ZawGyiဖြင့်ဖတ်ရန်





UniCodeဖြင့်ဖတ်ရန်

အသက် ၁၀ နှစ်ကွာတဲ့ အမိုက်စားမိန်းကလေးတစ်ဦးနဲ့ ထပ်တွဲနေပြန်တဲ့ Brooklyn Beckham

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့သားအကြီးဆုံးဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းက အချစ်ရေး မှာတော့ တကယ့်ကိုဆန်းပွင့်တဲ့ ဆယ်ကျော်သက်လူငယ်ကောင်လေးတစ်ယောက်ပါပဲနော်။ နှစ် အတန်ကြာ တွဲလာခဲ့တဲ့ ချစ်သူကောင်မလေး ကိုလီဂရေ့ဇ်မိုးဇက်နဲ့ အချစ်ရေး ပြတ်စဲလိုက်၊ ပြန် အဆင်ပြေသွားလိုက်ပြန်တာက မကြာခဏဆိုသလိုကြားနေရပါတယ်။

အခုလည်း ဆယ်ကျော်သက် မော်ဒယ်မလေးကိုလီနဲ့ ပြတ်စဲသွားပြီးဖြစ်တဲ့ ဘရွတ်ကလင်းက နောက် ထပ်ကောင်မလေး အသစ် တစ်ယောက်တောင် ရနေပါပြီတဲ့။ ဒီတစ်ခါ ဘရွတ်ကလင်းရဲ့အချစ်ရေး အသစ်တစ်ခုက သူ့ကို အားပေးတဲ့ ပရိတ်သတ်တွေ၊ ဖော်လိုဝါတွေကို အံ့အားသင့်စေမှာပါပဲ။
ဘာဖြစ်လို့လဲဆို သူ့အသက်ထက် ဆယ်နှစ်နီးပါးကြီးမယ့် ယူကျူ့ကြယ်ပွင့်မိန်းကလေးတစ်ဦးနဲ့ ဒိတ် လုပ်နေကြတာပဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ ယူကျူ့နာမည်ကျော်မိန်းကလေး လီစီ ပန်တီရာနဲ့ ဘရွတ်ကလင်းဘက်ခမ်းတို့က အနေဝေးတဲ့ အချစ်ရေးတစ်ခုကို စတင်နေပြီပဲဖြစ်ပါသတဲ့။

ဒါဟာလည်း ဘရွတ်ကလင်းက နယူးယောက်၊ ပါဆန်ကျောင်းမှာ တက်ရောက်နေစဉ် လီစီကတော့ လော့အန်းဂျလိစ်မှာ အလုပ်လုပ်နေတာကြောင့်ပါတဲ့။

Cerdit:မေ(ရွှေအင်းလေး)