ZawGyiဖြင့်ဖတ်ရန်




UniCodeဖြင့်ဖတ်ရန်

ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူတွေ့ရတဲ့ မေမေချောရတနာ…

သရုပ်ဆောင်မင်းသမီးချော အကယ်ဒမီချောရတနာကတော့ သူမရဲ့ ချစ်စရာသမီးငယ်လေးနဲ့ အတူ ဓာတ်ဖမ်းထားတဲ့ ချစ်စဖွယ်ပုံလေးတွေကို ပရိသတ်တွေကိုမျှဝေလိုက်ပါတယ်..။ အိမ်မှာသမီးလေးနဲ့အတူ Selfie ဆွဲထားတဲ့ ဓာတ်ပုံလေးတွေကတော့ သားအမိနှစ်ယောက်ရယ်မောနေတဲ့ ပုံရိပ်လေးတွေကို အမိအရရိုက်ထားတာမို့ တကယ်ကိုချစ်စရာကောင်းလွန်းနေပါတယ် ပရိသတ်ကြီးရေ..။

ရယ်မောနေတဲ့သမီးလေးရဲ့ချစ်စဖွယ် Snap ပုံရိပ်လေးတွေကိုတော့ ချောရတနာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။ မင်းသမီး ချောရတနာကတော့သူမရဲ့ချစ်စရာကောင်းတဲ့သမီးငယ်လေးကို ပြီးခဲ့တဲ့မတ်လ(၁၂)ရက်နေ့ မနက်ပိုင်းက ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့သားဦးလေးကတော့ လတ်တလောမှာ(၃)နှစ်ကျော် (၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲပြန်လည်မျှဝေလေ့ရှိတာ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးပါပဲ..။ ချစ်စရာကောင်းလွန်းတဲ့သားအမိနှစ်ယောက်ရဲ့ Selfie ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. သားအမိနှစ်ယောက်လုံးကို ချစ်တယ် မလားပရိတ်သတ်ကြီး။

Photos : Chaw Yadanar

Credit : Myanmarload