Zawgyi ဖြင့်ဖတ်ရန်



၁၅ နှစ်


Unicode ဖြင့်ဖတ်ရန်

ဖြိုးငွေစိုးကတော့ ဟာသဇာတ်ရုပ်တွေမှာ ပရိသတ်ကို ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသ မင်းသား တစ်ယောက်ဆိုတာ ပရိသတ်ကြီး သိမယ်ထင်ပါတယ်နော် ။ တခြားဇာတ်ရုပ် တွေ ထက် ပရိသတ်ကို အတင်းကြီးလုပ်ယူတာမျိုးမဟုတ်တဲ့ သဘာ၀ ကျကျ သရုပ်ဆောင်မှု တွေနဲ့ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသဇာတ်ရုပ်တွေကြောင့် ပရိသတ်ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော် ။

သာယာပျော်ရွှင်စရာကောင်းခဲ့တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ခဲ့တဲ့ ဖြိုးငွေစိုး ကတော့ ယခုမှာတော့ အရက်ကို ဖျက်နိုင်ခဲ့ပြီလို့ ယူဆရတဲ့ စာသားတစ်ချို့ကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ် ။

” ငါနိုင်တယ် မင်းရှုံးတယ်
၁၅ နှစ်
မင်းငါ့ကိုနေ့တိုင်းအချိန်တိုင်း
အနိုင်ယူခဲ့တာ၁၅နှစ်ရှိပြီ
ဒီတစ်ခါငါ့အလှည့် မင်းသေလိုက်တော့
ပြန်မလာပါနဲ့ ငါအသက်ရှင်နေသမျှ မင်းပြန်မလာနဲ့ မင်းမရှိရင်ငါမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ
ငါရူးလို့ပါကွာအခုငါမရူးတော့ဘူး ” ဆိုတဲ့စာသား နဲ့ ရေးသားခဲ့တာဘဲဖြစ်ပါတယ် ။

အနုပညာရှင်အချို့ကတော့ သူရဲ့ဆုံးဖြတ်ချက်အတွက် ဝမ်းသာနေကြသလို မိတ်ဆွေတွေကလည်း ကိုဖြိုး ဆုံးဖြတ်ချက်မှန်တယ်လို့ မှတ်ချက် ပေးထား တာတွေ့ရပါတယ် ။ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် သာယာ ပျော်ရွှင်ရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဖြိုးငွေစိုးတစ်ယောက် ထာဝရပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ်နော် ။
Source : Phyo NgweSoe

Credit: Myanmarload