Zawgyi ျဖင့္ဖတ္ရန္

(၂၀၁၈) ရုရွားကမာၻ႔ဖလားၿပိဳင္ပြဲကိုေတာ့ အိမ္ရွင္ရုရွားအသင္းနဲ႔ အာရွတိုက္ကိုယ္စားျပဳ ေဆာ္ဒီအာေရဗ် အသင္းတို႔ ယွဥ္ၿပိဳင္ကစားမယ့္ ေမာ္စကိုၿမိဳ႕က Luzhniki ကြင္းႀကီးထဲမွာ ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။ ဒီႏွစ္အဖြင့္ပြဲရဲ႕ ထူးျခား ခ်က္ကေတာ့ အရင္ႏွစ္ေတြက ကမာၻ႔ဖလားၿပိဳင္ပဲြ ဖြင့္ပဲြေတြထက္ က်င္းပ ခ်ိန္တိုခဲ့တာပါ။ ISIS အဖြဲ႕ရဲ႕ ၿခိမ္း ေျခာက္မႈေၾကာင့္လည္း ဖြင့္ပြဲအခမ္းအနား က်င္းပခ်ိန္ သိပ္မၾကာ ခဲ့တာျဖစ္သလို လံုၿခံဳေရးအေစာင့္္အေရွာက္ ေတြလည္း တင္းတင္းက်ပ္က်ပ္ ခ်ထားတာကုိ ေတြ႕ရပါတယ္။

ဖြင့္ပြဲအခမ္းအနားေဖ်ာ္ေျဖမႈအတြက္ ေတးသီခ်င္းေတြကိုေတာ့ အဂၤလိပ္အဆိုေတာ္ ေရာ္ဘီ၀ီလ်ံ (Robbie Williams)က သီဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ မီးေတာက္ငွက္ႀကီးလိုမ်ိဳး ပံုေဖာ္ထားတဲ့ အရုပ္ႀကီးနဲ႔အတူ ရုရွားေအာ္ပရာအဆိုေတာ္ ေအဒါ ဂါရီဖူလီနီ(Aida Garifullina)တို႔က ေဖ်ာ္ေျဖေရး စင္ျမင့္ေပၚကို ေရာက္လာၿပီး ေရာ္ဘီ၀ီလ်ံနဲ႔ အတူ တြဲဖက္သီဆိုခဲ့ပါတယ္။

ေရာ္ဘီ၀ီလ်ံနဲ႔ ေအဒါတို႔ သီဆိုေနခ်ိန္မွာေတာ့ ကြင္းထဲမွာ ကၽြမ္းဘားသမားနဲ႔ အကမယ္ေတြ အပါအ၀င္ အိမ္ရွင္ ရုရွားႏိုင္ငံသူ၊ ႏိုင္္ငံသား ေဖ်ာ္ေျဖေရးသမား(၈၀၀)က အမ်ိဳးမ်ိဳးေသာ တင္ဆက္မႈေပါင္းစံုနဲ႔ ပရိသတ္ေတြကုိ ေဖ်ာ္ေျဖခဲ့ပါတယ္။ ေရာ္ဘီ၀ီလ်ံရဲ႕ ေဖ်ာ္ေျဖေရးအစီအစဥ္က တတိယေျမာက္သီခ်င္း Angel ကို ေအဒါနဲ႔အတူ တြဲဖက္ သီဆိုေနခ်ိန္မွာပဲ (၂၀၁၀)ကမာၻ႔ဖလားခ်န္ပီယံ စပိန္အသင္းေခါင္းေဆာင္ေဟာင္း ကက္ဆီးလက္ဟာ ကမာၻ႔ဖလားရုပ္တုကို ကိုင္ေျမွာက္ဖို႔ ကြင္းထဲကို ၀င္လာခဲ့ပါတယ္။

ကမာၻ႔ဖလားရုပ္တုကိုေတာ့ တန္ဖိုးျမင့္ LV အမွတ္တံဆိပ္ ေသတၱာထဲကို ထည့္သြင္းထားတာပါ။ ကက္ဆီးလက္ နဲ႔အတူ အိမ္ရွင္ရုရွားႏိုင္ငံကို ကုိယ္စားျပဳၿပီး LV ေသတၱာထဲကေန ကမာၻ႔ဖလားကို ထုတ္ယူခဲ့သူ လွပ်ိဳျဖဴက ေတာ့ ရုရွားစူပါေမာ္ဒယ္ နာတာလီယာ ဗိုဒီႏုိဗာ(Natalia Vodianova) ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ေရာ္ဘီ၀ီလ်ံရဲ႕ သီဆိုေဖ်ာ္ေျဖမႈလည္း တက္သုတ္ရိုက္ အဆံုးသတ္ခဲ့ရၿပီး ရုရွားသမၼတ ပူတင္နဲ႔ ဖီဖာဥကၠဌ အင္ ဖန္တီႏိုတို႔က အဖြင့္အမွာစကားေျပာၾကားခဲ့ပါတယ္။

