ZawGyiျဖင့္ဖတ္ရန္

ေဖ့စ္ဘြက္လူမႈကြန္ယက္တြင္ ျပန္႔ႏွံ႔ခဲ့ေသာ ေရႊတိဂံုေစတီေတာ္ ဝတၱကေျမအတြင္း အစၥလာမ္ဘာသာဝင္တစ္ဦး ေစ်းေရာင္းသည္ကို ရဟန္းေတာ္အခ်ိဳ႕က တားျမစ္ခဲ့သည့္ကိစၥအတြက္ အဓမၼဝါဒဆန္႔က်င္ေရးအဖဲြ႔က ယေန႔ (ေအာက္တုိဘာလ ၆ ရက္) တြင္ ငံုးဥျပဳပ္သည္ ဦးေအာင္သန္းကို သြားေရာက္ ေတာင္းပန္ခဲ့ေၾကာင္းသိရသည္။

မေန႔က (ေအာက္တိုဘာလ ၅ ရက္ေန႔) သတင္းကၽြတ္လျပည့္ေနမွာ ဒီသတင္းက ေဖ့စ္ဘြက္လူမႈကြန္ယက္ေပၚ ျပန္႔ႏွ႔ံခဲ့ၿပီး ေဝဖန္မႈေတြ မ်ားစြာ ထြက္ေပၚလာခဲ့သည္။

Aung Min Tun ေဖ့စ္ဘြက္အေကာင့္ပိုင္ရွင္က ” ​ေရႊတိဂုံ​ေစတီ​ေတာ္​ပတ္​ဝန္​းက်င္​မွာ ဘယ္​ဘာသာျခားမွ ​ေစ်း​ေရာင္​းခြင္​့မ႐ွိဘူးဆိုတာ သိရက္​နဲ႔ လာ​ေသြးတိုးစမ္​းတာ လုံးဝလက္​မခံပါ” ဟု ေရးသားၿပီး ေဖ့စ္ဘြက္ေပၚတင္ခဲ့ရာက သေဘာတူသူ မတူသူမ်ား ႏွစ္ဖက္ေဝဖန္မႈေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ဒါကို အဓမၼဝါဒဆန္႔က်င္ေရးေကာ္မတီ ဦးေဆာင္သူ ကိုျမတ္ေက်ာ္က အစၥလာမ္အမ်ိဳးႀကီး၏ အိမ္သို႔ သြားေရာက္ကာ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

“ဘုရားနားမွာ မေရာင္းရဘူးဆိုတာ ဥပေဒလည္းမရွိဘူး၊ ဘယ္မွာေရာင္းေရာင္း ေရာင္းလို႔ ရရမွာေလ။ “ ဟု ကိုျမတ္ေက်ာ္က ေျပာသည္။

“အဓမၼဝါဒီ အစြန္းေရာက္ ေတြရဲ႕
အဓမၼလုပ္ရပ္အား ရွက္မိသည္။ရင္မွာမခ်ိ ကိုယ္ခ်င္းစာမိရပါ၏။
သမာအာဇီဝ ျဖင့္လုပ္ကိုင္ရွာေဖြရပ္တည္ေန
ေသာ အစၥလာမ္ဘာသာဝင္အေပါင္းအား
ဗုဒၶ အဆံုးအမကို လိုက္နာသူတေယာက္အေနျဖင့္
အႏူးအညႊတ္ေတာင္းပန္ပါတယ္လို႕
ေလးေလးနက္နက္ေျပာပါရေစ။” ဟုလည္း ၄င္း၏ ေဖ့စ္ဘြက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

သူႏွင့္ပါလာသူတစ္ေယာက္ကလည္း အစၥလာမ္အမ်ိဳးသားႀကီးကို ဝင္ေရာက္ ေတာင္းပန္သည္။ “ကၽြန္ေတာ္ ေတာင္းလည္းေတာင္းပန္ပါတယ္။ ဒါမ်ိဳး ဘုန္းႀကီးေတြလုပ္တာ၊ ကၽြန္ေတာ္တို႔ ဗုဒၶဘာသာဝင္ေတြ အေနနဲ႔လည္း ကၽြန္ေတာ္တို႔ဘက္က ရွက္တယ္” ဟု ေျပာခဲ့သည္။

