ဝိတ္ခ်ျခင္း
Zawgyi ျဖင့္ဖတ္၇န္

ျမတ္ႏိုးသူ ေဆာက္လုပ္ေရးလုပ္ငန္း၏ မန္ေနးဂ်င္းဒါ႐ိုက္တာျဖစ္သူ ၄၃ႏွစ္အ႐ြယ္ ဦးျမတ္သူသည္ အဝလြန္ျခင္းအတြက္ ယခင္က ေရတိုဝိတ္ေလွ်ာ့နည္းမ်ားကိုသုံးၿပီး ဝိတ္ေလွ်ာ့ခဲ့ဖူးသူျဖစ္သည္။

“အရင္တုန္းက သုံးေခါက္ေလာက္ ဝိတ္ေလွ်ာ့ဖူးပါတယ္။ ဒါေပမဲ့ ဝိတ္က်တာ မသိသာဘူး၊ စိတ္ကလည္း အရမ္းပင္ပန္းတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အသီးေတြပဲစားၿပီး ထမင္းလုံး၀ မစားနဲ႔ဆိုတာမ်ိဳး၊ ေလ့က်င့္ခန္း အျပင္းအထန္လုပ္ဆိုတာမ်ိဳး ဆိုေတာ့ ခဏပဲလုပ္ႏိုင္တယ္၊ ေရရွည္မွာ ဘယ္လိုမွ မလုပ္ႏိုင္ေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ ၁၀ ရက္ေလာက္လည္း လုပ္ၿပီးေရာ အစားျဖတ္တဲ့ဒဏ္ကို မခံႏိုင္ေတာ့ဘဲ စိတ္အလိုမက်တာေတြျဖစ္လာပါတယ္။ အဲဒီေတာ့ ေနာက္ပိုင္း ဝိတ္ေလွ်ာ့ရတာကို စိတ္ပ်က္သြားတယ္။ ဝိတ္က်ေအာင္ ေဆးေတြလည္းေသာက္ဖူးတယ္။ ဒါေပမဲ့ အစားအေသာက္ မထိန္းေတာ့ ျပန္ဝတာပါပဲ” ဟု ဦးျမတ္သူက ေျပာသည္။

ေလးဖက္နာေရာဂါေၾကာင့္ အိပ္ရာထဲ ေျခာက္လေလာက္ လွဲေနရသည္အထိ ဆိုး႐ြားစြာ ေဝဒနာခံစားခဲ့ရေသာ ဦးျမတ္သူသည္ ထိုကာလအတြင္း ကိုယ္အေလးခ်ိန္မ်ားစြာ ျမင့္တက္လာခဲ့ရာ ၂၈၇ ေပါင္အထိ ျဖစ္သြားခဲ့သည္။ “ကိုယ္အေလးခ်ိန္ ဒီေလာက္အထိ တက္ခဲ့ရတာက က်န္းမာေရးအသိကို တိတိက်က် မသိခဲ့လို႔ပါ။ အဲဒီေတာ့ စားေသာက္ေနထိုင္မႈပုံစံက မွားေနခဲ့ပါတယ္။ အဝလြန္ေတာ့ ေရာဂါေတြျဖစ္လိုက္၊ ေဆးခန္းျပလိုက္ လည္ေနခဲ့တာပါ။

အရင္က ဘယ္လို စားေသာက္ခဲ့သလဲဆိုေတာ့ ထမင္းကေတာ့ နည္းနည္းပဲ စားပါတယ္၊ ဒါေပမဲ့ ျမန္ျမန္စားတယ္၊ အာလူးေၾကာ္၊ ဟမ္ဘာဂါ၊ ပီဇာ စတဲ့ သေရစာေတြကို အရမ္းႀကိဳက္ပါတယ္။ အျပင္စာကလည္း အင္မတန္စားတယ္၊ အခ်ဥ္၊ အခါးေတြကို လုံးဝမႀကိဳက္ဘူး။ အသားပဲ ဟင္းထင္တာ၊ အ႐ြက္စိမ္းေတြဆို လုံးဝမႀကိဳက္ဘူး။ သေရစာကေတာ့ မ်က္လုံးမွိတ္မွပဲ ပါးစပ္ပိတ္ေတာ့တယ္။ ကြၽန္ေတာ္က ထမင္းကိုနည္းနည္းပဲ စားေတာ့ ‘ငါ ဝတာ ဝတယ္၊ နည္းနည္းပဲစားၿပီး ဝေနတာဆိုေတာ့ မတတ္ႏိုင္ဘူး’လို႔ ထင္ခဲ့တယ္။

ကိုယ္အေလးခ်ိန္ ၂၈၇ေပါင္အထိျဖစ္သြားတဲ့ အခါမွာ က်န္းမာေရးကခ်ဴျခာလာပါတယ္၊ အသက္ ရွဴရတာလည္း မဝေတာ့ဘူး၊အဲဒါနဲ႔ ႏွလုံးအထူးကု ဆရာဝန္ ေဒါက္တာဦးသန္းထိုက္ေအာင္ဆီ သြားျပေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ လိုတယ္ဆိုၿပီး အာဟာရဆိုင္ရာ ဆရာဝန္ႀကီး ေဒါက္တာေဒၚဝင္းဝင္းျမင့္နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

