ZawGyiျဖင့္ဖတ္ရန္

တစ္ခ်ိန္မွာ ေျပာစမွတ္တြင္မယ့္ ထိုင္းလိ ဂ္ရဲ႕ အာဆီယံ ကစားသမား ျဖစ္လာမယ္လို႔ ခန႔္မွန္းသုံးသပ္ျခင္းလည္း ခံခဲ့ရပါတယ္။တိုယိုတာ ထိုင္းလိဂ္(၁)ရဲ႕ Police Tero အသင္းမွာ ကစားေနတဲ့ ျမန္မာ့ လက္ေ႐ြးစင္ ကစားသမား ေအာင္သူ မွာ ၿပီးခဲ့တဲ့ အပတ္က က်င္းပခဲ့တဲ့ ထိုင္းလိဂ္(၁)ရဲ႕ ပထမဆုံးပြဲစဥ္မွာ အသင္းအတြက္ တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

Police Tero အသင္းနဲ႔ ပရာခ်တ္အသင္းတို႔ ေတြ႕ဆုံတဲ့အဆိုပါပြဲစဥ္မွာ ေအာင္သူအေနနဲ႔ အဖြင့္ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ေပမယ့္ Police Tero အသင္းကေတာ့ ရႈံးနိမ့္ခဲ့ရပါတယ္။

ေအာင္သူအေနနဲ႔ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာလည္း အသင္းအတြက္ ဂိုးေတြ အမ်ားအျပားသြင္းယူထားႏိုင္သူျဖစ္သလို ယခု ၿပိဳင္ပြဲမွာလည္း အသင္းအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာေၾကာင့္လည္း ယခုလို တစ္ပတ္အတြင္း အေကာင္းဆုံးလူငယ္ကစားသမား အျဖစ္ ေ႐ြးခ်ယ္သတ္မွတ္ျခင္းခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ယခုေ႐ြးခ်ယ္သတ္မွတ္တဲ့ ထိုင္းလိဂ္(၁)ရဲ႕ တစ္ပတ္တာ အေကာင္းဆုံး လူငယ္ ကစားသမား ကိုေတာ့ ကမာၻေက်ာ္ အားကစားဝက္ဆိုဒ္ တစ္ခုျဖစ္ တဲ့ Goal.com ကေ႐ြးခ်ယ္ သတ္မွတ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

Goal.comအေနနဲ႔ ယခုလို ေအာင္သူ ကို ထိုင္းလိဂ္(၁)ရဲ႕ WEEK (1) ပြဲစဥ္ေတြအၿပီးမွာ အေကာင္းဆုံး လူငယ္ကစားသမားအျဖစ္ သတ္မွတ္ေပး အၿပီးမွာလည္း အနာဂတ္မွာ ေျပာစမွတ္တြယ္ေလာက္မယ့္ အာဆီယံ ကစားသမား(သို႔) ထိုင္းလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမား ျဖစ္လာဖြယ္ ရွိတယ္လို႔လည္း ခန႔္မွန္း ခဲ့ပါေသးတယ္။

Police Tero အသင္းအေနနဲ႔ လာမယ့္ စေနေန႔မွာ ဘန္ေကာက္ ယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ ထိုင္းလိဂ္(၁)ရဲ႕ ဒုတိယေျမာက္ ပြဲစဥ္အျဖစ္ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။

UniCodeဖြင့်ဖတ်ရန်

ထိုင်းလိဂ်(၁)ရဲ့ တစ်ပတ်တာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် အောင်သူ ရွေးချယ်ခံရ

တစ်ချိန်မှာ ပြောစမှတ်တွင်မယ့် ထိုင်းလိ ဂ်ရဲ့ အာဆီယံ ကစားသမား ဖြစ်လာမယ်လို့ ခန့်မှန်းသုံးသပ်ခြင်းလည်း ခံခဲ့ရပါတယ်။တိုယိုတာ ထိုင်းလိဂ်(၁)ရဲ့ Police Tero အသင်းမှာ ကစားနေတဲ့ မြန်မာ့ လက်ရွေးစင် ကစားသမား အောင်သူ မှာ ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ ထိုင်းလိဂ်(၁)ရဲ့ ပထမဆုံးပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Police Tero အသင်းနဲ့ ပရာချတ်အသင်းတို့ တွေ့ဆုံတဲ့အဆိုပါပွဲစဉ်မှာ အောင်သူအနေနဲ့ အဖွင့်ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် Police Tero အသင်းကတော့ ရှုံးနိမ့်ခဲ့ရပါတယ်။

အောင်သူအနေနဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း အသင်းအတွက် ဂိုးတွေ အများအပြားသွင်းယူထားနိုင်သူဖြစ်သလို ယခု ပြိုင်ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့်လည်း ယခုလို တစ်ပတ်အတွင်း အကောင်းဆုံးလူငယ်ကစားသမား အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုရွေးချယ်သတ်မှတ်တဲ့ ထိုင်းလိဂ်(၁)ရဲ့ တစ်ပတ်တာ အကောင်းဆုံး လူငယ် ကစားသမား ကိုတော့ ကမ္ဘာကျော် အားကစားဝက်ဆိုဒ် တစ်ခုဖြစ် တဲ့ Goal.com ကရွေးချယ် သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Goal.comအနေနဲ့ ယခုလို အောင်သူ ကို ထိုင်းလိဂ်(၁)ရဲ့ WEEK (1) ပွဲစဉ်တွေအပြီးမှာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ပေး အပြီးမှာလည်း အနာဂတ်မှာ ပြောစမှတ်တွယ်လောက်မယ့် အာဆီယံ ကစားသမား(သို့) ထိုင်းလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာဖွယ် ရှိတယ်လို့လည်း ခန့်မှန်း ခဲ့ပါသေးတယ်။

Police Tero အသင်းအနေနဲ့ လာမယ့် စနေနေ့မှာ ဘန်ကောက် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ထိုင်းလိဂ်(၁)ရဲ့ ဒုတိယမြောက် ပွဲစဉ်အဖြစ် ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

Credit : Duwun