ZawGyiျဖင့္ဖတ္ရန္

ေဖ့စ္ဘြက္ဆယ္လီ တစ္ဦးျဖစ္သူ ေက်ာင္းသူေလး ျဖဴျဖဴေထြး တစ္ေယာက္ကေတာ့ ေအာင္ျမင္မႈေတြေၾကာင့္ ခုဆို ရုပ္သံဇာတ္လမ္းတဲြမွာ ပါဝင္ ရိုက္ကူးေနၿပီျဖစ္ပါတယ္။

ဒဂံုတကၠသိုလ္ေက်ာင္းသူေလး ျဖဴျဖဴေထြးက လူအမ်ားကို ေပ်ာ္ရႊင္ေအာင္လုပ္ရတာ ဝါသနာပါသူျဖစ္သည္။ ေက်ာင္းကပဲြမ်ားတြင္ အမ်ားႏွင့္မတူေသာ ပံုစံမ်ားလုပ္ျပခဲ့သည့္ ဗီြဒီယိုဖိုင္မ်ားႏွင့္ ေဖ့စ္ဘြက္ဗီြဒီယိုဖိုင္မ်ားေၾကာင့္ လူသိလာၿပီး ခုလိုနာမည္ႀကီးလာတာ ျဖစ္ပါတယ္။

ရိုးရွင္းတဲ့ မ်က္ႏွာထားေလးနဲ႔ ေက်ာင္းသူေလးျဖဴျဖဴေထြးက ခုေတာ့ ေၾကာ္ျငာ၊ ေဖ်ာ္ေျဖပဲြ၊ ဇာတ္လမ္းတိုႏွင့္ ရုပ္ရွင္ဇာတ္ကားမ်ား ကမ္းလွမ္းမႈေတြ ခံလာရၿပီျဖစ္ပါတယ္။

ခုေတာ့ ဒါရိုက္တာညိဳမင္းလြင္ရဲ့ ကမ္းလွမ္းမႈနဲ႔ ဇီးကြက္ေသတၱာ ရုပ္သံဇာတ္လမ္းတဲြမွာ ပါဝင္ သရုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ျမဝတီ Documentary မွ ေအာက္တိုဘာ ၂ ရက္ေန႔မွစၿပီး အပတ္စဥ္ တနလၤလာေန႔ည ၈ နာရီ ၁၅ တြင္ျပသေနတာျဖစ္ပါတယ္။ ေယာက္်ားလ်ာ ဇာတ္ရုပ္ကို သရုပ္ေဆာင္ေနရတယ္လို႔ သူမက ေျပာသည္။

ေလာေလာဆယ္ စာေမးပဲြရွိေနလို႔ ကမ္းလွမ္းမႈအခ်ိဳ႕ကို ျငင္းပယ္ခဲ့ရၿပိး ၁၁ လပိုင္းမွာေတာ့ ရုပ္ရွင္ကားႀကီးတစ္ကား ရိုက္ဖို႔ လက္ခံထားေၾကာင္း ေပၚပ်ဴလာ မီဒီယာႏွင့္ အင္တာဗ်ဴးတြင္ ျဖဴျဖဴေထြးက ေျဖသည္။

မၾကာခင္ကလည္း ဦးေက်ာ္သူရဲ့ ကမ္းလွမ္းမႈနဲ႔ နာေရးကူညီမႈအသင္း မွတ္တမ္းဗီြဒီယိုဖိုင္တစ္ခု ရိုက္ကူးခဲ့ပါေသးတယ္။ ပဲြမ်ားလည္း အျမဲတက္ေနရၿပီ ျဖစ္ပါတယ္။ ေဖ့စ္ဘြက္နဲ႔ ေအာင္ျမင္လာခဲ့သူျဖစ္ေပမယ့္ တခါတေလ ေဖ့စ္ဘြက္ေတာင္ မသံုးခ်င္ေတာ့ဘူးလို႔ ဆိုျပန္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူမရဲ့ ေအာင္ျမင္မႈနဲ႔အတူ ေဝဖန္မႈေတြကလည္း အမ်ားႀကီးရွိေနတာပါ။ ေဖ့စ္ဘြက္ေပၚမွာဆို သူမကို ေဝဖန္ထားတဲ့ စာေတြလည္း အမ်ားႀကီးျပန္႔ႏွံ႔ေနပါတယ္။ ဒါေပမယ့္လည္း အဓိကကေတာ့ ျမန္မာဝတ္စံုဝတ္ၿပီး ကို႔ရို႕ကားယား လုပ္တယ္လို႔ ေဝဖန္ၾကတာျဖစ္ပါတယ္။

