ZawGyiျဖင့္ဖတ္ရန္

ဗစ္တိုးရီးယားေခတ္လို႔ ေျပာလို႔ရတဲ့ 1830 ခုႏွစ္မ်ားနဲ႔ 1900 ခုႏွစ္မ်ားဆီတုန္းကတည္းက Victorian Tapeworm Diet အဆီခ်နည္းဟာ စတင္ေခတ္စားခဲ့တယ္လို႔ သမိုင္းမွတ္တမ္းအရ ဆိုရမွာပါ။ ဒါေပမယ့္ သဘာဝအတိုင္း အႏွိပ္အႏွယ္ခံ
ျခင္းနဲ႔ ေလ့က်င့္ခန္းလုပ္ျခင္းေလာက္သာ လူသိမ်ားေသးတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္တုန္းက ေတာ္ဝင္မ်ိဳးႏြယ္ေတြ အသုံးျပဳခဲ့တဲ အဆီခ်နည္းဟာ အခုအခ်ိန္ထိ ဘယ္သူမွ မစဥ္းစားႏိုင္ေသးတဲ့ အဆီခ်နည္းျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီအဆီခ်နည္းဟာ သမိုင္းတစ္ေလွ်ာက္ အေစာဆုံးအဆီခ်ေသာက္ေဆးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီေနရာမွာ စကားရႈပ္သြားႏိုင္တာက သုံးထားတဲ့ စကားေတြက အဆီခ်ေဆးျဖစ္လိုက္၊ အဆီခ်နည္းျဖစ္လိုက္မို႔လို႔ နည္းနည္း နားရႈပ္ႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အဲဒီနည္းလမ္းဟာ အဆီခ်ေဆးအျဖစ္လည္း ေသာက္လို႔ရသလို၊ အဆီခ်နည္းအျဖစ္
လည္း လက္ေတြ႕သုံးလို႔ရလို႔ စကားလုံးက ႏွစ္မ်ိဳးျဖစ္ေနတာပါ။

တ႐ုတ္ႏိုင္ငံက စတယ္

ဒီအဆီခ်နည္းကို Victorian Tapeworm Diet လို႔ အလြယ္ေခၚၾကေပမယ့္ တကယ္တမ္းစတင္ခဲ့တာကေတာ့ တ႐ုတ္
ႏိုင္ငံ ျဖစ္ပါတယ္။ ဘယ္လို အဆီခ်သလဲဆိုေတာ့ … လူရဲ႕ ဝမ္းဗိုက္ထဲမွာ ရွိတတ္တဲ့ သန္ေကာင္နဲ႔ တုတ္ျပားေကာင္ကိုသိမယ္ထင္ပါတယ္။ အဲဒီ တုတ္ျပားေကာင္ကို တ႐ုတ္ေဆးဆရာေတြက ပ်ိဳေမေတြအတြက္ ေခတ္ေပၚနည္းပညာနဲ႔ အ
ျပင္မွ အရွင္ေမြးထားေလ့ရွိပါတယ္။

ဘာအတြက္လဲဆိုေတာ့ ဒီအေကာင္ကေန ဥတဲ့ ဥကို အဆီက်ေသာက္ေဆးအျဖစ္ သုံးတာပါ။ အဲဒီဥေတြကို အဆီခ်လိုတဲ့ အမ်ိဳးသမီးက ေသာက္ရၿပီး အေရးေပၚ ပိန္ခ်င္ရင္ ႏွစ္ဥေလာက္ဆိုရင္ လုံေလာက္တယ္လို႔ ဆိုပါတယ္။ အဲဒီဥကေန
တုတ္ျပားဥဟာ ေသာက္လိုက္သူရဲ႕ ဗိုက္ထဲမွာ အေကာင္အျဖစ္ ျပန္ေမြးဖြားၿပီး၊ ၎အိမ္ရွင္ စားထားသမွ် အစာေတြကို
အကုန္စားပစ္တဲ့အတြက္ မၾကာခင္မွာ အဲဒီအမ်ိဳးသမီးဟာ ခႏၶာကိုယ္သြယ္လွ်သြားတယ္လို႔ မွတ္တမ္းမွာ ေဖာ္ျပထားပါ
တယ္။
အျခားတစ္နည္း

