ZawGyiျဖင့္ဖတ္ရန္

ေမာ္လၿမိဳင္ၿမိဳ႕၊ ငန္းေတးရပ္ကြက္၊ ဝန္ႀကီးအိမ္ရာဝင္းတြင္ ေအာက္တိုဘာ ၃ ရက္ေန႔က မြန္ျပည္နယ္အစိုးရအဖဲြ႕ဝင္ ဥပေဒခ်ဳပ္ ေဒၚေအးေအးမို႔ ေနအိမ္အတြင္းမွ လက္ပတ္နာရီႏွစ္လံုး ဝင္ေရာက္အခိုးခံခဲ႔ရေၾကာင္း ေဇယ်ာသီရီနယ္ေျမရဲစခန္းမွ သိရသည္။

မြန္ျပည္နယ္အစိုးရအဖဲြ႕ဝင္ ဥပေဒခ်ဳပ္ ေဒၚေအးေအးမို႔သည္ မြန္ျပည္နယ္ဥပေဒခ်ဳပ္႐ံုးမွ ႐ံုးဆင္း၍ ဝန္ႀကီးမ်ားအိမ္ရာရွိ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာစဥ္ ေနအိမ္အတြင္းရွိ သံဘီဒိုမွာ ပြင့္ဟေန၍ မသကၤာျဖစ္ကာ ပစၥည္းမ်ားအား ၾကည့္႐ႈစစ္ေဆးခဲ႔ရာတြင္ CITIZEN ၊ ECO- DRIVE အမ်ဳိးအစား ေလးသိန္းတန္ နာရီတစ္လံုးႏွင့္ ROMANSON အမ်ဳိးအစား ႏွစ္သိန္းတန္ နာရီတစ္လုံးတို႔ ေပ်ာက္ဆံုး ေနသျဖင့္ ေနအိမ္အႏွံ႕လိုက္လံရွာေဖြေသာ္လည္း မေတြ႕ရွိဘဲ ေပ်ာက္ဆံုးခဲ႔ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

” ဒီကိစၥက ေတာ္ေတာ္နက္နဲလြန္းတယ္၊ အိမ္တံခါးေတြလည္း ေသာ့ခတ္ထားတယ္၊ အိမ္ရာဝင္းမွာ ေဆာက္လုပ္ေရးအလုပ္သမားေတြလည္း မရွိဘူး၊ အိမ္ၿခံေသာ့ေတြလည္း တစ္ခုမွ ဖ်က္ဆီးထားတာ မေတြ႕ဘူး၊ ကြ်န္ေတာ္တို႔ စစ္ေဆးေတြ႕ခ်က္က ဘာေျခရာလက္ရာမွ ပ်က္ေနတာမေတြ႕ခဲ႔ရဘူး”ဟု မြန္ျပည္နယ္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက သုံးသပ္ေျပာဆိုသည္။

ယင္းအိမ္ရာဝင္းအတြင္း မြန္ျပည္နယ္အစိုးရအဖဲြ႕ဝင္ ဝန္ႀကီးခ်ဳပ္အပါအဝင္ ဝန္ႀကီးမ်ားေနထိုင္ၿပီး ရဲတပ္ဖဲြ႕ဝင္မ်ား လံုၿခံဳေရးအျပည့္အဝေဆာင္ရြက္ထားရွိသည့္ ေနရာတစ္ခုလည္း ျဖစ္သည္။

အဆိုပါ လက္ပတ္နာရီႏွစ္လံုး ဝင္ေရာက္ခိုးယူသြားသူကို စုံစမ္းေဖာ္ထုတ္အေရးယူႏိုင္ရန္ ေဒၚေအးေအးမို႔က တိုင္ၾကားသျဖင့္ ေဇယ်ာသီရိနယ္ေျမရဲစခန္းမွ (ပ) ၂၃၁/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၀ အရ အမႈဖြင့္ထားၿပီး ေနအိမ္အတြင္း ဝင္ေရာက္ခိုးယူသည့္ တရားခံဖမ္းမိႏိုင္ေရးအတြက္ လိုက္လံစုံစမ္း ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲအရာရွိတစ္ဦးက
ဆိုသည္။

Credit:Mizzima

Unicodeဖြင့်ဖတ်ရန်

ဥပဒေချုပ်နေအိမ်အတွင်းမှ လက်ပတ်နာရီ နှစ်လုံး ခိုးယူခံရ

မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ဝန်ကြီးအိမ်ရာဝင်းတွင် အောက်တိုဘာ ၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအေးမို့ နေအိမ်အတွင်းမှ လက်ပတ်နာရီနှစ်လုံး ဝင်ရောက်အခိုးခံခဲ့ရကြောင်း ဇေယျာသီရီနယ်မြေရဲစခန်းမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအေးမို့သည် မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ရုံးဆင်း၍ ဝန်ကြီးများအိမ်ရာရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ်အတွင်းရှိ သံဘီဒိုမှာ ပွင့်ဟနေ၍ မသင်္ကာဖြစ်ကာ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် CITIZEN ၊ ECO- DRIVE အမျိုးအစား လေးသိန်းတန် နာရီတစ်လုံးနှင့် ROMANSON အမျိုးအစား နှစ်သိန်းတန် နာရီတစ်လုံးတို့ ပျောက်ဆုံး နေသဖြင့် နေအိမ်အနှံ့လိုက်လံရှာဖွေသော်လည်း မတွေ့ရှိဘဲ ပျောက်ဆုံးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

” ဒီကိစ္စက တော်တော်နက်နဲလွန်းတယ်၊ အိမ်တံခါးတွေလည်း သော့ခတ်ထားတယ်၊ အိမ်ရာဝင်းမှာ ဆောက်လုပ်ရေးအလုပ်သမားတွေလည်း မရှိဘူး၊ အိမ်ခြံသော့တွေလည်း တစ်ခုမှ ဖျက်ဆီးထားတာ မတွေ့ဘူး၊ ကျွန်တော်တို့ စစ်ဆေးတွေ့ချက်က ဘာခြေရာလက်ရာမှ ပျက်နေတာမတွေ့ခဲ့ရဘူး”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယင်းအိမ်ရာဝင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနေထိုင်ပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်အဝဆောင်ရွက်ထားရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါ လက်ပတ်နာရီနှစ်လုံး ဝင်ရောက်ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဒေါ်အေးအေးမို့က တိုင်ကြားသဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၂၃၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်ထားပြီး နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့် တရားခံဖမ်းမိနိုင်ရေးအတွက် လိုက်လံစုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက
ဆိုသည်။

Credit:Mizzima