အခုတစ္ေခါက္မွာေတာ့ စိတ္ပင္ပန္းတာ သိပ္မျဖစ္ခဲ့ဘူး။ အစားအေသာက္ကို စနစ္နဲ႔ စားတတ္သြားလို႔ပါ။ အစားအေသာက္ဆိုလည္း ဘယ္အရာက ကယ္လိုရီမ်ားတယ္၊ ဘယ္အရာဆိုရင္ စားသင့္တယ္ဆိုတာ သိသြားတယ္။ ဆရာမ ေဒၚဝင္းဝင္းျမင့္က ေလ့က်င့္ခန္းကိုလုပ္ပါ၊ ဒါေပမဲ့ ျဖည္းျဖည္းခ်င္းပဲ စခိုင္းပါတယ္။ အဲဒီေတာ့ ကိုယ္လုပ္ႏိုင္တဲ့ အတိုင္းအတာအတြင္း ျဖစ္တဲ့အတြက္ စိတ္ပ်က္မသြားပါဘူး”ဟု ဦးျမတ္သူက ေျပာသည္။

ဦးျမတ္သူသည္ ၁-၄-၂၀၁၆ ရက္ေန႔ကစၿပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်မႈကို တိက်စြာျပဳလုပ္ခဲ့ရာ ၁-၈-၂၀၁၆ ရက္ေန႔တြင္ ၂၄၃ ေပါင္၊ ၁၉-၈-၂၀၁၆ ရက္ေန႔တြင္ ၂၃၇ ေပါင္ အထိ ေလ်ာ့က်သြားခဲ့ရာ တစ္လလွ်င္ ပ်မ္းမွ် ၁၀ ေပါင္ေက်ာ္ ေလ်ာ့က်ခဲ့ၿပီး ေလးလေက်ာ္အတြင္း ေပါင္ ၅၀ အထိ ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။

“တကယ္လုပ္မယ္ဆိုရင္ ကိုယ္အေလးခ်ိန္က တစ္လမွာ ၁၅ ေပါင္ေလာက္ က်ႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က အစားအေသာက္မက္ေတာ့ ညစာကို အၿမဲတမ္းမဆင္ျခင္ျဖစ္ပါဘူး။ အဲဒီအတြက္ ႏွစ္ရက္ တစ္ေပါင္ေလာက္ မက်ေတာ့ပါဘူး။ စစခ်င္း ၁၀ ရက္-၁၅ ရက္ေလာက္အတြင္းမွာေတာ့ နည္းစနစ္တက် မစားေသာက္တတ္ေသးတဲ့အတြက္ ဒုကၡေရာက္ခဲ့တယ္။ ေနာက္ပိုင္းက်ေတာ့ စနစ္တက် ေနထိုင္စားေသာက္တတ္လာတဲ့အတြက္ အေတာ္ေလး အဆင္ေျပသြားပါတယ္။ ဝိတ္တကယ္က်တဲ့အတြက္ လူကလည္း ေနရထိုင္ရတာေပါ့ပါးလာတယ္။ အျပင္စာကို လုံးဝနီးပါးမစားေတာ့ပါဘူး။ ျငင္းလို႔မရတဲ့ ပြဲလမ္းသဘင္ေတြမွာ စားရင္ေတာင္ အရင္က အသားပဲေ႐ြးစားေပမယ့္ အခုက်ေတာ့ အသီးအ႐ြက္ေတြကို ဦးစားေပးစားတယ္” ဟု ဦးျမတ္သူက သူ၏ စားေသာက္မႈပုံစံကို ေျပာျပခဲ့သည္။

“အရင္က အစာစားရင္ မဝါးဘူး၊ မ်ိဳခ်တာဆိုေတာ့ ခဏေလးနဲ႔ ကုန္သြားတယ္။ အခုက်ေတာ့ ဆရာမက နာရီဝက္ၾကာေအာင္စားလို႔ ေျပာေပမယ့္ ၁၅မိနစ္ အနည္းဆုံးၾကာေအာင္ စားတယ္၊ ဟင္းခ်ိဳကို အရင္ဆုံးစားတဲ့အက်င့္လုပ္တယ္၊ ထမင္းတစ္ လုတ္စားၿပီးတိုင္း ၁ကေန ၃၀ အထိေရတယ္။ အဓိကက အစာကို ေၾကညက္ေအာင္ အခ်ိန္ယူစားပါတယ္။ တစ္ေနကုန္မွာလည္း ငါးမုန႔္ေၾကာ္၊ အာလူးေၾကာ္၊ စမူဆာ စတဲ့ ဆီေၾကာ္မုန႔္ေတြ အကုန္ေရွာင္ပါတယ္။ အရင္က အခ်ိဳရည္ကို ႀကိဳက္လည္း ႀကိဳက္ေတာ့ တစ္ေန႔ကို ႏွစ္ဘူး-သုံးဘူးေလာက္ေသာက္ပါတယ္။