ဒီ တုတ္ျပားဥကို မေသာက္ခ်င္သူ ပ်ိဳေမေတြအတြက္ အျခားတစ္နည္း ရွိပါေသးတယ္။ ဒါကေတာ့ တ႐ုတ္ေတြရဲ႕ နည္းျဖစ္
ပါတယ္။ တစ္ခ်ိဳ႕က သူူမ်ားဗိုက္ထဲက တုတ္ျပားေကာင္ဥထားတဲ့ ဥေတာ့ မေသာက္ခ်င္ပါဘူး႐ြံစရာႀကီး-ဆိုၿပီး အဲဒီ
ေခတ္က ေခ်းမ်ားတဲ့သူေတြ ရွိခဲ့ပုံရလို႔ ဒီ ဒုတိယနည္းကို တီထြင္လိုက္ပုံရပါတယ္။ အဲဒီလို မူလက်ီမ်ားတဲ့ အမ်ိဳးသမီးအတြက္ ဒုတိယနည္းကေတာ့ တုတ္ျပားေကာင္ကို အေကာင္အတိုင္း ဝမ္းဗိုက္ထဲကို ဝင္ေအာင္ထည့္တာျဖစ္ပါတယ္။
ဘယ္လို ဝင္ေအာင္ ထည့္မွာလဲ ..?။ ရွင္းရွင္းေလးပါ … စအိုကေန ထည့္ျခင္းျဖစ္ပါတယ္။
ဒီနည္းႏွစ္ခုစလုံးဟာ ေအာ္ဂလီဆန္စရာေကာင္းၿပီး၊ ရွက္စရာလည္း ေကာင္းပါတယ္။ အဲဒီေခတ္တုန္းက ပိုဆိုးတာေပါ့။ ဒါေပမယ့္ ေတာ္ဝင္မင္းသမီးေတြ၊ ေဆြႀကီးမ်ိဳးႀကီးရဲ႕ သမီးေတြကေတာ့ ဒီနည္းကို လွ်ိဳ႕ဝွက္ၿပီး အသုံးျပဳၾကပါတယ္။ အခ်င္းခ်င္းေတာ့ အသိေပးၾကေလ့ရွိၾကတယ္လို႔ ဆိုပါတယ္။ တစ္ခါတေလ ပရေဆးဆရာေတြဆီကေန တုတ္ျပားဥေတြ အခ
ေၾကးေငြ ေျမာက္မ်ားစြာေပးၿပီး အဖြဲ႕လိုက္ စုၿပီး ေဆးအျဖစ္ ေသာက္တာမ်ိဳးလည္း ရွိတယ္လို႔ ဆိုပါတယ္။

ေသာက္ေဆးအတြက္ေတာ့ ေသာက္တဲ့သူကို ႐ြံစရာမေကာင္းေစဖို႔ တုတ္ျပားေကာင္ရဲ႕ဥကို ေဆးျပားပုံစံျပဳလုပ္ဖန္တီးထားၿပီး အျပင္ကေန သၾကား၊ ဂ်ဳံမႈန႔္စသည္တို႔နဲ႔ မြမ္းမံထားေလ့ရွိတယ္လို႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

 

UniCodeဖြင့်ဖတ်ရန်

ပျိုမေတို့ တစ်ခါမှမစဉ်းစားဘူးတဲ့ ရှေးဟောင်းဂန္ထဝင် အဆီချနည်း

ဗစ်တိုးရီးယားခေတ်လို့ ပြောလို့ရတဲ့ 1830 ခုနှစ်များနဲ့ 1900 ခုနှစ်များဆီတုန်းကတည်းက Victorian Tapeworm Diet အဆီချနည်းဟာ စတင်ခေတ်စားခဲ့တယ်လို့ သမိုင်းမှတ်တမ်းအရ ဆိုရမှာပါ။ ဒါပေမယ့် သဘာဝအတိုင်း အနှိပ်အနှယ်ခံ
ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းလောက်သာ လူသိများသေးတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက တော်ဝင်မျိုးနွယ်တွေ အသုံးပြုခဲ့တဲ အဆီချနည်းဟာ အခုအချိန်ထိ ဘယ်သူမှ မစဉ်းစားနိုင်သေးတဲ့ အဆီချနည်းဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီအဆီချနည်းဟာ သမိုင်းတစ်လျှောက် အစောဆုံးအဆီချသောက်ဆေးလို့တောင် ပြောလို့ရပါတယ်။ ဒီနေရာမှာ စကားရှုပ်သွားနိုင်တာက သုံးထားတဲ့ စကားတွေက အဆီချဆေးဖြစ်လိုက်၊ အဆီချနည်းဖြစ်လိုက်မို့လို့ နည်းနည်း နားရှုပ်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီနည်းလမ်းဟာ အဆီချဆေးအဖြစ်လည်း သောက်လို့ရသလို၊ အဆီချနည်းအဖြစ်
လည်း လက်တွေ့သုံးလို့ရလို့ စကားလုံးက နှစ်မျိုးဖြစ်နေတာပါ။

