ပါကစ်စတန်

အခုခေတ်တော့ ပါကစ္စတန်နိုင်ငံခေါ်ပါတယ်။ ဗုဒ္ဓဘာသာတွေအသိများတာကတော့ ဂန္ဓာရတိုင်းပေါ့။ ပါဠိစာပေတွေမှာတော့ အတီတေ တက္ကသီလာယံ – တက္ကသိုလ်ပြည် ဒီလိုတွေတွေ့ရပါတယ်။ ဟိုတုန်းကတော့ မင်းညီမင်းသားတွေ တကယ်ပဲ ပညာရပ်ဆည်းပူးတဲ့နေရာတွေ ပြီးတော့ ဗုဒ္ဓရဟန်းသံဃာတော်တွေ ဗုဒ္ဓကိုလေးမြတ်တဲ့ မင်းတွေနဲ့ စေတီ ကျောင်းကန်တွေနဲ့ စည်ကားခဲ့တာပါ။

အန္ဒိယနိုင်ငံ ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရမင်းက ကုန်သည်တွေကတဆင့် ဗုဒ္ဓပွင့်နေပြီဆိုတဲ့ သတင်းစကားကို ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်က ပုက္ကုသာတိမင်းကြီးကို အသိပေးခဲ့ပါတယ်။ ဒါကို သိရချိန်မှာ စိတ်တွေကထိန်းမရ ဗုဒ္ဓကိုဖူးရဖို့ တွေ့ရဖို့ တိုင်းပြည်ကိုပါစွန့်လို့ အိန္ဒိယက ရာဇဂြိုလ်ကို ထွက်ခဲ့ပါတယ်။ သာဝတ္ထိမှာ ဘုရားသီတင်းသုံးတာမသိတော့ အနားဖြတ်ပြီး ရာဇဂြိုလ်ထိ ခရီးရှည်သွားခဲ့တာပါ။ မြတ်ဗုဒ္ဓဆင်ခြင်မိတဲ့အချိန်မှာ သူပင်ပန်းနေပြီဆိုတာ သိခဲ့တယ်။ လိုက်သွားပြီး အိုးလုပ်တဲ့တဲက စောင့်ကာ တွေ့ခဲ့ကြတယ်။ မြတ်ဗုဒ္ဓကိုရည်းမှန်းကာလာခဲ့ပေမဲ့ တွေ့ရချိန်မှာလဲ မြတ်ဗုဒ္ဓမှန်း တကယ်မသိရှာဘူး။ မြတ်ဗုဒ္ဓကလဲ မပြောပြဘူး။ သာမာန်ရဟန်းတော်နှစ်ပါးတွေ့ကြတဲ့ပုံစံမျိုးပါ။ ဒါပေမဲ့ သူအမောပြေချိန်မှာတော့ မြတ်ဗုဒ္ဓက ဓာတုဝိဘင်္ဂသုတ်လာ ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းတရားကို ရှင်းလင်းပြတယ်။ နာရင်းကျင့်လိုက်တာ သူတော်စင် အရိယာ အနာဂါမ်အဆင့်ရောက်သွားမှ ဘုရားရှင်တရားဟောနေမှန်း သိလို့ တောင်းပန်ပြီး ရဟန်းပြုခွင့်တောင်းခဲ့တယ်။ ဒါပေမဲ့လဲ သူကသင်္ကန်းလှူဒါန်းခဲ့တဲ့ အတိတ်ကုသိုလ်မရှိလို့ သင်္ကန်းရှာသွားရင်း နွားခွေ့လို့ ဆုံးပါးသွားရတယ်။ အခုတော့ ဂန္ဓာရမင်းကြီး ပုက္ကုသာတိဟာ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှာ ရှိနေတာဖြစ်ပါတယ်။ သုဒ္ဓါဝါသဆိုတာ အနာဂါမ်အရိယာပုဂ္ဂိုလ်တွေ ဖြစ်ခွင့်ရတဲ့ ဘုံတစ်ခုပါ။ လူပြည်ကိုလဲ ပြန်မလာတော့ပါဘူး။ ၄င်းဘုံမှာပဲ ရဟန္တာဖြစ် ပရိနိဗ္ဗာန်ဝင်စံကြမဲ့ သူတော်စင်တွေ ဖြစ်ပါတယ်။ ဒါလေးတွေက ပိဋကတ်မှာလာတဲ့ အကြောင်းအရာပါ။ ဒီဖြစ်ရပ်က အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ သစ္စာသိတာက ပထမပါ။ ဘုရားရှင်ကို သိတာက နောက်မှပါ။ ပါရမီရှင်တွေ အသီးအသီး အထက်နန်းစံမြန်းကြပြီ။ အခြား ဂန္ဓာရဖြစ်ရပ်တွေလဲ ရှိနေပါအုန်းမယ်။