အခုေတာ့အဆိပ္လို႔ သေဘာထားၿပီး လုံးဝကို လွည့္မၾကည့္ေတာ့ပါဘူး။ ေရနဲ႔ ေရေႏြးၾကမ္းကိုပဲေသာက္ ေတာ့တယ္။ ဘီယာ၊ အရက္ကလည္း မေသာက္တာ ႏွစ္ ၂၀ ေလာက္ရွိသြားပါၿပီ။ လက္ဖက္ရည္၊ ေကာ္ဖီေတာင္ မေသာက္ေတာ့ဘူး။ အျပင္စာကို သိပ္မစား ေတာ့ဘူး။ အခုဆိုရင္ ေရေႏြးၾကမ္းကို ခါးခါးေလး ေသာက္တယ္။ ဆရာမက ဘယ္အစာက ကယ္လိုရီမ်ားတယ္၊ မစားသင့္တဲ့ အထဲမွာပါတယ္ဆိုၿပီး ကယ္လိုရီတက္တဲ့ အစာ၊ ကယ္လိုရီနည္းတဲ့ အစာေတြကို သိေအာင္ ေျပာျပေပးလိုက္တယ္။ အဲဒီအခါမွာ နည္း နည္းစားေပမယ့္ ဘယ္အစာဆိုရင္ ကယ္လိုရီတက္ ႏိုင္တယ္၊ ဘယ္အစာဆိုရင္ မ်ားမ်ားစားလည္း ကယ္လိုရီမတက္ဘူးဆိုတာ ခြဲျခားသိသြားပါတယ္”ဟု ဦး ျမတ္သူက ေျပာသည္။

လြန္ခဲ့ေသာ သုံးႏွစ္က ေသြးတိုးျခင္း၊ ဆီးခ်ိဳ ေရာဂါအႀကိဳအဆင့္ ျဖစ္ျခင္း၊ အသက္ရွဴမဝျခင္း၊ ေသြးတြင္းအဆီမ်ားျခင္းႏွင့္ ေလးဖက္နာေဝဒနာတို႔ ခံစားခဲ့ရေသာ္လည္း ယခု ကိုယ္အေလးခ်ိန္ ေပါင္ ၅၀ က်ၿပီးေနာက္ပိုင္းတြင္ ထိုေဝဒနာမ်ား သိသာစြာ ေလ်ာ့ပါးသက္သာသြားခဲ့ေၾကာင္း သိရသည္။

မလိုအပ္တဲ့ အပိုဝန္ ေပါင္ ၅၀ ေလာက္ ေလ်ာ့သြားတဲ့အခါ လူကလည္းေပါ့ပါးသြားတယ္။ အရင္ကဆို ၾကာၾကာ ေတာင္မတ္တတ္မရပ္ႏိုင္ဘူး။ လမ္းေလွ်ာက္ရမွာကို ေၾကာက္ေနခဲ့တာ။ အခုက်ေတာ့ လမ္းေလွ်ာက္ရတာကို အားကစားတစ္ခုလို မဟုတ္ဘဲ ေကာင္းက်ိဳးရွိတယ္ဆိုတဲ့ အသိနဲ႔ ေလွ်ာက္ကိုေလွ်ာက္ခ်င္ေနတာ. . .

“မလိုအပ္တဲ့ အပိုဝန္ ေပါင္ ၅၀ ေလာက္ေလ်ာ့သြားတဲ့အခါ လူကလည္း ေပါ့ပါးသြားတယ္။ အရင္ကဆို ၾကာၾကာေတာင္ မတ္တတ္မရပ္ႏိုင္ဘူး။ လမ္းေလွ်ာက္ရမွာကို ေၾကာက္ေနခဲ့တာ။ အခုက်ေတာ့ လမ္းေလွ်ာက္ရတာကို အားကစားတစ္ခုလို မဟုတ္ဘဲ ေကာင္းက်ိဳးရွိတယ္ဆိုတဲ့အသိနဲ႔ ေလွ်ာက္ကို ေလွ်ာက္ခ်င္ေနတာ။ အခုေနာက္ပိုင္းက်ေတာ့ ေရာဂါမျဖစ္ေအာင္ ကာကြယ္ဖို႔ ဝိတ္ေလွ်ာ့ရမယ္ဆိုတဲ့ အသိရွိသြားခဲ့ပါတယ္”ဟု ဦးျမတ္သူကဆိုသည္။

“ဆရာမက ေလ့က်င့္ခန္းကို စိတ္ေပ်ာ္လာေအာင္ အရင္လုပ္ဆိုၿပီး တစ္ရက္ကို တစ္နာရီခြဲပဲ လမ္းေလွ်ာက္ခိုင္းပါတယ္။ အဲဒါေတာင္ ဆက္တိုက္ မေလွ်ာက္ခိုင္းပါဘူး။ ၁၅ မိနစ္ေလွ်ာက္ၿပီး နား၊ ၿပီးမွ ၁၅ မိနစ္ေလွ်ာက္ . . တစ္ေနကုန္မွာ တစ္နာရီခြဲျပည့္ရင္ ေတာ္ၿပီလို႔ ေျပာခဲ့တယ္။ စစခ်င္းတုန္းက တစ္နာရီခြဲ ျပည့္ေအာင္ ေလွ်ာက္ႏိုင္ဖို႔ ေတာ္ေတာ္အား ထုတ္ခဲ့ရတယ္။ အခုက်ေတာ့ တစ္ေန႔ကို ႏွစ္နာရီခြဲေတာင္ လမ္းေလွ်ာက္ႏိုင္ခဲ့ပါတယ္။ ေရလည္း ကူးပါတယ္။ အရင္က လမ္းေလွ်ာက္ရင္ေတာင္ အိပ္ခ်င္ မူးတူးေလွ်ာက္ခဲ့ေပမယ့္ အခုေတာ့ လက္ေတြလႊဲယမ္းၿပီး တက္တက္ႂကြႂကြနဲ႔ ေခြၽးထြက္တဲ့အထိ ေလွ်ာက္ပါတယ္။ ဒီလိုေလ့က်င့္ခန္းေတြလုပ္ရင္ ေနရတာ လန္းဆန္းတယ္၊ နာတဲ့ဒဏ္လည္း မခံစားရေတာ့ပါဘူး”ဟု ဦးျမတ္သူက ေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ ရရွိသည့္ ေကာင္းက်ိဳးကို မွ်ေဝခဲ့သည္။