(၂၀၁၈)ဖြင့္ပြဲအခမ္းအနားကို ပရိသတ္(၈၀,၀၀၀)ေက်ာ္ တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီႏွစ္ဖြင့္ပြဲ အခမ္းအနားမွာေတာ့ လူေျပာသူေျပာမ်ားၿပီး မ်က္ႏွာပ်က္စရာ အျဖစ္အပ်က္(၂)ခု ရွိခဲ့ပါတယ္။ ပထမတစ္ခုက ေတာ့ ဖြင့္ပြဲအခမ္းအနားဟာ အေတာ္ကို တိုလြန္းခဲ့တာေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြရဲ႕ ေ၀ဖန္သံ ေတြ မ်ားျပားခဲ့ပါတယ္။ ဒုတိယအျဖစ္အပ်က္ကေတာ့ အဂၤလိပ္အဆိုေတာ္ ေရာ္ဘီ၀ီလ်ံဟာ တိုက္ရိုက္ ထုတ္လႊင့္ေနခ်ိန္ ကင္မရာေရွ႕မွာ လက္ခလယ္ေထာင္ၿပီး မဖြယ္မရာ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်

(၂၀၁၈) ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အိမ်ရှင်ရုရှားအသင်းနဲ့ အာရှတိုက်ကိုယ်စားပြု ဆော်ဒီအာရေဗျ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် မော်စကိုမြို့က Luzhniki ကွင်းကြီးထဲမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်အဖွင့်ပွဲရဲ့ ထူးခြား ချက်ကတော့ အရင်နှစ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲတွေထက် ကျင်းပ ချိန်တိုခဲ့တာပါ။ ISIS အဖွဲ့ရဲ့ ခြိမ်း ခြောက်မှုကြောင့်လည်း ဖွင့်ပွဲအခမ်းအနား ကျင်းပချိန် သိပ်မကြာ ခဲ့တာဖြစ်သလို လုံခြုံရေးအစောင့််အရှောက် တွေလည်း တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။

ဖွင့်ပွဲအခမ်းအနားဖျော်ဖြေမှုအတွက် တေးသီချင်းတွေကိုတော့ အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလျံ (Robbie Williams)က သီဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မီးတောက်ငှက်ကြီးလိုမျိုး ပုံဖော်ထားတဲ့ အရုပ်ကြီးနဲ့အတူ ရုရှားအော်ပရာအဆိုတော် အေဒါ ဂါရီဖူလီနီ(Aida Garifullina)တို့က ဖျော်ဖြေရေး စင်မြင့်ပေါ်ကို ရောက်လာပြီး ရော်ဘီဝီလျံနဲ့ အတူ တွဲဖက်သီဆိုခဲ့ပါတယ်။

ရော်ဘီဝီလျံနဲ့ အေဒါတို့ သီဆိုနေချိန်မှာတော့ ကွင်းထဲမှာ ကျွမ်းဘားသမားနဲ့ အကမယ်တွေ အပါအဝင် အိမ်ရှင် ရုရှားနိုင်ငံသူ၊ နိုင်ငံသား ဖျော်ဖြေရေးသမား(၈၀၀)က အမျိုးမျိုးသော တင်ဆက်မှုပေါင်းစုံနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ရော်ဘီဝီလျံရဲ့ ဖျော်ဖြေရေးအစီအစဉ်က တတိယမြောက်သီချင်း Angel ကို အေဒါနဲ့အတူ တွဲဖက် သီဆိုနေချိန်မှာပဲ (၂၀၁၀)ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းခေါင်းဆောင်ဟောင်း ကက်ဆီးလက်ဟာ ကမ္ဘာ့ဖလားရုပ်တုကို ကိုင်မြှောက်ဖို့ ကွင်းထဲကို ဝင်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားရုပ်တုကိုတော့ တန်ဖိုးမြင့် LV အမှတ်တံဆိပ် သေတ္တာထဲကို ထည့်သွင်းထားတာပါ။ ကက်ဆီးလက် နဲ့အတူ အိမ်ရှင်ရုရှားနိုင်ငံကို ကိုယ်စားပြုပြီး LV သေတ္တာထဲကနေ ကမ္ဘာ့ဖလားကို ထုတ်ယူခဲ့သူ လှပျိုဖြူက တော့ ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီနိုဗာ(Natalia Vodianova) ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရော်ဘီဝီလျံရဲ့ သီဆိုဖျော်ဖြေမှုလည်း တက်သုတ်ရိုက် အဆုံးသတ်ခဲ့ရပြီး ရုရှားသမ္မတ ပူတင်နဲ့ ဖီဖာဥက္ကဌ အင် ဖန်တီနိုတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

(၂၀၁၈)ဖွင့်ပွဲအခမ်းအနားကို ပရိသတ်(၈၀,၀၀၀)ကျော် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီနှစ်ဖွင့်ပွဲ အခမ်းအနားမှာတော့ လူပြောသူပြောများပြီး မျက်နှာပျက်စရာ အဖြစ်အပျက်(၂)ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုက တော့ ဖွင့်ပွဲအခမ်းအနားဟာ အတော်ကို တိုလွန်းခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်သံ တွေ များပြားခဲ့ပါတယ်။ ဒုတိယအဖြစ်အပျက်ကတော့ အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလျံဟာ တိုက်ရိုက် ထုတ်လွှင့်နေချိန် ကင်မရာရှေ့မှာ လက်ခလယ်ထောင်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
Credit:Shwemoe