အစ္စဏီ

လက်တစ်လောမှာ ဟစ်ဖြစ်နေပြီး ပရိသတ်ကြားမှာလဲ အရမ်းကို အငြင်းပွားစရာဖြစ်နေခဲ့တဲ့ အဆိုတော် အစ္စဏီ နဲ့ မော်ဒယ် စူးရှထက်တို့ရဲ့ အံ့သြဖွယ် အချစ်ဇာတ်လမ်းနိဂုံး ကတော့ မေလ ၁၀ရက်နေ့က တရားရုံးရဲ့ မှတ်တမ်းစာရင်းထဲမှာ ပုဒ်မ၃ခုနဲ့ တရားဝင် တရားစွဲဆိုခဲ့ပြီး သူတို့နှစ်ဦးရဲ့ ပတ်သက်မှုဟာ သံတိုင်ကြားမှာ မကြာခင်အဆုံးသတ်ကြတော့မှာပါ။ အဆိုပါ ပြဿနာနဲ့ ပတ်သက်ပြီး အစ္စဏီ့အပေါ် သူ့ရဲ့အမြင်တွေကို ဟဲလေးကပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ ” ညီလေးလဲဟုတ်တယ် ၊သူငယ်ချင်းလဲဟုတ်တယ် စိတ်တော့မကောင်းဘူးပေါ့နော် ၊သူတို့နှစ်ယောက်ကြိုက် နေတာလဲ သိတယ်၊ သွားလာနေတာလဲတွေ့ရတယ်၊ အမှတ်မထင် သတင်းလေးကြားတာ စိတ်မကောင်းဘူး သူ့မိဘကိုလဲ ကိုယ့်မိဘချင်း ကိုယ်ချင်း စာနာပါတယ်။ ခံစားရမှာဘဲ ” ဆိုပြီး အစ္စဏီရဲ့ မိဘတွေအပေါ် ကိုယ်ချင်းစာမိတယ်ဆိုကာ ပြောခဲ့ပါတယ်။

အဲ့နောက်မှာတော့ အစ္စဏီ့ကို ” ပြစ်ဒာဏ်တွေထိုက်သင့်သလောက် ပြီးသွားရင် မြန်မြန်လွတ်မြောက်စေချင်တယ်။အဲ့လိုတွေလဲ ထပ်မဖြစ်စေချင်ဘူး၊ အမှတ်မထင်ဖြစ်သွားတဲ့ကိစ္စအပေါ် တကယ်လဲစိတ်မကောင်းဘူး ၂ယောက်လုံး နဲ့ ခင်တယ် ၂ယောက်အတွက်လဲ စိတ်မကောင်းပါဘူး၊ တဖက်ကညီမလေးလဲ နောက်တစ်ခါ ဒီလိုမကြုံပါစေနဲ့ အစ္စဏီလဲ ဒီလိုမျိုးစိတ်မျိုးတွေ ဒေါသတွေမဖြစ်ပါစေနဲ့ပေါ့နော် အနုပညာကိုဝါသနာပါပြီးရပ်တည်နေရတဲ့ သူတွေဆိုတော့ အနုပညာလောကမှာ ထပ်အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ် ” လို့လဲ ဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အစ္စဏီရဲ့ ဖြစ်တည်ပုံလေးတွေကို ” လူငယ်လိုနေတယ် သွားတယ်လာတယ် လူငယ်စတိုင်၊လူငယ်အထာရှိတယ်။ သူ့ကို အခွေကောင်းကောင်း ထွက်စေချင်ခဲ့တယ်။ သူ့မှာပရိသတ်လဲရှိတယ်၊ စတိုင်လဲရှိတယ်၊ ဆိုလဲဆိုနိုင်တယ်၊ သူနဲ့တွေ့တိုင်း တကိုယ်တော်ထွက်ဖို့ အားပေးတယ်၊ သူ့ကို ညီလေးတစ်ယောက်လို ခင်တယ်၊ ဂီတလောကထဲ မရောက်ခင်ထဲက ခင်မင်ခဲ့တယ်၊ အခွင့်အရေးရချိန်မှာ ချိတ်ဆက် ဆက်သွယ်ပေးခဲ့တယ် ”

” သူ့ရဲ့ ကံ အသံ ကြိုးစားမှုကို ပရိသတ်လက်ခံခဲ့တယ်၊ အောင်မြင်ခဲ့တဲ့အဆိုတော်တစ်ယောက် ဖြစ်ခဲ့တယ်။ အနုပညာနဲ့ ပတ်သက်ပြီး အများကြီးလုပ်နိုင်တဲ့သူမို့ နှမျောပါတယ်။ ဒါပေမယ့်လဲ ဖြစ်လာတဲ့ကံတော့ခံရမှာပေါ့။ သူ့ကိုတော့ ခွန်အားတွေဖြစ်ဖို့ အားပေးမှာပါ ၊ နောက်ပြီး သူ့ကိုပြောချင်တာက နောက်အဲ့လိုမဖြစ်စေနဲ့ ကိုယ့်မှာလုပ်စရာတွေများကြီးရှိတယ်၊ ဘ၀မှာ မထင်မှတ်တဲ့အမှားတွေ ထပ်မဖြစ်စေဖို့ ပြောချင် တယ်။ စိတ်လိုက်မာန်ပါတွေနောက်မလုပ်နဲ့ ” လို့လဲ မှာချင်ပါတယ်တဲ့။

copy @ KKK(momolay)
Source – momolaytv