ကိတ်မုန့်

ဒီမုန့်ကိုတော့ Cock Cakes လို့ခေါ်ပါတယ်တဲ့။

ဘန်ကောက်က ဆိုင်တစ်ဆိုင်ဟာ သူများတဲ့မတူတဲ့ဝေဖာတွေစတင်ရောင်းချခဲ့ပါတယ်။

ဒီလိင်အင်္ဂါပုံဝေဖာကိုတော့ Pho Hai Ma လို့ခေါ်ပြီးတော့ တစ်မြို့လုံးအနှံ့ရောင်းချပြီး လူတွေကလည်း ဒီဂန္တဝင်ဆန်ဆန်မုန့်ကိုကျေကျေနပ်နပ်နဲ့စားသုံးနေကြပြီးတော့ မုန့်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ရှဲနေကြပါတယ်။

ဒီဝေဖာထဲမှာတော့ ချိစ်တွေဖြည့်ထားပြီးတော့ ဆော့အနေနဲ့ ခရမ်းချဉ်သီးအနှစ် ၊ မရိုးနိစ် ၊ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ နဲ့ ချောကလက်တွေကိုပေးလေ့ရှိတယ်။

ဒီလိင်အင်္ဂါပုံဝေဖာတစ်ခုကိုတော့ ၁.၂၀ ဒေါ်လာ နီးပါး ပေးရမှာဖြစ်ပါတယ်။

လတ်တလောအရောင်းရဆုံးမုန့်ဖြစ်နေတဲ့ ဒီမုန့်အပေါ်ကိုတော့ ဝေဖန်မှုတွေအများအပြားရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးအကဲစားဖိုမှူးတစ်ယောက်ဖြစ်တဲ့ Yingsak Chonglertjetsadawong ကတော့ ဒီပုံဆိုးပန်းဆိုးမုန့်တွေကို ဖိနှိပ်ဖို့အတွက်တွန်းအားပေးနေပါတယ်။

Khaosod English ဆိုတဲ့ထိုင်သတင်းဝက်ဆိုက်တစ်ခုမှာသူပြောခဲ့တာကတော့

“ကျွန်တော် အစားအသောက်လုပ်ငန်းထဲရောက်လာခဲ့အချိန်ကထဲက အခုထိ လိင်အင်္ဂါပုံစံအစားအသောက်ထုတ်လုပ်ဖို့မတွေးခဲ့ဖူးဘူး။

သင့်မိဘတွေအတွက် ဒီမုန့်ကိုသင်ဝယ်မလား။

သင့်ရဲ့ဘုန်းဘုန်းကို ကပ်ဖို့အတွက်ရော ဒီမုန့်ကိုဝယ်သွားမလား။

ပြီးတော့ ၇ နှစ် ၈ နှစ်အရွယ်သမီးလေးတစ်ယောက်လမ်းပေါ်မှာ ဒီမုန့်စားနေတာမျိုးကို သင်တို့မြင်ချင်လို့လား ” တဲ့ထိုင်သတင်းဝက်ဆိုက်တစ်ခုမှာသူပြောခဲ့တာကတော့ –

ဒီဝေဖာတွေကိုတော့ Cock Cakes လို့ခေါ်ပါတယ် ။

Pho Hai Ma ရဲ့ပိုင်ရှင်ကတော့ အပြုသဘောဆောင်တဲ့ဝေဖန်မှုကိုတုံ့ခြင်းမရှိပါဘူး ။

“မနေ့က ကျွန်တော့်ဆိုင်ကိုလူတွေအများကြီးလာတယ် မိုးရွာနေတာတောင်မှပေါ့လေ ။

တချို့လူတွေက ကျွန်တော်ဟာ အဓိပ္ပါယ်မရှိ ဘာသာရေးတိမ်းစောင်းနေတဲ့လူတစ်ယောက်လို့ပြော့တယ်။

ကျွန်တော်နဲနဲတော့ စိတ်ပျက်မိပေမယ့် ပြန်မတုံ့ပြန်ခဲ့ဘူး။

မုန့်ကို မုန့်တစ်ခုလို့ပဲ မြင်စေချင်ပါတယ်” လို့သူကပြောခဲ့ပါတယ်။

ထိုင်ဝမ်မှာလည်းအခုလိုမုန့်မျိုးတွေ့နိုင်ပါတယ်။

ဝေဖန်မှုတွေရှိနေပေမယ်လည်း ဘန်ကောက်ရဲ့နာမည်ကြီးအစားအစာဖြစ်နေတဲ့ ဒီမုန့်ဟာလူတွေကြားမှာဆက်လက်ရေပန်းစားနေပြီးတော့ လာရောက် ဝယ်ယူသူတွေလည်း ပိုမိုများပြားလာနေပါတယ်။

ဒီမုန့်ကိုသင်ဘယ်လိုများထင်လဲမသိဘူး ။

သင်ကိုယ်တိုင်ရော ဒီမုန့်ကိုစားချင်မလား….ဒါမှမဟုတ် စားဖိုမှူးရဲ့ဘက် ကနေပြီးတော့ ဒီမုန့်ကို ဖိနှိပ်မလား ??

Writer – Min Thu (Daily Hot News)