ဦးျမတ္သူဝိတ္ေလွ်ာ့ႏိုင္ခဲ့ျခင္း၏ အဓိက တြန္းအားမွာ ဇနီးသည္၏ အားေပးမႈဟု သူကဆိုသည္။
“အဓိက ဝိတ္ခ်ျဖစ္တဲ့ တြန္းအား ၁၀၀ ရာခိုင္ႏႈန္းက ကြၽန္ေတာ့္ အမ်ိဳးသမီးေၾကာင့္ပါပဲ။ သူက ကြၽန္ေတာ့္ကို အသက္ရွည္က်န္းမာေစခ်င္တယ္၊ လွလည္း လွေစခ်င္တယ္။ ဝတဲ့အခါ ဘယ္အဝတ္အစားနဲ႔မွ မေတာ္ေတာ့ဘူး။ အဆင္ဘယ္ေလာက္လွလွ ဝတ္လို႔မရေတာ့ဘဲ ေတာ္တာဝယ္ဝတ္ရတဲ့ဘ၀ ျဖစ္သြားခဲ့တယ္။ သူငယ္ခ်င္းေတြနဲ႔ ေဂါ့ဖ္႐ိုက္ရင္ေတာင္ သူမ်ားေတြလို ေပါ့ေပါ့ပါးပါး မသြားလာႏိုင္တဲ့ ဘဝမ်ိဳးျဖစ္ၿပီး ေပါင္းသင္းဆက္ဆံေရးမွာပါ ေနာက္မွာ က်န္ခဲ့ပါတယ္။ အမ်ိဳးသမီးက အစားအေသာက္ေတြကို ဆရာမရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ျပင္ဆင္ေပးတယ္။ ဟင္းရည္ဆိုလည္း မထပ္ေအာင္ စားခ်င္စဖြယ္ ျပင္ဆင္ေပးတယ္။

ကိုယ့္လို က်န္းမာေရးအသိမရွိတာမ်ိဳး မျဖစ္ေအာင္ သားကိုလည္း ဆရာမဆီ ေခၚသြားတိုင္း က်န္းမာေရးအသိရွိလာေအာင္ သင္ေပးထားတယ္။ အဲဒီအတြက္ သားကလည္း အသီးအ႐ြက္ေတြ စားတတ္တဲ့အက်င့္ရလာပါၿပီ”ဟု ဦးျမတ္သူကေျပာသည္။ အရပ္ ၅ ေပ ၇ လက္မရွိေသာ ဦးျမတ္သူအတြက္ရွိသင့္သည့္ ပုံမွန္ကိုယ္အေလးခ်ိန္သည္ ၁၄၀ ေပါင္ပတ္ဝန္းက်င္ျဖစ္ေသာ္လည္း ေနာင္ ၆ လအတြင္း ၁၉၀-၂၀၀ ေပါင္ၾကားရွိသည္အထိ ေလွ်ာ့ခ်သြားမည္ဟု ဆုံးျဖတ္ထားၿပီး ေပါင္ ၂၀၀ မေက်ာ္ေအာင္ အၿမဲထိန္းထားမည္ဟု ဦးျမတ္သူကဆိုသည္။

အဝလြန္ျခင္း၊ ဝျခင္းတို႔ေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိုသူမ်ားအတြက္ –

“အသက္လည္းရွည္ခ်င္တယ္၊ က်န္းက်န္းမာမာလည္း ေနခ်င္တယ္၊ စတိုင္က်ၿပီး စမတ္လည္း က်ခ်င္တယ္ဆိုရင္ေတာ့ ဝေနတာက ဘယ္ဘက္ကၾကည့္ၾကည့္ မေကာင္းပါဘူး။ မိသားစုဘက္က ၾကည့္လည္း မေကာင္းဘူး။ လူမႈေရးဘက္ကၾကည့္လည္း မေကာင္းဘူး၊ စီးပြားေရးဘက္ကၾကည့္လည္း မေကာင္းဘူး။ က်န္းမာေရးမေကာင္းရင္ ကိုယ္တစ္ေယာက္တည္း ထိခိုက္တာမဟုတ္ပါဘူး၊ မိသားစုမွာလည္း ထိခိုက္သလို စီးပြားေရး၊ လူမႈဆက္ဆံေပါင္းသင္းေရးမွာလည္း ထိခိုက္ပါတယ္။ အဘက္ဘက္မွာ ဆုံးရႈံးပါတယ္။ အဲဒီအတြက္ အဝလြန္သူေတြေကာ ဝတဲ့သူေတြပါ က်န္းမာေရးနဲ႔အညီ ေနထိုင္စားေသာက္ၿပီး ဝိတ္ေလွ်ာ့သင့္တယ္လို႔ ထင္ပါတယ္။

