုပ်စရာရှိတာ သူလုပ်ပေါ့။ အ ချိန်တန်ရင်တော့၊ အချိန်တစ်ခု ရောက်ရင်တော့ ယူကြမယ်ဆိုပြီး သတ်မှတ်ထားပါတယ်’’ဟု ၎င်း က ပြောသည်။

ဝါကျွတ်ခါနီးသောကြောင့် မင်္ဂလာဆောင်နှင့်ပတ်သက်သည့် ရှိုးပွဲများ၊ ဓာတ်ပုံများ အရိုက်များ နေပြီး လှလှပပဝတ်ကာ ရှိုး လျှောက်ရခြင်းကို နှစ်သက်သည့် ချစ်စနိုးဦးက ငယ်ငယ်ကတည်း က စိတ်ကူးယဉ်ခဲ့သည့် မင်္ဂလာပွဲ အခမ်းအနားအကြောင်း ယခုလို ပြောသည်။

‘‘တချို့ဆို ငါမင်္ဂလာဆောင် ရင် ဘယ်လိုလေးဝတ်မယ်၊ ဆင် မယ်ဆိုပြီး စိတ်ကူးရှိတယ်။ ကိုယ် ကတော့ ငယ်ငယ်လေးကတည်း က အဲဒီလို စိတ်ကူးမရှိဘူး။ ငယ် ငယ်လေးကတည်းက စိတ်ကူးက ကြီးလာရင် ကိုယ့်ဟာကိုယ် ရုံး တက်လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် လုပ်ပြီးသွားရင် ကုန်ကျစရိတ် အားလုံးကို လှူချင်တယ်။ အဲဒါ ငယ်ငယ်လေးကတည်းက အိပ် မက်ပါ’’ဟု ဆိုသည်။

၎င်း၏ ဖခင်ကျန်းမာရေး အခြေအနေကြောင့် အနုပညာအ လုပ်များနှင့် ၂ နှစ်ခန့် အဆက်အ သွယ်ပြတ်ခဲ့ရသောကြောင့် လက် ရှိတွင် အနုပညာအလုပ်များ အတိုးချ၍ ပြန်လည်လုပ်ကိုင်နေ သည်။

‘‘မကြည်လဲ့လဲ့ဦးတို့ စီစဉ်တဲ့ နာရီဝက်စာ ဇာတ်လမ်းတိုလေး မှာ အစ်မပြန်ရိုက်နေတယ်။ ရုပ် ရှင်ကား၊ ဗီဒီယိုကားအနေနဲ့သာ အစ်မမရိုက်ဖြစ်တာပါ။ ဗီဒီယိုနဲ့ ရုပ်ရှင်မရိုက်တာ ကြားထဲမှာ ၂ နှစ်ကျော်လောက်ပေါ့။ ကားရိုက် က အစ်မနားလိုက်တဲ့အတွက် တချို့က မလုပ်ဘူးလို့ထင်ကြ တယ်။ သရုပ်ဆောင်ဘက်နဲ့ နည်း နည်းအဆက်အသွယ်ပြတ်သွား တာပေါ့။ သိတဲ့သူတွေကတော့ လာခေါ်ကြပါတယ်’’ဟု ချစ်စနိုးဦးက ပြောသည်။

Credit:7Daydaily