ZawGyiျဖင့္ဖတ္ရန္

ကိုယ္တိုင္ က်ားကိုက္ခံ ၿပီး ပင္ပင္ပန္ပန္း ႐ိုက္ကူးထားရတဲ့ ေမွာ္ဝင္သမန္းက်ား ႐ုပ္ရွင္ဇာတ္ကားကို ႐ုံတင္ဖို႔ ႀကိဳးစားေနသူကေတာ့ မင္းသမီးခြန္းဆင့္ေနျခည္ျဖစ္ပါတယ္။ သူက အႏုပညာလာကမွာ အသစ္ေတြကို တြဲေခၚမႈနည္းပါးခဲ့တာဟာ အခုေခတ္မွ မဟုတ္ဘဲ ဟိုအရင္ေခတ္ထဲက ျဖစ္ပ်က္ေနခဲ့တာျဖစ္ေၾကာင္း သူ႔ဆရာျဖစ္သူ ေက်ာ္ဟိန္းရဲ႕ ျဖစ္ရပ္တစ္ခုနဲ႔ သာဓကေပးထားတာကို ေတြ႕ရပါတယ္။

ခြန္းဆင့္ေနျခည္က “ကြၽန္မဆရာဦးေက်ာ္ဟိန္းကေျပာဖူးတယ္ သူမင္းသားလုပ္ခါစ မင္းသားေပါက္စဘဝက နယ္ထြက္ၿပီးကား႐ိုက္ၾကတဲ့အခါ မင္းသားမင္းသမီးနဲ႔ပါဝင္သူအားလုံး ရထားစီးလုံးဌားၿပီး သြားၾကရတယ္တဲ့

သူကမင္းသားေပါက္စနာမည္မရွိေသးေတာ့ သူ႔အထုတ္ေလးသူပိုက္ၿပီးရထားနဲ႔လိုက္လာတဲ့အခါ ဒီေလာက္ေဝးလံတဲ့ခရီးမွာသူ႔အတြက္ထိုင္ခုံမရရွာဘူး … သူ႔အတြက္ထိုင္ခုံမရေပေသာ္ျငားလည္း အဲ့ဒီ့အခ်ိန္ကလွ်မ္းလွ်မ္းေတာက္နာမည္ႀကီးေအာင္ျမင္ေနတဲ့မင္းသမီးႀကီးတစ္ေယာက္က ထိုင္ခုံကို ႏွစ္ေယာက္စာယူထားၿပီးတစ္ေယာက္ထဲထိုင္ေနပါတယ္ သူက အဲ့မင္းသမီးႀကီးရဲ႕ေရွ႕မွာ ခပ္ကုတ္ကုတ္ မတ္တပ္ေလးရပ္ၿပီး တစ္လမ္းလုံးပင္ပန္းစြာလိုက္ပါလာရေပမဲ့ အဲ့မင္းသမီးႀကီးကသူ႔ေဘးကလူမရွိတဲ့ထိုင္ခုံကိုလုံးဝေပးမထိုင္ခဲ့ပါဘူးတဲ့။

ထိုင္ပါရေစလို႔ေျပာတာေတာင္ မ်က္ႏွာထားခပ္တင္းတင္းနဲ႔ မရဘူး ဒါငါ့ေနရာလို႔ျပန္ေျပာလိုက္လို႔သူ႔ခဗ်ာ ရန္ကုန္မႏၲေလးလိုလမ္းမ်ိဳးမွာ တစ္လမ္းလုံး အထုတ္ေလးပိုက္ မတ္တပ္ေလးရပ္ၿပီး စီးခဲ့ရတာမ်ိဳးပါတဲ့ သူ႔ရဲ႕မွတ္မိေနတဲ့ျဖစ္ရပ္တစ္ခုကို ကြၽန္မကိုေျပာျပခဲ့ဖူးတယ္ အသစ္အသစ္ေတြကိုေဖးမတြဲေခၚမႈမရွိသေလာက္ရွားခဲ့တာခုမွမဟုတ္ဘူး ဟိုးအရင္ေခတ္ကတည္းကပါလို႔ အေတြ႕အႀကဳံသက္ေသနဲ႔တကြတင္ျပလိုက္ပါတယ္” လို႔သူ႔ရဲ႕ လူမုကြန္ရက္စာမ်က္ႏွာမွာေရးသားထားပါတယ္။