ဒီအဝလြန္တာေၾကာင့္ ရွစ္လ-ကိုးလေလာက္ အိပ္ရာထဲက မထႏိုင္ေလာက္ေအာင္ နာဖူးခဲ့ၿပီးၿပီ။ အခု ေပါင္ ၅၀ ေလာက္ က်ၿပီးခ်ိန္မွာ က်န္းမာေရးကလည္း ပုံမွန္ေကာင္းလာတယ္၊ မိသားစုကလည္း ေပ်ာ္႐ႊင္မႈရလာတယ္၊ စီးပြားေရးမွာလည္း လုပ္ႏိုင္ကိုင္ႏိုင္တဲ့ စိတ္စြမ္းအား ရွိလာတယ္၊ အဲဒီအတြက္ ဘယ္လို ဖိအားဒဏ္ေတြပဲလာလာ ခံႏိုင္ရည္ ပိုရွိလာပါတယ္။ အစစအရာရာ ပိုမို အဆင္ေျပလာတာကိုေတာ့ ကြၽန္ေတာ္ရဲ႕ ကိုယ္ေတြ႕ပါပဲ။

တစ္လ ဝိတ္ေလွ်ာ့ဖို႔ ေနာက္က်ရင္ ၁၀ ေပါင္ က်ရမယ့္အစား မဆင္ျခင္ဘဲေနလို႔ ၁၀ ေပါင္ ထပ္တက္လာတဲ့အတြက္ ေပါင္ ၂၀ နစ္နာပါတယ္။ ဒါေၾကာင့္ ခ်က္ခ်င္းပဲဝိတ္ေလွ်ာ့ပါလို႔ ေစတနာနဲ႔ တိုက္တြန္းခ်င္ပါတယ္”ဟု ဦးျမတ္သူက အႀကံေပးစကား ေျပာၾကားလိုက္ပါသည္။
Unicodeဖြင့်ဖတ်ရန်

မြတ်နိုးသူ ဆောက်လုပ်ရေးလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ၄၃နှစ်အရွယ် ဦးမြတ်သူသည် အဝလွန်ခြင်းအတွက် ယခင်က ရေတိုဝိတ်လျှော့နည်းများကိုသုံးပြီး ဝိတ်လျှော့ခဲ့ဖူးသူဖြစ်သည်။

“အရင်တုန်းက သုံးခေါက်လောက် ဝိတ်လျှော့ဖူးပါတယ်။ ဒါပေမဲ့ ဝိတ်ကျတာ မသိသာဘူး၊ စိတ်ကလည်း အရမ်းပင်ပန်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသီးတွေပဲစားပြီး ထမင်းလုံး၀ မစားနဲ့ဆိုတာမျိုး၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ဆိုတာမျိုး ဆိုတော့ ခဏပဲလုပ်နိုင်တယ်၊ ရေရှည်မှာ ဘယ်လိုမှ မလုပ်နိုင်တော့ မအောင်မြင်ခဲ့ပါဘူး။ ၁၀ ရက်လောက်လည်း လုပ်ပြီးရော အစားဖြတ်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်အလိုမကျတာတွေဖြစ်လာပါတယ်။ အဲဒီတော့ နောက်ပိုင်း ဝိတ်လျှော့ရတာကို စိတ်ပျက်သွားတယ်။ ဝိတ်ကျအောင် ဆေးတွေလည်းသောက်ဖူးတယ်။ ဒါပေမဲ့ အစားအသောက် မထိန်းတော့ ပြန်ဝတာပါပဲ” ဟု ဦးမြတ်သူက ပြောသည်။

လေးဖက်နာရောဂါကြောင့် အိပ်ရာထဲ ခြောက်လလောက် လှဲနေရသည်အထိ ဆိုးရွားစွာ ဝေဒနာခံစားခဲ့ရသော ဦးမြတ်သူသည် ထိုကာလအတွင်း ကိုယ်အလေးချိန်များစွာ မြင့်တက်လာခဲ့ရာ ၂၈၇ ပေါင်အထိ ဖြစ်သွားခဲ့သည်။ “ကိုယ်အလေးချိန် ဒီလောက်အထိ တက်ခဲ့ရတာက ကျန်းမာရေးအသိကို တိတိကျကျ မသိခဲ့လို့ပါ။ အဲဒီတော့ စားသောက်နေထိုင်မှုပုံစံက မှားနေခဲ့ပါတယ်။ အဝလွန်တော့ ရောဂါတွေဖြစ်လိုက်၊ ဆေးခန်းပြလိုက် လည်နေခဲ့တာပါ။

အရင်က ဘယ်လို စားသောက်ခဲ့သလဲဆိုတော့ ထမင်းကတော့ နည်းနည်းပဲ စားပါတယ်၊ ဒါပေမဲ့ မြန်မြန်စားတယ်၊ အာလူးကြော်၊ ဟမ်ဘာဂါ၊ ပီဇာ စတဲ့ သရေစာတွေကို အရမ်းကြိုက်ပါတယ်။ အပြင်စာကလည်း အင်မတန်စားတယ်၊ အချဉ်၊ အခါးတွေကို လုံးဝမကြိုက်ဘူး။ အသားပဲ ဟင်းထင်တာ၊ အရွက်စိမ်းတွေဆို လုံးဝမကြိုက်ဘူး။ သရေစာကတော့ မျက်လုံးမှိတ်မှပဲ ပါးစပ်ပိတ်တော့တယ်။ ကျွန်တော်က ထမင်းကိုနည်းနည်းပဲ စားတော့ ‘ငါ ဝတာ ဝတယ်၊ နည်းနည်းပဲစားပြီး ဝနေတာဆိုတော့ မတတ်နိုင်ဘူး’လို့ ထင်ခဲ့တယ်။