အခုတော့ ဂန္ဓာရဆိုတာ အချိန်ကာလရဲ့အောက်မှာ အကြောင်းတရားအမျိုးမျိုးကြောင့် ကွယ်ပျောက်ခဲ့ကြပါပြီ။ ရှေ့ဟောင်းအဆောင်အဦး အသုံးဆောင်တွေ စေတီပျက်တွေ ကျောင်းတော်ရာဟောင်းတွေသာ ကျန်ခဲ့ပါတော့တယ်။ ဂန္ဓာရကို ဘုရားဖူးသွားချင်ရင်တောင် အခက်အခဲအမျိုးမျိုးကြောင့် မလွယ်လှပါဘူး။ သီတဂူ ဆရာတော်ဘုရားကြီး ဦးဆောင်လို့ သီတဂူ သာသာနာပြုအဖွဲ့တွေ သွားတာတော့ တွေ့ဘူးတယ်။ သီတဂူဆရာတော် ဘုရားကြီးရေးသားထားတဲ့ ဂန္ဓာရခရီးသွား ဆောင်းပါးတွေ စာအုပ်ထုတ်ထားတာ စစ်ကိုင်း သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်မှာ ၀ယ်လို့ရပါတယ်။ အရမ်းလဲ ကောင်းတဲ့ ဆောင်းပါးတွေပါ။ ရောက်ဖြစ်ရင် ၀ယ်ခဲ့ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ သာသနာထွန်းကားခဲ့ဘူးတဲ့ နယ်မြေဖြစ်တဲ့ ဂန္ဓာရဘုရားဖူးမရောက်သည့်တိုင်း ဆောင်းပါးတွေ ဖတ်လိုက်ရင်ပဲ သမိုင်းသက်သေတွေကို နားလည်ခံစား အသိအမြင်တိုးစေမှာ အမှန်ဖြစ်ပါတယ်။ အခု ဒီဗီဒီယိုဖိုင်တွေကတော့ အင်တာနက်ကနေ သုတေသနသမားတွေ တင်ပြထားတဲ့ အကြောင်းအရာတွေကို ဦးဇင်းလေး ဘိက္ခုကေသရက အများ သိမြင်ခံစား ဗဟုသုတပွားစေလို့တဲ့ သမ္မာဆန္ဒနဲ့ ဘာသာပြန်နဲ့တွဲပြီး တင်ပြထားပါတယ်။ အားပေးရင်းဖြင့် သမိုင်းဆိုတာကို တဒင်္ဂအတွင်းမှာ အရယူ မှတ်သားလိုက်ကြပါလို့ ဆန္ဒပြုပါတယ်။ ပညာရှင်များကလဲ လတွေနှစ်တွေချီပြီး ဒါတွေကို လော့လာမှတ်တမ်းတင်ပြထားတာပါ။ ကျေးဇူးတင်ရမှာပါ။ အောက်ပါစာတွေကတော့ ဗီဒီယိုဖိုင်အသီးအသီးနဲ့တွဲပြီး ရေးသားထားတဲ့ ဘိက္ခုကေသရ ရေးတဲ့စာတွေပါ။ အားလုံးကို ပြန်ကူးဖော်ပြလိုက်ပါတယ်။

သီတဂူ သူရိယ (ယော)
(၈။ ၁၁။ ၂၀၁၆)

