ZawGyiဖြင့်ဖတ်ရန်






UniCodeဖြင့်ဖတ်ရန်

မကြာခင်မှာ ချစ်ရတဲ့ ကောင်မလေးနဲ့ ရွှေလက်တွဲတော့မယ် အဆိုတော်ဂျွန်

ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ဂျွန်ကတော့ မကြာခင်မှာ အိမ်ထောင်ပြုမယ်ဆိုတဲ့ မင်္ဂလာသတင်းလေးနဲ့ အတူ ပရိသတ်တွေကြား မှာရေပန်းစားနေပါတယ်။ဂျွန်ကတော့ လူကြီးလူငယ်ပရိသတ်တွေအားလုံးရဲ့ ကြားမှာ အရမ်းကို ဟော့ ဖြစ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တာဂေါ်လီဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်တွေပိုမိုသတိထားမိလာခဲ့တဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။စိုင်းစိုင်းရဲ့အချစ်ဆုံးသူငယ်ချင်း တွေထဲပါတစ်ယောက်အပါအဝင်ဖြစ်သလို စိုင်းစိုင်းရဲ့Show ပွဲတိုင်းလိုလိုမှာလည်း အမြဲပါဝင်ဖျော်ဖြေလေ့ရှိတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အဆိုတော်ဂျွန်ကတော့ အချစ်ရေးကိစ္စတွေနဲ့ပတ်သတ်ပြီး သတင်းဆိုးထွက်ခဲ့ဖူးခြင်းမရှိပဲ ချစ်ရတဲ့ကောင်မလေးနဲ့ပဲအးချမ်းတဲ့ နှလုံးသားရေးလမ်းကြောင်း ကိုလျောက်လှမ်းနေတာပဲဖြစ်ပါတယ်။မကြာခင်မှာချစ်ရတဲ့ ကောင်မလေးနဲ့ မင်္ဂလာပွဲကြီးဆင်နွဲပြီး ရွှေလက်တွဲ တော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအားလုံးလည်း ဝမ်းသာနေကြပါတယ်။

ဒီနေ့မှာလည်း ဂျွန်တို့စုံတွဲလေးရဲ့ Prewedding ရိုက်ကူးနေမှုပုံရိပ်လေးတွေလူမှုကွန်ယက်မှာ ပျံ့နှံ့နေပြီး ပရိသတ်တွေအရမ်းကို သဘောကျနေကြပါတယ်။ကျက်သရေရှိလှတဲ့ ရွှေဝါရောင် သတို့ သားသတို့သမီးလေးနှစ်ယောက်ကတော့ အရမ်းကိုလိုက်ဖက်လှပါတယ်နော်။ဂျွန်တစ်ယောက်လည်း မဖုံးကွယ်နိုင်သောပီတိအပြုံးတွေနဲ့ အရမ်းကိုပျော်ရွှင်နေတာကိုမြင်တွေ့ရပါတယ်။ပရိသတ်တွေက တော့ ဂျွန်တောင်မကြာခင်စွံတော့မှာဖြစ်တာကြောင့် သူငယ်ချင်း ဖြစ်တဲ့ စိုင်းစိုင်းကိုရော ဘယ်တော့လဲဆိုပြီး စနောက်နေကြပါတယ်။စိုင်းစိုင်းတစ်ယောက်လည်း သူငယ်ချင်းဂျွန်အတွက် ဝမ်းသာဂုဏ်ယူနေမယ်လို့ထင်ပါတယ်။ချစ်ပရိသတ်တွေအတွက် ကျက်သရေ ရှိလှတဲ့ ဂျွန်တို့ စုံတွဲလေးရဲ့ ဓာတ်ပုံလေးတွေ မျှဝေပေးလိုက်ပါတယ် နော်။

သတင်းအရင်းအမြစ် – ဂျွန်

Credit:Myanmarload