ZawGyiျဖင့္ဖတ္ရန္

ဟာသသ႐ုပ္ေဆာင္ကစ္ကစ္ကေတာ့ ပရိသတ္ေတြအားလုံးသိထားၾကတဲ့အတိုင္း စိတ္မေကာင္းဖြယ္ရာ ဆိုးဆိုး႐ြား႐ြားက်န္းမာေရး အေျခအေနေတြနဲ႕ ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။သူမကေတာ့ ဆီးခ်ိဳေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္စီးသြားခဲ့ရၿပီ မၾကာခဏ ေဆး႐ုံတက္ကုသေနရကာ လက္ရွိမွာေတာ့ အျမင္အာ႐ုံပါခ်ိဳ႕တဲ့သြားရတဲ့အထိ ေရာဂါရဲ႕ ဆိုးေမြေတြခံစား ေနရပါတယ္။ပရိသတ္ေတြအားလုံးလည္း စိတ္မေကာင္းျဖစ္ၾကရသလို အႏုပညာရွင္အသိုင္းဝိုင္းမွ ေတာ္ေတာ္ မ်ားမ်ားကလည္း တက္နိုင္သေလာက္သြားေရာက္ကူညီေထာက္ပံ့ ေပးေနၾကတာပဲ ျဖစ္ပါတယ္။

သူမအခုလို အခက္ခဲမ်ားစြာနဲ႕ ရင္ဆိုင္ေနရခ်ိန္မွာ တက္နိုင္သေလာက္ လာေရာက္လႉဒါန္းၾကတဲ့ အႏုပညာရွင္ ေတြအားလုံးကို အရမ္းကိုေက်းဇူးတင္ေနပါတယ္။ထပ္မံၿပီး သူမကိုလာေရာက္လႉဒါန္းၾကတဲ့ အႏုပညာရွင္ေတြ ထဲကမွ ပရိသတ္ေတြအခ်စ္ေတာ္ ဝတ္မႈန္ေ႐ႊရည္ရဲ႕ ေလးစားဖို႔ေကာင္းတဲ့ စိတ္ထားေလးနဲ႕ သူမကိုကူညီပုံေလး ေတြမီဒီယာအင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟေျပာျပလာခဲ့ပါတယ္။ဝတ္မႈန္ေ႐ႊရည္ကေတာ့ ကူညီတဲ့အဆင့္ထက္ ေက်ာ္ၿပီး ေထာက္ပံ့ေပးေနတဲ့အဆင့္ျဖစ္သြားပါၿပီလို႔ဆိုပါတယ္။

ေ႐ႊကစ္ေလးရဲ႕ အေမဆိုရင္လည္း တစ္ေခါက္လာရင္တစ္ေခါက္ တစ္သိန္း၊ႏွစ္သိန္း၊ငါးသိန္း၊စသည္ျဖင့္ တက္ နိုင္သေလာက္ ေပးေနတာပါလို႔ ဝမ္းသာဖြယ္ၾကားသိရပါတယ္။တျခားဘယ္သူ ကိုမွလည္း အကူညီမေတာင္းနဲ႕ သူမပဲနိုင္တဲ့ ဘက္ကအကုန္ကူညီမယ္လို႔ေျပာေၾကာင္း လက္ရွိမွာလည္း တကယ္လည္းကူညီ ေနေၾကာင္း ေျပာျပပါတယ္။ဝတ္မႈန္ေ႐ႊရည္ေလးကလည္း သူမကို ေငြအားအျပင္ စိတ္ဓာတ္ခြန္းအားေတြေပးတယ္လို႔ ဆိုပါတယ္။ပရိသတ္အခ်စ္ေတာ္ ဝတ္မႈန္ေ႐ႊရည္ကေတာ့ ေႂကြ႐ုပ္ေလးလိုခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားသလို ေလးစားဖို႔ေကာင္းတဲ့ ပရဟိတစိတ္ထားပိုင္ရွင္ေလးပဲ ျဖစ္ပါတယ္။ခ်စ္ပရိသတ္ေတြအားလုံး သာဓုေခၚဆိုနိုင္ေစရန္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

UniCodeဖြင့်ဖတ်ရန်

ကစ်ကစ်ကိုယ်တိုင်ပြောပြလာတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ လေးစားစရာစိတ်ထား

ဟာသသရုပ်ဆောင်ကစ်ကစ်ကတော့ ပရိသတ်တွေအားလုံးသိထားကြတဲ့အတိုင်း စိတ်မကောင်းဖွယ်ရာ ဆိုးဆိုးရွားရွားကျန်းမာရေး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။သူမကတော့ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသွားခဲ့ရပြီ မကြာခဏ ဆေးရုံတက်ကုသနေရကာ လက်ရှိမှာတော့ အမြင်အာရုံပါချို့တဲ့သွားရတဲ့အထိ ရောဂါရဲ့ ဆိုးမွေတွေခံစား နေရပါတယ်။ပရိသတ်တွေအားလုံးလည်း စိတ်မကောင်းဖြစ်ကြရသလို အနုပညာရှင်အသိုင်းဝိုင်းမှ တော်တော် များများကလည်း တက်နိုင်သလောက်သွားရောက်ကူညီထောက်ပံ့ ပေးနေကြတာပဲ ဖြစ်ပါတယ်။

သူမအခုလို အခက်ခဲများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ တက်နိုင်သလောက် လာရောက်လှူဒါန်းကြတဲ့ အနုပညာရှင် တွေအားလုံးကို အရမ်းကိုကျေးဇူးတင်နေပါတယ်။ထပ်မံပြီး သူမကိုလာရောက်လှူဒါန်းကြတဲ့ အနုပညာရှင်တွေ ထဲကမှ ပရိသတ်တွေအချစ်တော် ဝတ်မှုန်ရွှေရည်ရဲ့ လေးစားဖို့ကောင်းတဲ့ စိတ်ထားလေးနဲ့ သူမကိုကူညီပုံလေး တွေမီဒီယာအင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြလာခဲ့ပါတယ်။ဝတ်မှုန်ရွှေရည်ကတော့ ကူညီတဲ့အဆင့်ထက် ကျော်ပြီး ထောက်ပံ့ပေးနေတဲ့အဆင့်ဖြစ်သွားပါပြီလို့ဆိုပါတယ်။

ရွှေကစ်လေးရဲ့ အမေဆိုရင်လည်း တစ်ခေါက်လာရင်တစ်ခေါက် တစ်သိန်း၊နှစ်သိန်း၊ငါးသိန်း၊စသည်ဖြင့် တက် နိုင်သလောက် ပေးနေတာပါလို့ ဝမ်းသာဖွယ်ကြားသိရပါတယ်။တခြားဘယ်သူ ကိုမှလည်း အကူညီမတောင်းနဲ့ သူမပဲနိုင်တဲ့ ဘက်ကအကုန်ကူညီမယ်လို့ပြောကြောင်း လက်ရှိမှာလည်း တကယ်လည်းကူညီ နေကြောင်း ပြောပြပါတယ်။ဝတ်မှုန်ရွှေရည်လေးကလည်း သူမကို ငွေအားအပြင် စိတ်ဓာတ်ခွန်းအားတွေပေးတယ်လို့ ဆိုပါတယ်။ပရိသတ်အချစ်တော် ဝတ်မှုန်ရွှေရည်ကတော့ ကြွေရုပ်လေးလိုချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသလို လေးစားဖို့ကောင်းတဲ့ ပရဟိတစိတ်ထားပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအားလုံး သာဓုခေါ်ဆိုနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit : Myanmarload