ဂန္ဓာရတိုင်း မှတ်တမ်း ဗီဒီယို မြန်မာစာတမ်းထိုး -၁
==========================
အသံနားထောင်ပြီး ပြန်ရေးရတာတစ်ကြောင်း
လုပ်လေ့လုပ်ထ မရှိ လို့ တစ်ကြောင်း ချို့ ယွင်း
ချက်တွေ့ပါက ခွင့်လွတ်ကြပါ။
အားလုံး ဖိုင်ဆိုဒ် ကြီးနေ၍ အပိုင်းခွဲလိုက်ပါတယ်။
ဒါလေးကတော့ အမြည်းပေါ့ဗျာ။
Bhikkhu Kesara

ဂန္ဓာရတိုင်း မှတ်တမ်း ဗီဒီယို မြန်မာစာတန်းထိုး-၂
============================
ဂန္ဓာရ အနုပညာ အကြောင်းပြောရင်းနဲ့ ဗုဒ္ဓ ဆင်းတုတော်စတင်ပေါ်ပေါက်ပုံ ကို ခြေရာခံထားပါတယ်။
ဒီ အထဲမှာ ဂန္ဓာရက တွေ့ရတဲ့ ပေစာတွေကို ဖတ်ပြတဲ့
အခါ မဟာယာန ဗုဒ္ဓ၀ါဒ ကျမ်းစာနဲ့ ပတ်သက်တာကို
ဘဲ ဖတ်ပြ ထားပါတယ်။
အဲဒီ ပေမူတွေထဲမှာ ”ခဂ္ဂ၀ိသာဏသုတ်” ၊
”သင်္ဂင်္ီတိသုတ်” ၊ ဓမ္မပဒ ၊ အပဒါန် စတဲ့
သုတ်တော်တွေ ကိုလည်းတွေ့ရတယ် ဆိုတယ်။
တွေ့ရတဲ့ ပေမူတွေဟာ ဓမ္မဂုတ္တိက ထေရ၀ါဒ
ဂိုဏ်းကွဲက ပိဋကတ်ပေမူတွေဖြစ်ပြီး
အဘိဓမ္မာ ပေစာ တွေကို လည်းတွေ့ရတယ်လို့
ဆိုပါတယ်။
ဂန္ဓာရတိုင်းရဲ့ ရှေးကျတဲ့ ဗုဒ္ဓ၀ါဒ ဟာ အသောကမင်းကြီးလက်ထက် ယောနကတိုင်းကို သာသနာပြု ကြွ ခဲ့တဲ့ထေရ၀ါဒ က ”ယောနက ဓမ္မရက္ခိတ”မထေရ်နဲ့ ဆက်စပ်နေတယ် လို့ လည်းဆိုတယ်။
ဘာဖြစ်လို့ တုန်းဆိုတော့ အဲဒီ မထေရ်မြတ်ဟာ
အလက်ဇန္ဒရီးယား ဇာတိ ဂရိ လူမျိုးဖြစ်ပြီး ယောနက
တိုင်းဟာလည်း အဲဒီ ဒေသအနီးနား မှာ တည်ရှိခဲ့တယ် လို့
ဆိုတယ်။ အဲဒီ မထေရ်မြတ်ရဲ့ အစဉ်အဆက်ကနေ
ထေရ ၀ါဒ ဂိုဏ်းကွဲတစ်ခု ဖြစ်တဲ့ ဓမ္မဂုတ္တိကဂိုဏ်း
ဖြစ်ပေါ်လာတယ် လို့ လည်း ယူဆကြတယ်။
ဓမ္မဂုတ်ဂိုဏ်းဟာ ဂန္ဓာရဒေသ ဘက်ထရီးယားမှာ
ကူရှန်မင်းတွေ လက်ထက်မှ အားနည်းသွားတယ်
လို့ ဆိုတယ်။ ကူရှန်မင်းတွေ အဓိက ကိုးကွယ်ခဲ့တာ
က နောက်ထပ် ထေရ၀ါဒ ဂိုဏ်းကွဲတစ်ခု ဖြစ်တဲ့
သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်တယ်။
ဒါကြောင့် အားနည်းသွားခဲ့တာဖြစ်တယ်။
နောက်တစ်ချက်က ဒီ ဒေသမှာ ဘဲ ထေရ၀ါဒ
အယူဆတွေ ပြောဟောခဲ့တဲ့ နာဂ သေန
မထေရ်မြတ် ပေါ်ထွန်းခဲ့သလို၊ သမိုင်းမှတ်တမ်း
အချို့အရ ဒုတိယ သင်္ဂါယတနာ ဦးစီးမထေရ်မြတ်
တစ်ပါးဖြစ်တဲ့ ထေရ၀ါဒ က သမ္ဘူတ သာဏ၀ါသီ
မထေရ်မြတ်ဟာ ဘာမီးယန်းထိတောင် သာသနာပြု
ကြွခဲ့တယ် လို့ သိရတယ်။ ဒါကြောင့် ဒီဒေသ မှာ ထေရ
ဝါဒ ရဲ့ သြဇာကလည်း မသေးဘူး လို့ ယူဆရမယ်
ထင်တယ်။
ဓမ္မဂုတ် ဂိုဏ်း ၀ိနည်း ပါတိမောက်ကျမ်းကတော့
ယနေ့ ခေတ် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်
က ဗုဒ္ဓ၀ါဒ ဂိုဏ်းတွေ အပေါ်မှာ သက်ရောက်နေဆဲ
ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါတွေကတော့ ဗီဒီယို
မှတ်တမ်းထဲမှာ မပါ ဘူး။ မိတ် ဆက်ရေးလိုက်တာပါ။
Bhikkhu Kesara