ကိုယ်အလေးချိန် ၂၈၇ပေါင်အထိဖြစ်သွားတဲ့ အခါမှာ ကျန်းမာရေးကချူခြာလာပါတယ်၊ အသက် ရှူရတာလည်း မဝတော့ဘူး၊အဲဒါနဲ့ နှလုံးအထူးကု ဆရာဝန် ဒေါက်တာဦးသန်းထိုက်အောင်ဆီ သွားပြတော့ ကိုယ်အလေးချိန်လျှော့ဖို့ လိုတယ်ဆိုပြီး အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ စိတ်ပင်ပန်းတာ သိပ်မဖြစ်ခဲ့ဘူး။ အစားအသောက်ကို စနစ်နဲ့ စားတတ်သွားလို့ပါ။ အစားအသောက်ဆိုလည်း ဘယ်အရာက ကယ်လိုရီများတယ်၊ ဘယ်အရာဆိုရင် စားသင့်တယ်ဆိုတာ သိသွားတယ်။ ဆရာမ ဒေါ်ဝင်းဝင်းမြင့်က လေ့ကျင့်ခန်းကိုလုပ်ပါ၊ ဒါပေမဲ့ ဖြည်းဖြည်းချင်းပဲ စခိုင်းပါတယ်။ အဲဒီတော့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်း ဖြစ်တဲ့အတွက် စိတ်ပျက်မသွားပါဘူး”ဟု ဦးမြတ်သူက ပြောသည်။

ဦးမြတ်သူသည် ၁-၄-၂၀၁၆ ရက်နေ့ကစပြီး ကိုယ်အလေးချိန် လျှော့ချမှုကို တိကျစွာပြုလုပ်ခဲ့ရာ ၁-၈-၂၀၁၆ ရက်နေ့တွင် ၂၄၃ ပေါင်၊ ၁၉-၈-၂၀၁၆ ရက်နေ့တွင် ၂၃၇ ပေါင် အထိ လျော့ကျသွားခဲ့ရာ တစ်လလျှင် ပျမ်းမျှ ၁၀ ပေါင်ကျော် လျော့ကျခဲ့ပြီး လေးလကျော်အတွင်း ပေါင် ၅၀ အထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။

“တကယ်လုပ်မယ်ဆိုရင် ကိုယ်အလေးချိန်က တစ်လမှာ ၁၅ ပေါင်လောက် ကျနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အစားအသောက်မက်တော့ ညစာကို အမြဲတမ်းမဆင်ခြင်ဖြစ်ပါဘူး။ အဲဒီအတွက် နှစ်ရက် တစ်ပေါင်လောက် မကျတော့ပါဘူး။ စစချင်း ၁၀ ရက်-၁၅ ရက်လောက်အတွင်းမှာတော့ နည်းစနစ်တကျ မစားသောက်တတ်သေးတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်။ နောက်ပိုင်းကျတော့ စနစ်တကျ နေထိုင်စားသောက်တတ်လာတဲ့အတွက် အတော်လေး အဆင်ပြေသွားပါတယ်။ ဝိတ်တကယ်ကျတဲ့အတွက် လူကလည်း နေရထိုင်ရတာပေါ့ပါးလာတယ်။ အပြင်စာကို လုံးဝနီးပါးမစားတော့ပါဘူး။ ငြင်းလို့မရတဲ့ ပွဲလမ်းသဘင်တွေမှာ စားရင်တောင် အရင်က အသားပဲရွေးစားပေမယ့် အခုကျတော့ အသီးအရွက်တွေကို ဦးစားပေးစားတယ်” ဟု ဦးမြတ်သူက သူ၏ စားသောက်မှုပုံစံကို ပြောပြခဲ့သည်။

“အရင်က အစာစားရင် မဝါးဘူး၊ မျိုချတာဆိုတော့ ခဏလေးနဲ့ ကုန်သွားတယ်။ အခုကျတော့ ဆရာမက နာရီဝက်ကြာအောင်စားလို့ ပြောပေမယ့် ၁၅မိနစ် အနည်းဆုံးကြာအောင် စားတယ်၊ ဟင်းချိုကို အရင်ဆုံးစားတဲ့အကျင့်လုပ်တယ်၊ ထမင်းတစ် လုတ်စားပြီးတိုင်း ၁ကနေ ၃၀ အထိရေတယ်။ အဓိကက အစာကို ကြေညက်အောင် အချိန်ယူစားပါတယ်။ တစ်နေကုန်မှာလည်း ငါးမုန့်ကြော်၊ အာလူးကြော်၊ စမူဆာ စတဲ့ ဆီကြော်မုန့်တွေ အကုန်ရှောင်ပါတယ်။ အရင်က အချိုရည်ကို ကြိုက်လည်း ကြိုက်တော့ တစ်နေ့ကို နှစ်ဘူး-သုံးဘူးလောက်သောက်ပါတယ်။

