အေတြးအျမင္

Zawgyi ျဖင့္ဖတ္၇န္

႐ိုက္တာသတင္းေထာက္ ႏွစ္ေယာက္ကို ေထာင္ေခ်ာက္ဆင္ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း အမ်ားျပည္သူသိေအာင္ ထုတ္ေျပာခဲ့တဲ့ ဒုတိယရဲမွဴး မိုးရန္ႏိုင္ကို ရဲစည္းကမ္းဥပေဒ ေဖာက္ဖ်က္မႈနဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးက ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္လိုက္တာနဲ႔ပတ္သက္ၿပီး အြန္လိုင္းလူမႈကြန္ရက္မွာ ေထာက္ခံ၊ ကန္႔ကြက္သံေတြ ဆူညံသြားခဲ့တယ္။

ထံုးစံအတိုင္း ျမန္မာလူ႔အဖြဲ႔အစည္းမွာ အဓိကကြဲေနတဲ့ အုပ္စုႀကီး ႏွစ္စုကပဲ ဒီအေပၚမွာ ကန္႔ကြက္၊ ေထာက္ခံ မွတ္ခ်က္ေတြ ဝင္ေပးၾကတယ္။ ကန္႔ကြက္တဲ့သူေတြထဲမွာ ရဲတပ္ဖြဲ႔ အပါအဝင္ လက္နက္ကိုင္ထားသူေတြ၊ အာဏာခ်ဳပ္ကိုင္ထားသူေတြရဲ႕ ဖိႏွိပ္မႈကို ႏွစ္အၾကာႀကီး ခံလာခဲ့ရတဲ့သူေတြက အမ်ားစုပါတယ္။ ေထာက္ခံသူေတြကေတာ့ အမ်ားသိတဲ့အတိုင္း အာဏာ အဝန္းအဝိုင္းနဲ႔ ထိစပ္ပတ္သက္ေနတဲ့ ပတ္ဝန္းက်င္က လူေတြေပါ့။

အမ်ားစုကေတာ့ ဒုရဲမွဴးမိုးရန္ႏိုင္ကို သတၱိရွိၿပီး အမွန္တရားကို ထုတ္ေဖာ္ရဲတဲ့ သူရဲေကာင္းတစ္ဦးအျဖစ္ ဂုဏ္ျပဳ၊ အားေပး၊ ေထာက္ခံ၊ အသိအမွတ္ျပဳၾကတယ္။ သူ႔ကို ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့ တရားခြင္အၿပီးမွာ ဒုရဲမွဴး မိုးရန္ႏိုင္က ကၽြန္ေတာ့္ကို ေထာင္ခ်လိုက္တာဟာ ေနာက္ထပ္ေပၚလာမယ့္ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ အမွန္တရားကို ၿခိမ္းေျခာက္လိုက္တာပဲလို႔ ေျပာလိုက္တဲ့စကားက မီဒီယာေတြမွာ ထိပ္စီး သတင္းေခါင္းစဥ္ျဖစ္သြားတယ္။

အြန္လိုင္းလူမႈကြန္ရက္ေပၚမွာ တင္ထားေသာ အဲဒီ့သတင္းေအာက္မွာ ေထာင္ဒဏ္ အမိန္႔ခ်မွတ္လိုက္တာကို သေဘာတူ ေထာက္ခံေၾကာင္း မွတ္ခ်က္ေပး႐ံုတင္မက “သစၥာေဖာက္ေလာက္ေကာင္”၊ “ေနာက္ထပ္ ဆယ္ႏွစ္ အသက္ရွင္ဖို႔ ဆုေတာင္းေန”၊ “သစၥာေဖာက္တို႔ သြားရာလမ္း”၊ “တိုင္းျပည္ကို ေရာင္းစားခ်င္တဲ့ေကာင္ေတြကို အားေပးတဲ့ေကာင္”စတဲ့ မွတ္ခ်က္ ဝင္ေပးေနတဲ့သူ တခ်ိဳ႕ကိုလည္း ေတြ႔ရတယ္။