ေရႊတိဂံုေစတီေတာ္၏ ဝတၱကေျမအတြင္း အစၥလာမ္ဘာသာဝင္မ်ား ေစ်းေရာင္းျခင္းေၾကာင့္ အမ်ိဳးသားေရးသမားမ်ားႏွင့္ ခၾကာခဏ ထိပ္တိုက္ ေတြ႕ဆံုမႈေတြ ျဖစ္ေပၚေလ့ရွိေနတာလည္းျဖစ္ပါတယ္။

Photos©Myat Kyaw,Aung Min Tun

Video©Thet Swe Win

Credit:Pann Pwint

Unicodeဖြင့်ဖတ်ရန်

ဘုရားအနီးဈေးရောင်းသူ အစ္စလာမ်အမျိုးသားကို အဓမ္မဆန့်ကျင်ရေးအဖွဲ့ သွားရောက်တောင်းပန်

 

ဖေ့စ်ဘွက်လူမှုကွန်ယက်တွင် ပြန့်နှံ့ခဲ့သော ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း အစ္စလာမ်ဘာသာဝင်တစ်ဦး ဈေးရောင်းသည်ကို ရဟန်းတော်အချို့က တားမြစ်ခဲ့သည့်ကိစ္စအတွက် အဓမ္မဝါဒဆန့်ကျင်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာလ ၆ ရက်) တွင် ငုံးဥပြုပ်သည် ဦးအောင်သန်းကို သွားရောက် တောင်းပန်ခဲ့ကြောင်းသိရသည်။

မနေ့က (အောက်တိုဘာလ ၅ ရက်နေ့) သတင်းကျွတ်လပြည့်နေမှာ ဒီသတင်းက ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ် ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာခဲ့သည်။

Aung Min Tun ဖေ့စ်ဘွက်အကောင့်ပိုင်ရှင်က ” ရွှေတိဂုံစေတီတော်ပတ်ဝန်းကျင်မှာ ဘယ်ဘာသာခြားမှ ဈေးရောင်းခွင့်မရှိဘူးဆိုတာ သိရက်နဲ့ လာသွေးတိုးစမ်းတာ လုံးဝလက်မခံပါ” ဟု ရေးသားပြီး ဖေ့စ်ဘွက်ပေါ်တင်ခဲ့ရာက သဘောတူသူ မတူသူများ နှစ်ဖက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါကို အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်သူ ကိုမြတ်ကျော်က အစ္စလာမ်အမျိုးကြီး၏ အိမ်သို့ သွားရောက်ကာ တောင်းပန်ခဲ့တာဖြစ်ပါတယ်။

“ဘုရားနားမှာ မရောင်းရဘူးဆိုတာ ဥပဒေလည်းမရှိဘူး၊ ဘယ်မှာရောင်းရောင်း ရောင်းလို့ ရရမှာလေ။ “ ဟု ကိုမြတ်ကျော်က ပြောသည်။

“အဓမ္မဝါဒီ အစွန်းရောက် တွေရဲ့
အဓမ္မလုပ်ရပ်အား ရှက်မိသည်။ရင်မှာမချိ ကိုယ်ချင်းစာမိရပါ၏။
သမာအာဇီဝ ဖြင့်လုပ်ကိုင်ရှာဖွေရပ်တည်နေ
သော အစ္စလာမ်ဘာသာဝင်အပေါင်းအား
ဗုဒ္ဓ အဆုံးအမကို လိုက်နာသူတယောက်အနေဖြင့်
အနူးအညွှတ်တောင်းပန်ပါတယ်လို့
လေးလေးနက်နက်ပြောပါရစေ။” ဟုလည်း ၎င်း၏ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။

သူနှင့်ပါလာသူတစ်ယောက်ကလည်း အစ္စလာမ်အမျိုးသားကြီးကို ဝင်ရောက် တောင်းပန်သည်။ “ကျွန်တော် တောင်းလည်းတောင်းပန်ပါတယ်။ ဒါမျိုး ဘုန်းကြီးတွေလုပ်တာ၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ကျွန်တော်တို့ဘက်က ရှက်တယ်” ဟု ပြောခဲ့သည်။

ရွှေတိဂုံစေတီတော်၏ ဝတ္တကမြေအတွင်း အစ္စလာမ်ဘာသာဝင်များ ဈေးရောင်းခြင်းကြောင့် အမျိုးသားရေးသမားများနှင့် ခကြာခဏ ထိပ်တိုက် တွေ့ဆုံမှုတွေ ဖြစ်ပေါ်လေ့ရှိနေတာလည်းဖြစ်ပါတယ်။

Photos©Myat Kyaw,Aung Min Tun

Video©Thet Swe Win

Credit:Pann Pwint