Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

အောင်သူဆိုတဲ့မြန်မာဘောလုံးကြယ်တစ်ပွင့်ဟာ ထိုင်းဘောလုံးကမ္ဘာတွင် အထွန်းတောက်ဆုံးဖြစ်နေတာပရိသတ်ကြီးအသိပင်။လက်ရှိကလပ် ပူးလစ်တယ်ရိုကိုပင် အောင်သူတယ်ရိုလို့ပရိသတ်တွေက နာမည်ပေးရသည်အထိ အောင်သူခြေစွမ်းပြသလျက်ရှိပါတယ်။

ထိုင်းပရီးမီးယားလိဂ် နာမည်ကြီးတိုက်စစ်မှူးတွေနဲ့အပြိုင်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းနေတဲ့သူ့ကိုထိုင်းပရီးမီးယားလိဂ်အသင်းကြီးတွေကခေါ်ယူဖိုစိတ်ဝင်စားလာကြပါတယ်။ ထိုင်းပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ မြောင်တောင်ယူနိုက်တက်ဟာ ပထမရာသီဝက်ပြီးချိန်မှာ အောင်သူကိုခေါ်ယူဖို့ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့်အောင်သူရဲ့မိခင်ကလပ်ရတနာပုံအသင်းကနေ တစ်ရာသီအဌားစာချုပ်နဲ့ခေါ်ယူထားတဲ့ပူးလစ်တယ်ရိုဟာ မြောင်တောင်ရဲ့ကမ်းလှမ်းခဲ့မှုကို လက်မခံခဲ့ဘူးလို့သိရပါတယ်။

လက်ရှိမှာခြေစွမ်းတွေပြသနေတဲ့အောင်သူရဲ့ပြောင်းရွှေ့ကြေးဟာလည်းမြင့်သထက်မြင့်တက်လာနေပါတယ်။ပူးလစ်တယ်ရိုမရောက်ခင်ကအောင်သူရဲ့ပြောင်းရွှေ့ကြေးဟာယူရို(၃)သိန်းခန့်သာရှိပေမယ့်အခုအချိန်မှာတော့ သူရဲ့တန်ကြေးဟာ ယူရို(၅)သိန်းခန့်အထိရှိလာခဲ့ပါပြီ။

သိပ်မကြာသေးခင်က အောင်သူကို ဂျပန်ကလပ်တွေက ကမ်းလှမ်းခဲ့တယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်။ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဟာဒီသတင်းတွေကို အတည်ပြုခဲ့ပြီး ဂျပန်ကလပ်တွေရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တယ်လို့ပြောပြပါတယ်။

သူ့အနေနဲ့အောင်သူကို အာရှတိုက်မှာပဲကျင်လည်မနေစေလိုပဲ ဥရောပတိုက်အထိခြေချကစားစေလိုနေတယ်လို့လည်းပြောပြပါတယ်အောင်သူဥရောပဘောလုံးလောကကိုသွားရောက်နိုင်ရေးအတွက်လည်း သူ့အနေနဲ့ကြိုးစားသွားမယ်လို့သိရပါတယ်။

ဒေါက်တာစိုင်းဆမ်ထွန်းဟာ ဇွန်လ ၁၃ရက်နေ့မှာရုရှားမှာကျင်းပမယ့်ဖီဖာကွန်ဂရက်ကိုတက်ရောက်မှာဖြစ်ပြီး အဆိုပါအခမ်းအနားမှာ အောင်သူဥရောပမှာခြေချနိုင်ဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့သီးသန့်တွေ့ဆုံသွားမယ်လို့လည်းသိရပါတယ်။အောင်သူကိုမကြာခင်မှာစပိန်မြေမှာမြင်ရမလားဆိုတာကိုတော့

Herry

Credit – MyanmarNote