ဘာပဲေျပာေျပာ ျမန္မာလူ႔အဖြဲ႔အစည္းမွာ လူအမ်ား စိတ္ဝင္စားတဲ့ အေၾကာင္းအရာ၊ သတင္းတစ္ခု တက္လာၿပီဆိုရင္ အဲဒီသတင္းက အာဏာရပ္ဝန္းနဲ႔ ဆက္စပ္မႈ ရွိတယ္ဆိုရင္ သဘာဝအရ ေထာက္ခံ၊ ကန္႔ကြက္မႈ ရွိတယ္ဆိုေပမယ့္ တစ္ဖက္ပိတ္အျမင္နဲ႔ လြန္လြန္ကဲကဲ မွတ္ခ်က္ေတြ ဝင္ေပးေနတာကေတာ့ အ႐ုပ္ဆိုးလွတယ္။ ဒါေၾကာင့္ ဒီလိုအေျခအေန ႀကံဳလာၿပီဆိုရင္ ဘီလူးစည္း၊ လူ႔စည္း ကြဲသြားေလ့ ရွိတယ္လို႔ ေျပာၾကတာေပါ့။

တကယ္ေတာ့ ဒုရဲမွဴး မိုးရန္ႏိုင္အေနနဲ႔ လက္ရွိတည္ဆဲ ရဲစည္းကမ္း ဥပေဒကို ခ်ိဳးေဖာက္ေကာင္း ခ်ိဳးေဖာက္ႏိုင္ေပမယ့္ သူ႔ကို ဒီလိုျဖစ္လာေအာင္ ဘာျဖစ္လို႔ မဟုတ္မမွန္တဲ့နည္း သံုးခဲ့တာလဲ၊ ဘာျဖစ္လို႔ အစကတည္းက ဒီကိစၥအေပၚ ညင္ညင္သာသာ၊ ပါးပါးနပ္နပ္ မကိုင္တြယ္ခဲ့တာလဲ၊ ဘာျဖစ္လို႔ လူသိရွင္ၾကားျဖစ္ေအာင္ လုပ္ရတာလဲလို႔ ေမးစရာရွိတယ္။

ပိုအေရးႀကီးတာက ဒုရဲမွဴးမိုးရန္ႏိုင္က ရဲစည္းကမ္းဥပေဒကို ခ်ိဳးေဖာက္တယ္ဆိုရင္ ေထာင္ေခ်ာက္ဆင္ဖမ္းဖို႔ အမိန္႔ေပးခဲ့တဲ့ တာဝန္ရွိသူေတြကေရာ ျမန္မာႏိုင္ငံရဲ႕ တည္ဆဲ ဥပေဒ၊ စည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တာ မဟုတ္ဘူးလားဆိုတဲ့ အခ်က္ပါ။ ဒုရဲမွဴး မိုးရန္ႏိုင္ကို အမိန္႔ေပးခဲ့တဲ့သူေတြကပဲ အခု သူ႔ကို ဖမ္းခိုင္း၊ တရား႐ံုးတင္ခိုင္း၊ ေထာင္ခ်ခိုင္းတာ နည္းနည္းေတာ့ မမ်ားဘူးလားလို႔ ေမးရမယ္။

စစ္အာဏာရွင္စနစ္ေအာက္မွာ ျမန္မာျပည္သူလူထုက အဖိႏွိပ္ခံ၊ အရက္စက္ခံလို႔ ေျပာရင္ ရဲတပ္ဖြဲ႔ဝင္ေတြကလည္း အဲဒီစနစ္ထဲက အာဏာရွင္ေတြ အလိုက် အသံုးေတာ္ခံေနရသူေတြလို႔ ဆိုရမယ္။ ရဲစစ္စစ္ေတြက ရဲပီသတဲ့ အလုပ္ လုပ္ခြင့္မရဘဲ ဥပေဒေက်ာ္လြန္တဲ့ အမိန္႔၊ ၫႊန္ၾကားခ်က္ေတြကို ေအာက္ေျခကေန အမုန္းခံၿပီး လုပ္ေပးေနၾကရတဲ့သူေတြပါ။