ဂန္ဓာရတိုင်း သမိုင်းမှတ်တမ်း- ၎
======================
ဂန္ဓာရတိုင်းသမိုင်းမှတ်တမ်း -၃
=====================
ဂန္ဓာရတိုင်း သမိုင်းမှတ်တမ်း -၅
======================
အင်္ဂလိပ်စာမှ လွဲ၍ အခြားဘာသာဖြင့်ပြောသော
စကားများကို ကျွန်ုပ်နားမလည်ပါ။ စာတမ်းလည်း
မပါသဖြင့် ဤအတိုင်းထားလိုက်ပါသည်။

ဂန္ဓာရတိုင်း သမိုင်းမှတ်တမ်း နောက်ဆုံးပိုင်း -၆
==============================
ဖုန်းဘေ ကုန်မှာ အားနာတယ်။ ဒါပေမဲ့ ဗုဒ္ဓ
သာသနာသမိုင်းကို စိတ်ဝင်စားသူတွေ အတွက်
မဖြစ် မနေ ကြည့်ရှုသင့်ကြောင်း ထောက်ခံချက်
ပေးလိုက်ပါတယ်။ အလွန်ကောင်းပါတယ်။
နောက်ဆုံး ၀ါကျ လေးကိုနားထောင်ပြီး
ဘာသာပြန်တုန်း ကြက်သီးဖြန်းခနဲထသွားတယ်။
သမိုင်းမှာ ဗုဒ္ဓ၀ါဒနဲ့ ဂရိအတွေးခေါ် ထိပ်တိုက်
တွေ့ဆုံခဲ့တဲ့ အပေါ် မှတ်ချက်စကားလေးဖြစ်တယ်။
It is the most beautiful and singular
meeting between the east and the west. တဲ့
”အဲဒီတွေ့ဆုံမူဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းကြားမှာ
တစ်ခုတည်းသော #အလှပဆုံး တွေ့ဆုံမူ ဖြစ်ခဲ့တယ်” တဲ့။
အားလုံးကိုယ်စိတ်နှစ်ဖြာချမ်းသာရွှင်လန်းပါစေကြောင်း။

ဘိက္ခု ကေသရ

ရုပ်သံများကြည့်ရှု့နိုင်ပါတယ်။

အခုခေတ်တော့ ပါကစ္စတန်နိုင်ငံခေါ်ပါတယ်။ ဗုဒ္ဓဘာသာတွေအသိများတာကတော့ ဂန္ဓာရတိုင်းပေါ့။ ပါဠိစာပေတွေမှာတော့ အတီတေ တက္ကသီလာယံ -…

Posted by Sitagu Sūriya on Tuesday, November 8, 2016