Zawgyi ျဖင့္ဖတ္ရန္

Mikis ကေတာ႔ ျမန္မာျပည္မွာ ေနထုိင္ေနတဲ့ ဂ်ာမနီႏိုင္ငံသားပါ။ ေခ်ာေမာတဲ့ရုပ္ရည္ရယ္၊ ေဖာ္ေရြတဲ့ ေျပာဆိုမႈေတြ၊ ျမန္မာစကားကို ကၽြမ္းက်င္စြာ ေျပာဆိုႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူပါ။ ဂီတ၊ သရုပ္ေဆာင္အလုပ္ေတြကို လုပ္ကိုင္ေနၿပီီး ပရိသတ္အားေပးမႈ ရထားတဲ့ Mikis ကေတာ႔ အခ်စ္ေရးမွာ ထူးျခားမႈ ရွိေနပါၿပီ။ခ်စ္ရမယ့္ သူရွိေနပါၿပီ။

Mikis ကေတာ႔ သူ႔ရဲ႕ ခ်စ္သူနဲ႔ အတူ “ဒု႒ဝတီကို လြန္၍” ဇာတ္ကား အထူးပြဲသို႔ တက္ေရာက္ခဲ့ပါတယ္။ ခ်စ္ရသူနဲ႔ အတူ ဟင္းခ်က္ေနတဲ့ ဗီဒီယိုဖို္္င္ကိုလည္း သူ႔ရဲ႕ fb မွာ တင္ခဲ့ပါတယ္။ Mikis နဲ႔ သူ႔ရဲ႕ ခ်စ္သူေကာင္မေလးရဲ႕ ဆုိရွယ္ မီဒီယာေပၚမွာေတာ႔ ႏွစ္ေယာက္ စံုတြဲ ပံုေလးေတြ တင္ထားတာကိုေတြ႔ရပါတယ္။

ခ်စ္ရတဲ့သူရွိေနတဲ့ အေၾကာင္းနဲ႔ ခ်စ္သူရတဲ့အတြက္ပရိသတ္ႀကီး စိတ္မဆိုးပါနဲ႔ အရင္လိုဘဲခ်စ္ပါ ဆုိၿပီး အင္တာဗ်ဴး တစ္ခုမွာ ေျဖထားတာကိုလည္း ေတြ႔ရပါတယ္။ Mikis ကေတာ႔ အရင္တုန္းက မႏၱလာေျမမွ ပန္းသစၥာ ဆိုတဲ့ ဇာတ္ကားကို အိေခ်ာပို၊ ပိုင္ၿဖိဳးသုတို႔နဲ႔ အတူတြဲၿပီး သရုပ္ေဆာင္ခဲ့ပါေသးတယ္။

Unicode ဖြင့်ဖတ်ရန်

Mikis ကတော့ မြန်မာပြည်မှာ နေထိုင်နေတဲ့ ဂျာမနီနိုင်ငံသားပါ။ ချောမောတဲ့ရုပ်ရည်ရယ်၊ ဖော်ရွေတဲ့ ပြောဆိုမှုတွေ၊ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ ဂီတ၊ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်အားပေးမှု ရထားတဲ့ Mikis ကတော့ အချစ်ရေးမှာ ထူးခြားမှု ရှိနေပါပြီ။ချစ်ရမယ့် သူရှိနေပါပြီ။

Mikis ကတော့ သူ့ရဲ့ ချစ်သူနဲ့ အတူ “ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကား အထူးပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ချစ်ရသူနဲ့ အတူ ဟင်းချက်နေတဲ့ ဗီဒီယိုဖို်င်ကိုလည်း သူ့ရဲ့ fb မှာ တင်ခဲ့ပါတယ်။ Mikis နဲ့ သူ့ရဲ့ ချစ်သူကောင်မလေးရဲ့ ဆိုရှယ် မီဒီယာပေါ်မှာတော့ နှစ်ယောက် စုံတွဲ ပုံလေးတွေ တင်ထားတာကိုတွေ့ရပါတယ်။

ချစ်ရတဲ့သူရှိနေတဲ့ အကြောင်းနဲ့ ချစ်သူရတဲ့အတွက်ပရိသတ်ကြီး စိတ်မဆိုးပါနဲ့ အရင်လိုဘဲချစ်ပါ ဆိုပြီး အင်တာဗျူး တစ်ခုမှာ ဖြေထားတာကိုလည်း တွေ့ရပါတယ်။ Mikis ကတော့ အရင်တုန်းက မန္တလာမြေမှ ပန်းသစ္စာ ဆိုတဲ့ ဇာတ်ကားကို အိချောပို၊ ပိုင်ဖြိုးသုတို့နဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။
from Mikis
Credit:celenow