တင်မောင်ဆန်းဝင်းမင်း

မေလ ၁၀ ရက်ညနေ က လေပြင်းတိုက်ခတ်မှုကြောင့် ဒလမြို့တွင် ကပြရန် စီစဉ်ထား သည့် ဇာတ်ပွဲရုံပျက်စီးခဲ့ကြောင်း တင်မောင်ဆန်းမင်းဝင်းက ပြော သည်။

‘‘အစ်ကိုတို့က ည ၈ နာရီ လောက်မှ သွားတာ။ လေပြင်း တွေတိုက်နေတော့ လမ်းတစ်ဝက် မှာတင် မသင်္ကာလို့ ဖုန်းဆက်တာ မကိုင်ကြဘူး။ အစ်ကိုတို့လည်း သွားရင်း ကားက လေထဲမှာ လွင့် သလိုဖြစ်နေတော့ ပြန်ကွေ့လိုက် တယ်။ ကလေးလည်း ပါလာတော့ မသွားတော့ဘူးဆိုပြီးတော့။ အဲဒီ အချိန်မှာ မလာကြနဲ့တော့။ ရုံမရှိ တော့ဘူးဆိုပြီး ဖုန်းဝင်လာတယ်’’ ဟု ၎င်းက ကြုံတွေ့ခဲ့ရသည့် အ ကြောင်းကို ပြောသည်။

ဇာတ်ပွဲရုံပြိုကျပျက်စီးသော် လည်း ဇာတ်အဖွဲ့သားများ ထိခိုက် ဒဏ်ရာမရရှိဘဲ ဇာတ်ပစ္စည်းအ ချို့ပျက်စီးခဲ့သည်ဟု ၎င်းက ဆို သည်။‘‘ပစ္စည်းတွေကတော့ LED ထိသွားတယ်။ စပီကာလေးတွေ နည်းနည်းထိသွားတယ်။ ကျန် တာတွေကတော့ ပွဲမစသေးခင် ဖြစ်တဲ့အတွက် လွတ်သွားတယ်’’ ဟု တင်မောင်ဆန်းမင်းဝင်းက ပြောသည်။

အဆိုပါပွဲသည် ယခုနှစ် ရာသီနောက်ဆုံးပွဲဖြစ်ပြီး သုံးရက် ကပြရန် စီစဉ်ထားသော်လည်း ယင်းကဲ့သို့ ကြုံရသောကြောင့် ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ဆို သည်။

‘‘အစ်ကိုက မျှော်စင်ကျွန်းဝင် တော့မှာ။ မိုးလေလာတာတော့ သိပေမယ့် ကန်ထရိုက်က မရမကလိုက်ငှားနေလို့ ရန်ကုန်နဲ့နီးတာပဲ လေဆိုပြီး ကပေးလိုက်တာ’’ဟု ယင်းပွဲစဉ်လက်ခံဖြစ်ခဲ့သည့် အ ကြောင်းကို တင်မောင်ဆန်းမင်း ဝင်းက ပြောသည်။

တင်မောင်ဆန်းမင်းဝင်း၏ သစ္စာမေတ္တာရွှေမန်းသဘင်သည် နှစ်စဉ် မိုးရာသီတွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဇာတ်ရုံတည် ဆောက်ကာ အပတ်စဉ် ကပြလေ့ ရှိပြီး ယခုနှစ်တွင်လည်း ကပြရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြော သည်။

copy @ ဇွဲဉာဏ်/7day news