ZawGyiျဖင့္ဖတ္ရန္

 

Facebook ေပၚမွာ ျမန္မာဝတ္စုံေလးေတြကို ဝတ္ဆင္ျပၿပီး နာမည္ႀကီးလာခဲ့တဲ့ Facebook Cele သင္ဇာေအာင္က ရံဖန္ရံခါ Live ေတြလႊင့္ၿပီး သူ႔ ပရိတ္သတ္ေတြနဲ႔ စကားေျပာတတ္သူတစ္ေယာက္ပါ ။

ခုလည္း သူ Live လႊင့္ရင္းေျပာခဲ့တဲ့ အဆိုေတာ္ခ်မ္းခ်မ္း ေဂၚရင္ဂ်ီကြၽန္းကိုသြားၿပီး အပန္းေျဖခဲ့တဲ့ ပုံေတြနဲ႔ ပါတ္သတ္တဲ့ စကားတစ္ခ်ိဳ႕ေၾကာင့္ ခ်မ္းခ်မ္းက သူမရဲ႕ လူမႈကြန္ယက္ကေန သင္ဇာေအာင္ေျပာတဲ့ စကားေတြက သူ႔ကိုေလွာင္ေျပာင္တယ္လို႔ဆိုၿပီး မေက်နပ္တဲ့စာအခ်ိဳ႕ေရးတင္ခဲ့ပါတယ္ ။

သင္ဇာေအာင္ကလည္း ျပန္ေတာင္းပန္ခဲ့ၿပီးေနာက္ပိုင္းမွာ ခ်မ္းခ်မ္းက သူမရဲ႕ ပို႔စ္ကို ဖ်က္ေပးခဲ့ေပမယ့္ ခ်မ္းခ်မ္းရဲ႕ ပရိတ္သတ္အခ်ိဳ႕က မေက်လည္ဘဲ သင္ဇာေအာင္ကို အဆိုးထင္ျမင္ခ်က္ေတြေပးၾကတဲ့အေပၚ ခံစားသြားရတာေၾကာင့္ သင္ဇာေအာင္က Live လႊင့္ၿပီး ထပ္ေတာင္းပန္ခဲ့တာပါ ။

ေတာင္းပန္ရင္းနဲ႔ စိတ္ခံစားမႈေတြေၾကာင့္ ရႈိက္ႀကီးတငင္ငိုေကြၽးခဲ့တဲ့ သင္ဇာေအာင္ကို သူ႔ပရိတ္သတ္ေတြကို ျပန္လည္ ႏွစ္သိမ့္ေပးေနၾကပါတယ္ ။

Live ထဲမွာေတာ့ Live ထဲမွာေတာ့ ခ်မ္းခ်မ္းဟာ သူမအႀကိဳက္ဆုံးအဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး သူမ မရည္႐ြယ္ဘဲ ေျပာလိုက္တဲ့ စကားအခ်ိဳ႕ေၾကာင့္ ထိခိုက္သူေတြကိုေတာင္းပန္ေၾကာင္း မေက်နပ္ၾကတဲ့ ခ်မ္းခ်မ္းရဲ႕ ပရိတ္သတ္ေတြကိုလည္း လက္လွမ္းမွီသေလာက္ တစ္ဦးခ်င္းဆီကို ေတာင္းပန္ပါတယ္လို႔ သူမက ဆိုခဲ့တာပဲျဖစ္ပါတယ္ ။

( Live ကို ေအာက္မွာၾကည့္နိုင္ပါတယ္ ။ )

သတင္းအရင္းျမစ္ : Thinzar Aung

Credit:MyanmarLoad

 

Unicodeဖြင့်ဖတ်ရန်

 

ချမ်းချမ်းနဲ့သူ့ပရိတ်သတ်ကို ရှိုက်ကြီးတငင်ငိုပြီးတောင်းပန်တဲ့ သင်ဇာအောင်

 

Facebook ပေါ်မှာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ပြပြီး နာမည်ကြီးလာခဲ့တဲ့ Facebook Cele သင်ဇာအောင်က ရံဖန်ရံခါ Live တွေလွှင့်ပြီး သူ့ ပရိတ်သတ်တွေနဲ့ စကားပြောတတ်သူတစ်ယောက်ပါ ။

ခုလည်း သူ Live လွှင့်ရင်းပြောခဲ့တဲ့ အဆိုတော်ချမ်းချမ်း ဂေါ်ရင်ဂျီကျွန်းကိုသွားပြီး အပန်းဖြေခဲ့တဲ့ ပုံတွေနဲ့ ပါတ်သတ်တဲ့ စကားတစ်ချို့ကြောင့် ချမ်းချမ်းက သူမရဲ့ လူမှုကွန်ယက်ကနေ သင်ဇာအောင်ပြောတဲ့ စကားတွေက သူ့ကိုလှောင်ပြောင်တယ်လို့ဆိုပြီး မကျေနပ်တဲ့စာအချို့ရေးတင်ခဲ့ပါတယ် ။

သင်ဇာအောင်ကလည်း ပြန်တောင်းပန်ခဲ့ပြီးနောက်ပိုင်းမှာ ချမ်းချမ်းက သူမရဲ့ ပို့စ်ကို ဖျက်ပေးခဲ့ပေမယ့် ချမ်းချမ်းရဲ့ ပရိတ်သတ်အချို့က မကျေလည်ဘဲ သင်ဇာအောင်ကို အဆိုးထင်မြင်ချက်တွေပေးကြတဲ့အပေါ် ခံစားသွားရတာကြောင့် သင်ဇာအောင်က Live လွှင့်ပြီး ထပ်တောင်းပန်ခဲ့တာပါ ။

တောင်းပန်ရင်းနဲ့ စိတ်ခံစားမှုတွေကြောင့် ရှိုက်ကြီးတငင်ငိုကျွေးခဲ့တဲ့ သင်ဇာအောင်ကို သူ့ပရိတ်သတ်တွေကို ပြန်လည် နှစ်သိမ့်ပေးနေကြပါတယ် ။

Live ထဲမှာတော့ Live ထဲမှာတော့ ချမ်းချမ်းဟာ သူမအကြိုက်ဆုံးအဆိုတော်တစ်ယောက်ဖြစ်ပြီး သူမ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားအချို့ကြောင့် ထိခိုက်သူတွေကိုတောင်းပန်ကြောင်း မကျေနပ်ကြတဲ့ ချမ်းချမ်းရဲ့ ပရိတ်သတ်တွေကိုလည်း လက်လှမ်းမှီသလောက် တစ်ဦးချင်းဆီကို တောင်းပန်ပါတယ်လို့ သူမက ဆိုခဲ့တာပဲဖြစ်ပါတယ် ။

( Live ကို အောက်မှာကြည့်နိုင်ပါတယ် ။ )

သတင်းအရင်းမြစ် : Thinzar Aung

CreditLMyanmarLoad