ပရိသတ္ေတြကေရာ ျမန္မာ့အႏုပညာေလာကကို ဘယ္လိုမ်ိဳးေလး ျဖစ္ေစခ်င္သလဲဆိုတာ ေျပာျပခဲ့ပါဦး…ဖတ္ရႈအားေပးၾကတဲ့ မိုမိုေလးပရိသတ္ေတြကိုလည္း အထူးေက်းဇူးတင္ပါတယ္…

UniCodeဖြင့်ဖတ်ရန်

အသစ်တွေကိုတွဲခေါ်မှုမရှိတာ ခုခေတ်မှမဟုတ်ဘူးဆိုတဲ့ ခွန်းဆင့်နေခြည်

ကိုယ်တိုင် ကျားကိုက်ခံ ပြီး ပင်ပင်ပန်ပန်း ရိုက်ကူးထားရတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ ကြိုးစားနေသူကတော့ မင်းသမီးခွန်းဆင့်နေခြည်ဖြစ်ပါတယ်။ သူက အနုပညာလာကမှာ အသစ်တွေကို တွဲခေါ်မှုနည်းပါးခဲ့တာဟာ အခုခေတ်မှ မဟုတ်ဘဲ ဟိုအရင်ခေတ်ထဲက ဖြစ်ပျက်နေခဲ့တာဖြစ်ကြောင်း သူ့ဆရာဖြစ်သူ ကျော်ဟိန်းရဲ့ ဖြစ်ရပ်တစ်ခုနဲ့ သာဓကပေးထားတာကို တွေ့ရပါတယ်။

ခွန်းဆင့်နေခြည်က “ကျွန်မဆရာဦးကျော်ဟိန်းကပြောဖူးတယ် သူမင်းသားလုပ်ခါစ မင်းသားပေါက်စဘဝက နယ်ထွက်ပြီးကားရိုက်ကြတဲ့အခါ မင်းသားမင်းသမီးနဲ့ပါဝင်သူအားလုံး ရထားစီးလုံးဌားပြီး သွားကြရတယ်တဲ့

သူကမင်းသားပေါက်စနာမည်မရှိသေးတော့ သူ့အထုတ်လေးသူပိုက်ပြီးရထားနဲ့လိုက်လာတဲ့အခါ ဒီလောက်ဝေးလံတဲ့ခရီးမှာသူ့အတွက်ထိုင်ခုံမရရှာဘူး … သူ့အတွက်ထိုင်ခုံမရပေသော်ငြားလည်း အဲ့ဒီ့အချိန်ကလျှမ်းလျှမ်းတောက်နာမည်ကြီးအောင်မြင်နေတဲ့မင်းသမီးကြီးတစ်ယောက်က ထိုင်ခုံကို နှစ်ယောက်စာယူထားပြီးတစ်ယောက်ထဲထိုင်နေပါတယ် သူက အဲ့မင်းသမီးကြီးရဲ့ရှေ့မှာ ခပ်ကုတ်ကုတ် မတ်တပ်လေးရပ်ပြီး တစ်လမ်းလုံးပင်ပန်းစွာလိုက်ပါလာရပေမဲ့ အဲ့မင်းသမီးကြီးကသူ့ဘေးကလူမရှိတဲ့ထိုင်ခုံကိုလုံးဝပေးမထိုင်ခဲ့ပါဘူးတဲ့။

ထိုင်ပါရစေလို့ပြောတာတောင် မျက်နှာထားခပ်တင်းတင်းနဲ့ မရဘူး ဒါငါ့နေရာလို့ပြန်ပြောလိုက်လို့သူ့ခဗျာ ရန်ကုန်မန္တလေးလိုလမ်းမျိုးမှာ တစ်လမ်းလုံး အထုတ်လေးပိုက် မတ်တပ်လေးရပ်ပြီး စီးခဲ့ရတာမျိုးပါတဲ့ သူ့ရဲ့မှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုကို ကျွန်မကိုပြောပြခဲ့ဖူးတယ် အသစ်အသစ်တွေကိုဖေးမတွဲခေါ်မှုမရှိသလောက်ရှားခဲ့တာခုမှမဟုတ်ဘူး ဟိုးအရင်ခေတ်ကတည်းကပါလို့ အတွေ့အကြုံသက်သေနဲ့တကွတင်ပြလိုက်ပါတယ်” လို့သူ့ရဲ့ လူမုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
ပရိသတ်တွေကရော မြန်မာ့အနုပညာလောကကို ဘယ်လိုမျိုးလေး ဖြစ်စေချင်သလဲဆိုတာ ပြောပြခဲ့ပါဦး…ဖတ်ရှုအားပေးကြတဲ့ မိုမိုလေးပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်…
Credit:Myat Su Nyein