Zawgyi ျဖင့္ဖတ္ရန္

ပရိသတ္အခ်စ္ေတာ္ Beauty Blogger မေလးတစ္ေယာက္ျဖစ္တဲ့ ေနျခည္ဦးတစ္ေယာက္ သူမရဲ႕ First Date တုန္းက ဟာသအလြဲေလးတစ္ခု ကို ပရိသတ္ေတြကိုေျပာျပခဲ့တာပဲျဖစ္ပါ တယ္။ သူမရဲ႕အလွအပဆိုင္ရာ Video ေလးေတြဟာလည္း အမ်ိဳးသမီးေတြအတြက္ အေတာ္ေလး အသုံး ဝင္တာမို႔ မိန္းကေလးအမ်ားစုရဲ႕ Idol လည္းျဖစ္ပါတယ္။ လက္ရွိမွာ ေတာ့သူမက ” ဧည့္သည္ ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကိုရိုက္ကူးေနၿပီး သူမရဲ႕ ခံစားခ်က္နဲ႕ တိုက္ဆိုင္တဲ့ ဇာတ္ကား ေလးတစ္ကားျဖစ္တယ္လို႔လည္းဆိုပါတယ္။

တကယ္ကိုရယ္ရတဲ့အေၾကာင္းအရာအျဖစ္အပ်က္ေလးေတြဟာ လူတိုင္းရဲ႕ဘဝမွာ တစ္ႀကိမ္ ထက္မနည္းႀကဳံဖူးၾကမွာပါ။ ခ်ီခ်ီ့ရဲ႕ ဒီအျဖစ္အပ်က္ ေလးဟာ ၾကားမိသူတိုင္း ၿပဳံးေစေလာက္ပါ တယ္။ ပထမဆုံး First Date မွာ သူမက လွလွပပျဖစ္ေအာင္ မ်က္ေတာင္အတုေလး တပ္ၿပီး ေသခ်ာ ေလး ျပင္ဆင္ခ်ယ္သသြားခဲ့တယ္လို႔ဆိုပါတယ္။ ေကာ္မေျခာက္ေသးတဲ့ မ်က္ေတာင္အတုဟာ စြပ္ျပဳတ္ပန္းကန္ထဲကို တန္းခနဲျပဳတ္က်သြားတဲ့ အခါ တစ္ဖက္အမ်ိဳး သားက ” ေနျခည္ ၾကယ္ေႂကြတုန္းဆုေတာင္းေလ ” ဆိုၿပီး စေနာက္ခဲ့တာပဲျဖစ္ပါတယ္။

သူမရဲ႕ဒီအျဖစ္အပ်က္ေလးကို ” ကိုယ့္ရဲ႕တစ္ခါတုန္းကေပါ့ လွခ်င္ရဲ႕စက္စက္ယို မ်က္ေတာင္ တုႀကီးတပ္ၿပီး dinner လိုက္စားတာ ေကာ္မေျခာက္ေသးပဲ မ်က္ေတာင္တုႀကီး soup ပန္းကန္ ထဲဝင္သြားတာကို ဟိုကလဲ ” ေနျခည္ ၾကယ္ေႂကြတုန္းဆုေတာင္းေလ” တဲ့ ကယ္ မေထာ္ပါ ” ဆိုၿပီး First Date မွာ ဘယ္လိုျပင္ဆင္ျပဳမူသင့္လဲဆိုၿပီး ရွင္းျပထားတဲ့ သူမရဲ႕ Video ေလး ကို Share ၿပီး တင္ထားတာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း First Date မွာ ႀကဳံခဲ့ရတဲ့အလြဲ ေလးေတြရွိရင္ အားလုံးရယ္ေမာေစဖို႔ ေျပာျပေပးခဲ့ပါဦးေနာ္။

Unicode ဖြင့်ဖတ်ရန်

ပရိသတ်အချစ်တော် Beauty Blogger မလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးတစ်ယောက် သူမရဲ့ First Date တုန်းက ဟာသအလွဲလေးတစ်ခု ကို ပရိသတ်တွေကိုပြောပြခဲ့တာပဲဖြစ်ပါ တယ်။ သူမရဲ့အလှအပဆိုင်ရာ Video လေးတွေဟာလည်း အမျိုးသမီးတွေအတွက် အတော်လေး အသုံး ဝင်တာမို့ မိန်းကလေးအများစုရဲ့ Idol လည်းဖြစ်ပါတယ်။ လက်ရှိမှာ တော့သူမက ” ဧည့်သည် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေပြီး သူမရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ဇာတ်ကား လေးတစ်ကားဖြစ်တယ်လို့လည်းဆိုပါတယ်။

တကယ်ကိုရယ်ရတဲ့အကြောင်းအရာအဖြစ်အပျက်လေးတွေဟာ လူတိုင်းရဲ့ဘဝမှာ တစ်ကြိမ် ထက်မနည်းကြုံဖူးကြမှာပါ။ ချီချီ့ရဲ့ ဒီအဖြစ်အပျက် လေးဟာ ကြားမိသူတိုင်း ပြုံးစေလောက်ပါ တယ်။ ပထမဆုံး First Date မှာ သူမက လှလှပပဖြစ်အောင် မျက်တောင်အတုလေး တပ်ပြီး သေချာ လေး ပြင်ဆင်ချယ်သသွားခဲ့တယ်လို့ဆိုပါတယ်။ ကော်မခြောက်သေးတဲ့ မျက်တောင်အတုဟာ စွပ်ပြုတ်ပန်းကန်ထဲကို တန်းခနဲပြုတ်ကျသွားတဲ့ အခါ တစ်ဖက်အမျိုး သားက ” နေခြည် ကြယ်ကြွေတုန်းဆုတောင်းလေ ” ဆိုပြီး စနောက်ခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ဒီအဖြစ်အပျက်လေးကို ” ကိုယ့်ရဲ့တစ်ခါတုန်းကပေါ့ လှချင်ရဲ့စက်စက်ယို မျက်တောင် တုကြီးတပ်ပြီး dinner လိုက်စားတာ ကော်မခြောက်သေးပဲ မျက်တောင်တုကြီး soup ပန်းကန် ထဲဝင်သွားတာကို ဟိုကလဲ ” နေခြည် ကြယ်ကြွေတုန်းဆုတောင်းလေ” တဲ့ ကယ် မထော်ပါ ” ဆိုပြီး First Date မှာ ဘယ်လိုပြင်ဆင်ပြုမူသင့်လဲဆိုပြီး ရှင်းပြထားတဲ့ သူမရဲ့ Video လေး ကို Share ပြီး တင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း First Date မှာ ကြုံခဲ့ရတဲ့အလွဲ လေးတွေရှိရင် အားလုံးရယ်မောစေဖို့ ပြောပြပေးခဲ့ပါဦးနော်။
Credit:Myanmarload