ဒုရဲမွဴး မိုးရန္ႏိုင္ရဲ႕အမႈကို တရားေရးမ႑ိဳင္က တည့္တည့္မတ္မတ္ ၾကားနာ၊ ဆံုးျဖတ္၊ ခ်မွတ္တာ မဟုတ္ရင္ေတာ့ နဂိုကတည္းက အလြဲနည္းနဲ႔ ကိုင္တြယ္ခဲ့တဲ့ ျပႆနာ ပိုၿပီးဟိုးေလးတေက်ာ္ျဖစ္သြားေတာ့မယ္။ အမွန္တရားရဲ႕ ဘက္ေတာ္သား၊ တရားဥပေဒရဲ႕ ဘက္ေတာ္သား၊ ျပည္သူလူထု အက်ိဳးစီးပြားရဲ႕ ဘက္ေတာ္သားျဖစ္ရမယ့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔အေပၚမွာလည္း ျမန္မာျပည္သူေတြရဲ႕ ေခါက္႐ိုးက်ိဳးေနတဲ့ အျမင္မွန္ေၾကာင္း သက္ေသျပသလို ျဖစ္သြားမယ္ တစ္နည္းဆိုရရင္ ဘယ္သူက ဘယ္သူ႔ကို သစၥာေဖာက္ေနတယ္ဆိုတာ မီးေမာင္းထိုးျပလိုက္သလို ျဖစ္သြားမယ္ဆိုတာ သတိခ်ပ္ဖို႔ သတိေပး ေထာက္ျပလိုရင္းပါ။

Unicodeဖြင့်ဖတ်ရန်
ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အများပြည်သူသိအောင် ထုတ်ပြောခဲ့တဲ့ ဒုတိယရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်မှာ ထောက်ခံ၊ ကန့်ကွက်သံတွေ ဆူညံသွားခဲ့တယ်။

ထုံးစံအတိုင်း မြန်မာလူ့အဖွဲ့အစည်းမှာ အဓိကကွဲနေတဲ့ အုပ်စုကြီး နှစ်စုကပဲ ဒီအပေါ်မှာ ကန့်ကွက်၊ ထောက်ခံ မှတ်ချက်တွေ ဝင်ပေးကြတယ်။ ကန့်ကွက်တဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ အပါအဝင် လက်နက်ကိုင်ထားသူတွေ၊ အာဏာချုပ်ကိုင်ထားသူတွေရဲ့ ဖိနှိပ်မှုကို နှစ်အကြာကြီး ခံလာခဲ့ရတဲ့သူတွေက အများစုပါတယ်။ ထောက်ခံသူတွေကတော့ အများသိတဲ့အတိုင်း အာဏာ အဝန်းအဝိုင်းနဲ့ ထိစပ်ပတ်သက်နေတဲ့ ပတ်ဝန်းကျင်က လူတွေပေါ့။

အများစုကတော့ ဒုရဲမှူးမိုးရန်နိုင်ကို သတ္တိရှိပြီး အမှန်တရားကို ထုတ်ဖော်ရဲတဲ့ သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြု၊ အားပေး၊ ထောက်ခံ၊ အသိအမှတ်ပြုကြတယ်။ သူ့ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ တရားခွင်အပြီးမှာ ဒုရဲမှူး မိုးရန်နိုင်က ကျွန်တော့်ကို ထောင်ချလိုက်တာဟာ နောက်ထပ်ပေါ်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမှန်တရားကို ခြိမ်းခြောက်လိုက်တာပဲလို့ ပြောလိုက်တဲ့စကားက မီဒီယာတွေမှာ ထိပ်စီး သတင်းခေါင်းစဉ်ဖြစ်သွားတယ်။

အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ တင်ထားသော အဲဒီ့သတင်းအောက်မှာ ထောင်ဒဏ် အမိန့်ချမှတ်လိုက်တာကို သဘောတူ ထောက်ခံကြောင်း မှတ်ချက်ပေးရုံတင်မက “သစ္စာဖောက်လောက်ကောင်”၊ “နောက်ထပ် ဆယ်နှစ် အသက်ရှင်ဖို့ ဆုတောင်းနေ”၊ “သစ္စာဖောက်တို့ သွားရာလမ်း”၊ “တိုင်းပြည်ကို ရောင်းစားချင်တဲ့ကောင်တွေကို အားပေးတဲ့ကောင်”စတဲ့ မှတ်ချက် ဝင်ပေးနေတဲ့သူ တချို့ကိုလည်း တွေ့ရတယ်။