တရုတ်နိုင်ငံက စတယ်

ဒီအဆီချနည်းကို Victorian Tapeworm Diet လို့ အလွယ်ခေါ်ကြပေမယ့် တကယ်တမ်းစတင်ခဲ့တာကတော့ တရုတ်
နိုင်ငံ ဖြစ်ပါတယ်။ ဘယ်လို အဆီချသလဲဆိုတော့ … လူရဲ့ ဝမ်းဗိုက်ထဲမှာ ရှိတတ်တဲ့ သန်ကောင်နဲ့ တုတ်ပြားကောင်ကိုသိမယ်ထင်ပါတယ်။ အဲဒီ တုတ်ပြားကောင်ကို တရုတ်ဆေးဆရာတွေက ပျိုမေတွေအတွက် ခေတ်ပေါ်နည်းပညာနဲ့ အ
ပြင်မှ အရှင်မွေးထားလေ့ရှိပါတယ်။

ဘာအတွက်လဲဆိုတော့ ဒီအကောင်ကနေ ဥတဲ့ ဥကို အဆီကျသောက်ဆေးအဖြစ် သုံးတာပါ။ အဲဒီဥတွေကို အဆီချလိုတဲ့ အမျိုးသမီးက သောက်ရပြီး အရေးပေါ် ပိန်ချင်ရင် နှစ်ဥလောက်ဆိုရင် လုံလောက်တယ်လို့ ဆိုပါတယ်။ အဲဒီဥကနေ
တုတ်ပြားဥဟာ သောက်လိုက်သူရဲ့ ဗိုက်ထဲမှာ အကောင်အဖြစ် ပြန်မွေးဖွားပြီး၊ ၎င်းအိမ်ရှင် စားထားသမျှ အစာတွေကို
အကုန်စားပစ်တဲ့အတွက် မကြာခင်မှာ အဲဒီအမျိုးသမီးဟာ ခန္ဓာကိုယ်သွယ်လျှသွားတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါ
တယ်။
အခြားတစ်နည်း

ဒီ တုတ်ပြားဥကို မသောက်ချင်သူ ပျိုမေတွေအတွက် အခြားတစ်နည်း ရှိပါသေးတယ်။ ဒါကတော့ တရုတ်တွေရဲ့ နည်းဖြစ်
ပါတယ်။ တစ်ချို့က သူူများဗိုက်ထဲက တုတ်ပြားကောင်ဥထားတဲ့ ဥတော့ မသောက်ချင်ပါဘူးရွံစရာကြီး-ဆိုပြီး အဲဒီ
ခေတ်က ချေးများတဲ့သူတွေ ရှိခဲ့ပုံရလို့ ဒီ ဒုတိယနည်းကို တီထွင်လိုက်ပုံရပါတယ်။ အဲဒီလို မူလကျီများတဲ့ အမျိုးသမီးအတွက် ဒုတိယနည်းကတော့ တုတ်ပြားကောင်ကို အကောင်အတိုင်း ဝမ်းဗိုက်ထဲကို ဝင်အောင်ထည့်တာဖြစ်ပါတယ်။
ဘယ်လို ဝင်အောင် ထည့်မှာလဲ ..?။ ရှင်းရှင်းလေးပါ … စအိုကနေ ထည့်ခြင်းဖြစ်ပါတယ်။
ဒီနည်းနှစ်ခုစလုံးဟာ အော်ဂလီဆန်စရာကောင်းပြီး၊ ရှက်စရာလည်း ကောင်းပါတယ်။ အဲဒီခေတ်တုန်းက ပိုဆိုးတာပေါ့။ ဒါပေမယ့် တော်ဝင်မင်းသမီးတွေ၊ ဆွေကြီးမျိုးကြီးရဲ့ သမီးတွေကတော့ ဒီနည်းကို လျှို့ဝှက်ပြီး အသုံးပြုကြပါတယ်။ အချင်းချင်းတော့ အသိပေးကြလေ့ရှိကြတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ပရဆေးဆရာတွေဆီကနေ တုတ်ပြားဥတွေ အခ
ကြေးငွေ မြောက်များစွာပေးပြီး အဖွဲ့လိုက် စုပြီး ဆေးအဖြစ် သောက်တာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

သောက်ဆေးအတွက်တော့ သောက်တဲ့သူကို ရွံစရာမကောင်းစေဖို့ တုတ်ပြားကောင်ရဲ့ဥကို ဆေးပြားပုံစံပြုလုပ်ဖန်တီးထားပြီး အပြင်ကနေ သကြား၊ ဂျုံမှုန့်စသည်တို့နဲ့ မွမ်းမံထားလေ့ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Credit:နတ္စည္ေတာ္ (Shwemom)