သူမကေတာ့ ေနာက္ မလုပ္ေတာ့ဘူး ဟုဆိုသည္။ ေကာင္းတာကို လက္ခံမယ္၊ မေကာင္းတာကိုေတာ့ ပယ္မယ္လို႔ ေဝဖန္မႈေတြအေပၚ သူမက ခံယူထားသည္။ နာမည္နဲ႔လိုက္ဖက္ေအာင္ ျဖဴျဖဴေလး ေက်ာ့ရွင္းလွပတဲ့ ျဖဴျဖဴေထြးက တကယ္ေတာ့ အညာသူေလး တစ္ေယာက္ျဖစ္သည္။ မိတၳီလာခရိုင္၊ မလိႈင္ၿမိဳ႕နယ္မွ ရြာသူေလးတစ္ဦးျဖစ္ပါတယ္။

Photos©Phyu Phyu Htwe

Credit:Pann Pwint

Unicodeဖြင့်ဖတ်ရန်

ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ ကျောင်းသူလေး ဖြူဖြူထွေး

 

ဖေ့စ်ဘွက်ဆယ်လီ တစ်ဦးဖြစ်သူ ကျောင်းသူလေး ဖြူဖြူထွေး တစ်ယောက်ကတော့ အောင်မြင်မှုတွေကြောင့် ခုဆို ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် ရိုက်ကူးနေပြီဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသူလေး ဖြူဖြူထွေးက လူအများကို ပျော်ရွှင်အောင်လုပ်ရတာ ဝါသနာပါသူဖြစ်သည်။ ကျောင်းကပွဲများတွင် အများနှင့်မတူသော ပုံစံများလုပ်ပြခဲ့သည့် ဗွီဒီယိုဖိုင်များနှင့် ဖေ့စ်ဘွက်ဗွီဒီယိုဖိုင်များကြောင့် လူသိလာပြီး ခုလိုနာမည်ကြီးလာတာ ဖြစ်ပါတယ်။

ရိုးရှင်းတဲ့ မျက်နှာထားလေးနဲ့ ကျောင်းသူလေးဖြူဖြူထွေးက ခုတော့ ကြော်ငြာ၊ ဖျော်ဖြေပွဲ၊ ဇာတ်လမ်းတိုနှင့် ရုပ်ရှင်ဇာတ်ကားများ ကမ်းလှမ်းမှုတွေ ခံလာရပြီဖြစ်ပါတယ်။

ခုတော့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ကမ်းလှမ်းမှုနဲ့ ဇီးကွက်သေတ္တာ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြဝတီ Documentary မှ အောက်တိုဘာ ၂ ရက်နေ့မှစပြီး အပတ်စဉ် တနင်္လလာနေ့ည ၈ နာရီ ၁၅ တွင်ပြသနေတာဖြစ်ပါတယ်။ ယောက်ျားလျာ ဇာတ်ရုပ်ကို သရုပ်ဆောင်နေရတယ်လို့ သူမက ပြောသည်။

လောလောဆယ် စာမေးပွဲရှိနေလို့ ကမ်းလှမ်းမှုအချို့ကို ငြင်းပယ်ခဲ့ရပြိး ၁၁ လပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ လက်ခံထားကြောင်း ပေါ်ပျူလာ မီဒီယာနှင့် အင်တာဗျူးတွင် ဖြူဖြူထွေးက ဖြေသည်။

မကြာခင်ကလည်း ဦးကျော်သူရဲ့ ကမ်းလှမ်းမှုနဲ့ နာရေးကူညီမှုအသင်း မှတ်တမ်းဗွီဒီယိုဖိုင်တစ်ခု ရိုက်ကူးခဲ့ပါသေးတယ်။ ပွဲများလည်း အမြဲတက်နေရပြီ ဖြစ်ပါတယ်။ ဖေ့စ်ဘွက်နဲ့ အောင်မြင်လာခဲ့သူဖြစ်ပေမယ့် တခါတလေ ဖေ့စ်ဘွက်တောင် မသုံးချင်တော့ဘူးလို့ ဆိုပြန်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူမရဲ့ အောင်မြင်မှုနဲ့အတူ ဝေဖန်မှုတွေကလည်း အများကြီးရှိနေတာပါ။ ဖေ့စ်ဘွက်ပေါ်မှာဆို သူမကို ဝေဖန်ထားတဲ့ စာတွေလည်း အများကြီးပြန့်နှံ့နေပါတယ်။ ဒါပေမယ့်လည်း အဓိကကတော့ မြန်မာဝတ်စုံဝတ်ပြီး ကို့ရို့ကားယား လုပ်တယ်လို့ ဝေဖန်ကြတာဖြစ်ပါတယ်။

သူမကတော့ နောက် မလုပ်တော့ဘူး ဟုဆိုသည်။ ကောင်းတာကို လက်ခံမယ်၊ မကောင်းတာကိုတော့ ပယ်မယ်လို့ ဝေဖန်မှုတွေအပေါ် သူမက ခံယူထားသည်။ နာမည်နဲ့လိုက်ဖက်အောင် ဖြူဖြူလေး ကျော့ရှင်းလှပတဲ့ ဖြူဖြူထွေးက တကယ်တော့ အညာသူလေး တစ်ယောက်ဖြစ်သည်။ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှ ရွာသူလေးတစ်ဦးဖြစ်ပါတယ်။

Photos©Phyu Phyu Htwe

Credit:Pann Pwint