အခုတော့အဆိပ်လို့ သဘောထားပြီး လုံးဝကို လှည့်မကြည့်တော့ပါဘူး။ ရေနဲ့ ရေနွေးကြမ်းကိုပဲသောက် တော့တယ်။ ဘီယာ၊ အရက်ကလည်း မသောက်တာ နှစ် ၂၀ လောက်ရှိသွားပါပြီ။ လက်ဖက်ရည်၊ ကော်ဖီတောင် မသောက်တော့ဘူး။ အပြင်စာကို သိပ်မစား တော့ဘူး။ အခုဆိုရင် ရေနွေးကြမ်းကို ခါးခါးလေး သောက်တယ်။ ဆရာမက ဘယ်အစာက ကယ်လိုရီများတယ်၊ မစားသင့်တဲ့ အထဲမှာပါတယ်ဆိုပြီး ကယ်လိုရီတက်တဲ့ အစာ၊ ကယ်လိုရီနည်းတဲ့ အစာတွေကို သိအောင် ပြောပြပေးလိုက်တယ်။ အဲဒီအခါမှာ နည်း နည်းစားပေမယ့် ဘယ်အစာဆိုရင် ကယ်လိုရီတက် နိုင်တယ်၊ ဘယ်အစာဆိုရင် များများစားလည်း ကယ်လိုရီမတက်ဘူးဆိုတာ ခွဲခြားသိသွားပါတယ်”ဟု ဦး မြတ်သူက ပြောသည်။

လွန်ခဲ့သော သုံးနှစ်က သွေးတိုးခြင်း၊ ဆီးချို ရောဂါအကြိုအဆင့် ဖြစ်ခြင်း၊ အသက်ရှူမဝခြင်း၊ သွေးတွင်းအဆီများခြင်းနှင့် လေးဖက်နာဝေဒနာတို့ ခံစားခဲ့ရသော်လည်း ယခု ကိုယ်အလေးချိန် ပေါင် ၅၀ ကျပြီးနောက်ပိုင်းတွင် ထိုဝေဒနာများ သိသာစွာ လျော့ပါးသက်သာသွားခဲ့ကြောင်း သိရသည်။

မလိုအပ်တဲ့ အပိုဝန် ပေါင် ၅၀ လောက် လျော့သွားတဲ့အခါ လူကလည်းပေါ့ပါးသွားတယ်။ အရင်ကဆို ကြာကြာ တောင်မတ်တတ်မရပ်နိုင်ဘူး။ လမ်းလျှောက်ရမှာကို ကြောက်နေခဲ့တာ။ အခုကျတော့ လမ်းလျှောက်ရတာကို အားကစားတစ်ခုလို မဟုတ်ဘဲ ကောင်းကျိုးရှိတယ်ဆိုတဲ့ အသိနဲ့ လျှောက်ကိုလျှောက်ချင်နေတာ. . .

“မလိုအပ်တဲ့ အပိုဝန် ပေါင် ၅၀ လောက်လျော့သွားတဲ့အခါ လူကလည်း ပေါ့ပါးသွားတယ်။ အရင်ကဆို ကြာကြာတောင် မတ်တတ်မရပ်နိုင်ဘူး။ လမ်းလျှောက်ရမှာကို ကြောက်နေခဲ့တာ။ အခုကျတော့ လမ်းလျှောက်ရတာကို အားကစားတစ်ခုလို မဟုတ်ဘဲ ကောင်းကျိုးရှိတယ်ဆိုတဲ့အသိနဲ့ လျှောက်ကို လျှောက်ချင်နေတာ။ အခုနောက်ပိုင်းကျတော့ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ ဝိတ်လျှော့ရမယ်ဆိုတဲ့ အသိရှိသွားခဲ့ပါတယ်”ဟု ဦးမြတ်သူကဆိုသည်။

“ဆရာမက လေ့ကျင့်ခန်းကို စိတ်ပျော်လာအောင် အရင်လုပ်ဆိုပြီး တစ်ရက်ကို တစ်နာရီခွဲပဲ လမ်းလျှောက်ခိုင်းပါတယ်။ အဲဒါတောင် ဆက်တိုက် မလျှောက်ခိုင်းပါဘူး။ ၁၅ မိနစ်လျှောက်ပြီး နား၊ ပြီးမှ ၁၅ မိနစ်လျှောက် . . တစ်နေကုန်မှာ တစ်နာရီခွဲပြည့်ရင် တော်ပြီလို့ ပြောခဲ့တယ်။ စစချင်းတုန်းက တစ်နာရီခွဲ ပြည့်အောင် လျှောက်နိုင်ဖို့ တော်တော်အား ထုတ်ခဲ့ရတယ်။ အခုကျတော့ တစ်နေ့ကို နှစ်နာရီခွဲတောင် လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ရေလည်း ကူးပါတယ်။ အရင်က လမ်းလျှောက်ရင်တောင် အိပ်ချင် မူးတူးလျှောက်ခဲ့ပေမယ့် အခုတော့ လက်တွေလွှဲယမ်းပြီး တက်တက်ကြွကြွနဲ့ ချွေးထွက်တဲ့အထိ လျှောက်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေလုပ်ရင် နေရတာ လန်းဆန်းတယ်၊ နာတဲ့ဒဏ်လည်း မခံစားရတော့ပါဘူး”ဟု ဦးမြတ်သူက လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိသည့် ကောင်းကျိုးကို မျှဝေခဲ့သည်။