ဘာပဲပြောပြော မြန်မာလူ့အဖွဲ့အစည်းမှာ လူအများ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ သတင်းတစ်ခု တက်လာပြီဆိုရင် အဲဒီသတင်းက အာဏာရပ်ဝန်းနဲ့ ဆက်စပ်မှု ရှိတယ်ဆိုရင် သဘာဝအရ ထောက်ခံ၊ ကန့်ကွက်မှု ရှိတယ်ဆိုပေမယ့် တစ်ဖက်ပိတ်အမြင်နဲ့ လွန်လွန်ကဲကဲ မှတ်ချက်တွေ ဝင်ပေးနေတာကတော့ အရုပ်ဆိုးလှတယ်။ ဒါကြောင့် ဒီလိုအခြေအနေ ကြုံလာပြီဆိုရင် ဘီလူးစည်း၊ လူ့စည်း ကွဲသွားလေ့ ရှိတယ်လို့ ပြောကြတာပေါ့။

တကယ်တော့ ဒုရဲမှူး မိုးရန်နိုင်အနေနဲ့ လက်ရှိတည်ဆဲ ရဲစည်းကမ်း ဥပဒေကို ချိုးဖောက်ကောင်း ချိုးဖောက်နိုင်ပေမယ့် သူ့ကို ဒီလိုဖြစ်လာအောင် ဘာဖြစ်လို့ မဟုတ်မမှန်တဲ့နည်း သုံးခဲ့တာလဲ၊ ဘာဖြစ်လို့ အစကတည်းက ဒီကိစ္စအပေါ် ညင်ညင်သာသာ၊ ပါးပါးနပ်နပ် မကိုင်တွယ်ခဲ့တာလဲ၊ ဘာဖြစ်လို့ လူသိရှင်ကြားဖြစ်အောင် လုပ်ရတာလဲလို့ မေးစရာရှိတယ်။

ပိုအရေးကြီးတာက ဒုရဲမှူးမိုးရန်နိုင်က ရဲစည်းကမ်းဥပဒေကို ချိုးဖောက်တယ်ဆိုရင် ထောင်ချောက်ဆင်ဖမ်းဖို့ အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကရော မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ၊ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာ မဟုတ်ဘူးလားဆိုတဲ့ အချက်ပါ။ ဒုရဲမှူး မိုးရန်နိုင်ကို အမိန့်ပေးခဲ့တဲ့သူတွေကပဲ အခု သူ့ကို ဖမ်းခိုင်း၊ တရားရုံးတင်ခိုင်း၊ ထောင်ချခိုင်းတာ နည်းနည်းတော့ မများဘူးလားလို့ မေးရမယ်။

စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာပြည်သူလူထုက အဖိနှိပ်ခံ၊ အရက်စက်ခံလို့ ပြောရင် ရဲတပ်ဖွဲ့ဝင်တွေကလည်း အဲဒီစနစ်ထဲက အာဏာရှင်တွေ အလိုကျ အသုံးတော်ခံနေရသူတွေလို့ ဆိုရမယ်။ ရဲစစ်စစ်တွေက ရဲပီသတဲ့ အလုပ် လုပ်ခွင့်မရဘဲ ဥပဒေကျော်လွန်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို အောက်ခြေကနေ အမုန်းခံပြီး လုပ်ပေးနေကြရတဲ့သူတွေပါ။

ဒုရဲမှူး မိုးရန်နိုင်ရဲ့အမှုကို တရားရေးမဏ္ဍိုင်က တည့်တည့်မတ်မတ် ကြားနာ၊ ဆုံးဖြတ်၊ ချမှတ်တာ မဟုတ်ရင်တော့ နဂိုကတည်းက အလွဲနည်းနဲ့ ကိုင်တွယ်ခဲ့တဲ့ ပြဿနာ ပိုပြီးဟိုးလေးတကျော်ဖြစ်သွားတော့မယ်။ အမှန်တရားရဲ့ ဘက်တော်သား၊ တရားဥပဒေရဲ့ ဘက်တော်သား၊ ပြည်သူလူထု အကျိုးစီးပွားရဲ့ ဘက်တော်သားဖြစ်ရမယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်မှာလည်း မြန်မာပြည်သူတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အမြင်မှန်ကြောင်း သက်သေပြသလို ဖြစ်သွားမယ် တစ်နည်းဆိုရရင် ဘယ်သူက ဘယ်သူ့ကို သစ္စာဖောက်နေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားမယ်ဆိုတာ သတိချပ်ဖို့ သတိပေး ထောက်ပြလိုရင်းပါ။
Credit: the voice news