ZawGyiျဖင့္ဖတ္ရန္

တရုတ္ႏုိင္ငံက ဖိလစ္ပိုင္ႏုိင္ငံသို႔ ေအာက္တိုဘာ ၅ ရက္တြင္ ရိုင္ဖယ္ေသနတ္အလက္ ၃၀၀၀ ႏွင့္ က်ည္ဆန္ခဲယမ္းေပါင္း သုံးသန္းကို ေပးလွဴခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံ ကြီဇြန္ၿမိဳ႕ရွိ စစ္တန္လ်ားတြင္ တရုတ္သံအမတ္ႀကီး Zhao Jianhua က ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး Delfin Lorenzana ထံ ယင္းလက္နက္ခဲယမ္းမ်ား လက္လႊဲေပးအပ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေပးအပ္ပြဲတြင္ ဖိလစ္ပိုင္ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး Eduardo Ano လည္း တက္ေရာက္ေၾကာင္း EFE သတင္းဌာနက ေဖာ္ျပသည္။

“ခုလို လက္နက္ခဲယမ္းေတြ ေပးအပ္လွဴဒါန္းတယ္ဆိုတာ အိုင္အက္စ္ၾသဇာခံ စစ္ေသြးၾကြေတြကို ဖိလစ္ပိုင္က တိုက္ခုိက္ေနရတာကို တရုတ္ရဲ႕ ခိုင္မာတဲ့ ရပ္တည္ပံ့ပိုးမႈကို ထပ္ၿပီး ျပသလိုက္တာပါ။ ဒါက ဒုတိယအႀကိမ္ ေပးပို႔တာပါ။ ေနာက္ထပ္ တတိယအသုတ္ လက္နက္ေတြ ေပးလွဴတာကို လာမယ့္ႏွစ္အေစာပိုင္းမွာလည္း ထပ္ၿပီး ေပးလွဴသြားဦးမွာ ျဖစ္ပါတယ္။”ဟု Zhao က ေျပာသည္။

ဖိလစ္ပိုင္ စစ္တပ္အေနျဖင့္ ႏုိင္ငံေတာင္ပိုင္း မင္ဒါနာအိုကၽြန္းရွိ မာရာဝီၿမိဳ႕တြင္ အခုိင္အမာ ေျခကုပ္ယူထားသည့္ အစၥလာမ္မစ္စစ္ေသြးၾကြမ်ားကို တိုက္ထုတ္ေနရလ်က္ရွိသည္။ မာရာဝီၿမိဳ႕ တိုက္ပြဲမ်ားက အဆိုပါ စစ္ေသြးၾကြမ်ား ဝင္ေရာက္စီးနင္းသည့္ ေမလမွစကာ ျဖစ္ပြားလာခဲ့ျခင္း ျဖစ္သည္။

“ကၽြန္ေတာ္ ေျပာႏုိင္တယ္။ တစ္ႏွစ္ေလာက္ အခ်ိန္ေလးမွာ ကၽြန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးက ဘုံပူးေပါင္းေဆာင္ရြက္မႈ ေခတ္သစ္ဆီ ဝင္ေရာက္ခဲ့ၿပီလို႔ ကၽြန္ေတာ္ ေျပာလိုတယ္။”ဟု တရုတ္သံအမတ္ႀကီးက ဆိုသည္။

ဖိလစ္ပိုင္ႏုိင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က သမၼတ ဒူတာေတး ရာထူးတက္ခ်ိန္မွစကာ ေရရွည္မဟာမိတ္ အေမရိကန္ကို ခြာၿပီး တရုတ္ႏွင့္ ပိုမိုနီးစပ္မႈသို႔ ေရႊ႕လာခဲ့ျခင္း ျဖစ္သည္။

ေပက်င္းအေနျဖင့္ ဇြန္လကုန္တုန္းကလည္း မနီလာထံ လက္နက္ႏွွင့္ ခဲယမ္းမ်ား ေပးလွဴထားခဲ့ဖူးၿပီးလည္း ျဖစ္သည္။

Credit:Mizzima

Unicodeဖြင့်ဖတ်ရန်

 

ဖိလစ်ပိုင်သို့ လက်နက်နှင့် ခဲယမ်းမီးကျောက်များ တရုတ်က ထပ်ပြီး ပေးလှူပြန်

 

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာ ၅ ရက်တွင် ရိုင်ဖယ်သေနတ်အလက် ၃၀၀၀ နှင့် ကျည်ဆန်ခဲယမ်းပေါင်း သုံးသန်းကို ပေးလှူခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့ရှိ စစ်တန်လျားတွင် တရုတ်သံအမတ်ကြီး Zhao Jianhua က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana ထံ ယင်းလက်နက်ခဲယမ်းများ လက်လွှဲပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေးအပ်ပွဲတွင် ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Eduardo Ano လည်း တက်ရောက်ကြောင်း EFE သတင်းဌာနက ဖော်ပြသည်။

“ခုလို လက်နက်ခဲယမ်းတွေ ပေးအပ်လှူဒါန်းတယ်ဆိုတာ အိုင်အက်စ်သြဇာခံ စစ်သွေးကြွတွေကို ဖိလစ်ပိုင်က တိုက်ခိုက်နေရတာကို တရုတ်ရဲ့ ခိုင်မာတဲ့ ရပ်တည်ပံ့ပိုးမှုကို ထပ်ပြီး ပြသလိုက်တာပါ။ ဒါက ဒုတိယအကြိမ် ပေးပို့တာပါ။ နောက်ထပ် တတိယအသုတ် လက်နက်တွေ ပေးလှူတာကို လာမယ့်နှစ်အစောပိုင်းမှာလည်း ထပ်ပြီး ပေးလှူသွားဦးမှာ ဖြစ်ပါတယ်။”ဟု Zhao က ပြောသည်။

ဖိလစ်ပိုင် စစ်တပ်အနေဖြင့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ မာရာဝီမြို့တွင် အခိုင်အမာ ခြေကုပ်ယူထားသည့် အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ထုတ်နေရလျက်ရှိသည်။ မာရာဝီမြို့ တိုက်ပွဲများက အဆိုပါ စစ်သွေးကြွများ ဝင်ရောက်စီးနင်းသည့် မေလမှစကာ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ပြောနိုင်တယ်။ တစ်နှစ်လောက် အချိန်လေးမှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဘုံပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ဆီ ဝင်ရောက်ခဲ့ပြီလို့ ကျွန်တော် ပြောလိုတယ်။”ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က သမ္မတ ဒူတာတေး ရာထူးတက်ချိန်မှစကာ ရေရှည်မဟာမိတ် အမေရိကန်ကို ခွာပြီး တရုတ်နှင့် ပိုမိုနီးစပ်မှုသို့ ရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ပေကျင်းအနေဖြင့် ဇွန်လကုန်တုန်းကလည်း မနီလာထံ လက်နက်နှှင့် ခဲယမ်းများ ပေးလှူထားခဲ့ဖူးပြီးလည်း ဖြစ်သည်။

Credit:Mizzima