ဦးမြတ်သူဝိတ်လျှော့နိုင်ခဲ့ခြင်း၏ အဓိက တွန်းအားမှာ ဇနီးသည်၏ အားပေးမှုဟု သူကဆိုသည်။
“အဓိက ဝိတ်ချဖြစ်တဲ့ တွန်းအား ၁၀၀ ရာခိုင်နှုန်းက ကျွန်တော့် အမျိုးသမီးကြောင့်ပါပဲ။ သူက ကျွန်တော့်ကို အသက်ရှည်ကျန်းမာစေချင်တယ်၊ လှလည်း လှစေချင်တယ်။ ဝတဲ့အခါ ဘယ်အဝတ်အစားနဲ့မှ မတော်တော့ဘူး။ အဆင်ဘယ်လောက်လှလှ ဝတ်လို့မရတော့ဘဲ တော်တာဝယ်ဝတ်ရတဲ့ဘ၀ ဖြစ်သွားခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ဂေါ့ဖ်ရိုက်ရင်တောင် သူများတွေလို ပေါ့ပေါ့ပါးပါး မသွားလာနိုင်တဲ့ ဘဝမျိုးဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးမှာပါ နောက်မှာ ကျန်ခဲ့ပါတယ်။ အမျိုးသမီးက အစားအသောက်တွေကို ဆရာမရဲ့ ညွှန်ကြားချက်အတိုင်း ပြင်ဆင်ပေးတယ်။ ဟင်းရည်ဆိုလည်း မထပ်အောင် စားချင်စဖွယ် ပြင်ဆင်ပေးတယ်။

ကိုယ့်လို ကျန်းမာရေးအသိမရှိတာမျိုး မဖြစ်အောင် သားကိုလည်း ဆရာမဆီ ခေါ်သွားတိုင်း ကျန်းမာရေးအသိရှိလာအောင် သင်ပေးထားတယ်။ အဲဒီအတွက် သားကလည်း အသီးအရွက်တွေ စားတတ်တဲ့အကျင့်ရလာပါပြီ”ဟု ဦးမြတ်သူကပြောသည်။ အရပ် ၅ ပေ ၇ လက်မရှိသော ဦးမြတ်သူအတွက်ရှိသင့်သည့် ပုံမှန်ကိုယ်အလေးချိန်သည် ၁၄၀ ပေါင်ပတ်ဝန်းကျင်ဖြစ်သော်လည်း နောင် ၆ လအတွင်း ၁၉၀-၂၀၀ ပေါင်ကြားရှိသည်အထိ လျှော့ချသွားမည်ဟု ဆုံးဖြတ်ထားပြီး ပေါင် ၂၀၀ မကျော်အောင် အမြဲထိန်းထားမည်ဟု ဦးမြတ်သူကဆိုသည်။

အဝလွန်ခြင်း၊ ဝခြင်းတို့ကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် –

“အသက်လည်းရှည်ချင်တယ်၊ ကျန်းကျန်းမာမာလည်း နေချင်တယ်၊ စတိုင်ကျပြီး စမတ်လည်း ကျချင်တယ်ဆိုရင်တော့ ဝနေတာက ဘယ်ဘက်ကကြည့်ကြည့် မကောင်းပါဘူး။ မိသားစုဘက်က ကြည့်လည်း မကောင်းဘူး။ လူမှုရေးဘက်ကကြည့်လည်း မကောင်းဘူး၊ စီးပွားရေးဘက်ကကြည့်လည်း မကောင်းဘူး။ ကျန်းမာရေးမကောင်းရင် ကိုယ်တစ်ယောက်တည်း ထိခိုက်တာမဟုတ်ပါဘူး၊ မိသားစုမှာလည်း ထိခိုက်သလို စီးပွားရေး၊ လူမှုဆက်ဆံပေါင်းသင်းရေးမှာလည်း ထိခိုက်ပါတယ်။ အဘက်ဘက်မှာ ဆုံးရှုံးပါတယ်။ အဲဒီအတွက် အဝလွန်သူတွေကော ဝတဲ့သူတွေပါ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပြီး ဝိတ်လျှော့သင့်တယ်လို့ ထင်ပါတယ်။

ဒီအဝလွန်တာကြောင့် ရှစ်လ-ကိုးလလောက် အိပ်ရာထဲက မထနိုင်လောက်အောင် နာဖူးခဲ့ပြီးပြီ။ အခု ပေါင် ၅၀ လောက် ကျပြီးချိန်မှာ ကျန်းမာရေးကလည်း ပုံမှန်ကောင်းလာတယ်၊ မိသားစုကလည်း ပျော်ရွှင်မှုရလာတယ်၊ စီးပွားရေးမှာလည်း လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်စွမ်းအား ရှိလာတယ်၊ အဲဒီအတွက် ဘယ်လို ဖိအားဒဏ်တွေပဲလာလာ ခံနိုင်ရည် ပိုရှိလာပါတယ်။ အစစအရာရာ ပိုမို အဆင်ပြေလာတာကိုတော့ ကျွန်တော်ရဲ့ ကိုယ်တွေ့ပါပဲ။

တစ်လ ဝိတ်လျှော့ဖို့ နောက်ကျရင် ၁၀ ပေါင် ကျရမယ့်အစား မဆင်ခြင်ဘဲနေလို့ ၁၀ ပေါင် ထပ်တက်လာတဲ့အတွက် ပေါင် ၂၀ နစ်နာပါတယ်။ ဒါကြောင့် ချက်ချင်းပဲဝိတ်လျှော့ပါလို့ စေတနာနဲ့ တိုက်တွန်းချင်ပါတယ်”ဟု ဦးမြတ်သူက အကြံပေးစကား ပြောကြားလိုက်ပါသည်။
Credit – ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)