ကျန်းမာရေး

ဒီရင်နင့်ဖွယ်ဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ ဖြစ်သွားခဲ့ပြီး သေဆုံးသူရဲ့အမေမှ သူသမီးလိုမျိုးမဖြစ်စေရန် အင်တာနက်ပေါ်မှာ မျှဝေခဲ့ပြီး လူအများရဲ့ဂရုဏာသက်မှုကို ခံခဲ့ရပါတယ်။

သူမဟာ မနက်ခင်းတစ်ခုမှ သမီးဖြစ်သူ Le Thi Xoan ကိုနိုးဖို့ အတွက် သူမအခန်းထဲသို့ဝင်လာခဲ့ပါတယ်။ အခန်းထဲရောက်တဲ့အချိန်မှာ သူမသမီးကိုအကြိမ်ကြိမ် လှုပ်နိုးခဲ့ပြီး အကြောင်းမပြန်တဲ့အတွက် စိုးရိမ်ထိတ်လန့်ပြီး ဆေးရုံသို့ ချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။

အရေးပေါ်ဌာနသို့ ရောက်တဲ့အခါမှာ ဆရာဝန်မှ သူမသမီးကို စမ်းသပ်ခဲ့ပြီး ကယ်တင်လို့မရတော့ကြောင်း ပြောပြခဲ့ပါတဲ့အတွက် ရုတ်တရက် စွံ့အသွားခဲ့ပြီး ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ပါတယ်။

သူမသမီးဟာ မနေ့ညက အကောင်းတိုင်းရှိနေပြီး တစ်ညတည်းမှာ ဘယ်လိုဖြစ်ပျက်ပြောင်းလဲသွားတယ်ဆိုတာကို မခန့်မှန်းနိုင်ဖြစ်သွားခဲ့ပါတယ်။

ဆရာဝန်တွေမှ သူမသမီးဟာ လျှပ်စစ်ရှော့ရိုက်မှုကြောင့်သေဆုံးကြောင်း ပြောပြခဲ့ပြီး နောက်ဆုံးအကြမ်အဖြစ် သူမသမီးကို ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။

သူမဟာ မနက်ကအခန်းထဲဝင်ကြည့်တုန်းက ဘာမှပြောင်းလဲမှုမရှိတာကို တွေ့ရတဲ့ပြီး ဘယ်လိုကြောင့် လျှပ်စစ်ရှော့ရခဲ့လဲဆိုတာကို စဉ်းစားမရဖြစ်နေခဲ့ပါတယ်။

အဲ့ဒီအတွက် သူမဟာ ချက်ချင်းအိမ် ပြန်သွားခဲ့ပြီး သမီးအခန်းထဲသို့ နောက်တစ်ကြိမ်ဝင်ရောက်ကြည့်ရှုမိတဲ့အခါမှာ အိမ်ရာဘေးနားမှာ အားသွင်းကြိုးတပ်ထားတဲ့ဖုန်းကိုရှာတွေ့ခဲ့ပြီး အားမဝင်တာကို တွေ့ခဲ့ပါတယ်။

အားသွင်းကြိုးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာလည်း မီးကျွမ်းထားတာကို တွေ့ခဲ့ရပါတယ်။ နောက်ဆုံး ပြန်ဆက်စပ်မိတဲ့အချိန်မှာ သူမအိပ်နေစဉ် ဒီဟောင်းနွမ်းနေတဲ့အားသွင်းကြိုးမှ လျှပ်စစ်အား လျှံထွက်မှုကြောင့် ရှော့ရပြီးသေသွားခဲ့ကြောင်း တွေ့ရှိသွားပါတယ်။

သူမရဲ့မိခင်ဟာ ဇာပနအခမ်းအနားမှာ အခေါင်းဆီသို့ ပြေးဖက်ငိုနေခဲ့ပြီး သူမကလေးပြန်လာဖို့ မျှော်လင့်နေခဲ့ပါတယ်။

မမျှော်လင့်တဲ့အမှားတစ်ခုအတွက် အသက်ပေးလိုက်ရတဲ့ သူမသမီးလိုမျိုးမကြုံတွေ့ရဖို့အတွက် လူအများသင်ခန်းစာယူနိုင်အောင် တင်ပေးလိုက်ပါတယ်။

Credit: popolay