rape

သာကေတမြို့နယ်တွင် (၅) နှစ်အရွယ်မိန်းကလေးကို တစ်ခြံတည်းအတူနေသည့် အသက် (၉) နှစ်အရွယ် လေးတန်းကျောင်းသားက အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သာကေတမြို့နယ် ၁၀/ မြောက်ရပ်ကွက်နေ ၎င်းမိန်းက လေးသည် မေလ ၉ ရက် ညနေ ၅ နာရီက ခြံဝင်း တစ်ခုတည်းနေထိုင်သည့် ဘေးအိမ်မှ အသက် (၉) နှစ်အရွယ် လေးတန်းကျောင်းသားနှင့် နေအိမ်ခေါင်းရင်း၌ ဆော့ကစားနေစဉ်ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ထိုသို့ဆော့ကစားနေစဉ် အသက် (၉) နှစ်အရွယ် လေးတန်းကျောင်းသားက မြေပေါ်သို့ တွန်း လှဲကာ ဘောင်းဘီဆွဲချွတ်ပြီးအ ပေါ်မှတက်ခွ၍ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း အဘွားဖြစ်သူကို ပြန်လည်ပြောပြခဲ့၍ အဘွားက ရဲစခန်းတွင် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းမိန်းကလေး၏ မိခင်သည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် ထမင်း၊ ဟင်းချက်သည့်အလုပ် သွားရောက်လုပ်ကိုင်နေသဖြင့် သမီးငယ်ကို အဘွားနှင့်အတူ ထားခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် (၉) နှစ်အရွယ် လေးတန်းကျောင်းသားကို သာကေတနယ်မြေရဲစခန်းတွင် အဓမ္မပြုကျင့်ရန် အားထုတ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ထိန်းသိမ်းစစ်ဆေးနေကြောင်း ရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်က လည်း သာကေတမြို့နယ် ၁၀/ မြောက်ရပ်ကွက်နေ မောင်နှမနှစ်ဦးကို နေအိမ်တွင် လာရောက်နေထိုင်သည့် အသက် (၂၈) နှစ်အရွယ် အလုပ်သမားက အအေးတိုက်မည်ဟုခေါ်ဆောင်ကာ အစ်ကိုဖြစ်သူကို ပိုက်ဆံမလောက်၍ ပြန်ယူခိုင်းပြီး အသက် (၆) နှစ်အရွယ် မိန်းကလေးကို ခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

copy @ 7day news/ဖြိုးဝေလင်း